ဟိုတယ်တွေမှာလည်း အခန်းကြိုတင်ယူထားမှုတွေရှိပါတယ်။

တန်ဆောင်တိုင်ပိတ်ရက်ကာလမှာလည်း ကမ်းခြေအပန်းဖြေခရီးသွားဖို့ စီစဉ်ထားသူတွေများပြားတယ်လို့ သိရပါတယ်။

သီတင်းကျွတ်ပိတ်ရက်ကာလတုန်းကလိုဘဲ တန်ဆောင်တိုင်ပိတ်ရက်မှာ ကမ်းခြေကို အပန်းဖြေသွားတဲ့သူများတယ်လို့ ကမ်းခြေခရီးသွားဝန်ဆောင်မှုစီစဉ်ပေးနေတဲ့သူတစ်ဦးကပြောပါတယ်။

“ အများကြီးပဲ။ သွားကြတယ်။ အဓိက ငွေဆောင်နဲ့ ချောင်းသာသွားကြတာ။ တန်ဆောင်တိုင်ပိတ်ရက်အတွက်ဆို မနက်ဖြန် မနက်ရန်ကုန်ကကားထွက်မှာပေါ့။ လူနည်းရင်တော့ Express ကားနဲ့ စီစဉ်တဲ့ထဲရတယ်။ များရင်တော့ သီးသန့်အန်စာတုံးကားတွေနဲ့ စီစဉ်ပေးတယ်။ သွားတာတော့သွားပါတယ်”လို့ ဆိုပါတယ်။

ကမ်းခြေခရီးသွားတဲ့သူတွေများပေမယ့် လက်ရှိအချိန်ထိတော့ တန်ဆောင်တိုင်ပိတ်ရက်အတွက် ကမ်းခြေဟိုတယ်တွေမှာ အခန်းလွတ်တွေရှိနေသေးတယ်လို့ သိရပါတယ်။

“ ဧည့်သည်တွေလည်းလာပါတယ်။ အခန်းတွေတော့ကျန်သေးတယ်။ တန်ဆောင်တိုင်ပိတ်ရက်အတွက်ဆို အခန်းစျေးကို 10% discount ချထားပေးတယ်။ ပိတ်ရက်အတွက်လည်း အခန်းကြိုယူထားတဲ့သူတွေရှိတယ်။ သီတင်းကျွတ်လောက်တော့မများဘူး”လို့ ချောင်းသာဟိုတယ်တစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းကျွတ်ပိတ်ရက်ကာလတုန်းကလည်း ကမ်းခြေအပန်းဖြေခရီးသွားပြည်သူတွေများပြားခဲ့ပြီး ပိတ်ရက်မတိုင်ခင်ကတည်းက ဟိုတယ်တွေမှာ အခန်းကြိုတင် ဘွတ်ကင်တင်မှုတွေနဲ့ ပြည့်နေခဲ့ပါတယ်။

ယခုတန်ဆောင်တိုင်မှာလည်း ကမ်းခြေအပန်းဖြေခရီးသွားရောက်မယ့်သူတွေရှိပေမယ့် ဟိုတယ်အခန်းလွတ်တွေတော့ရှိနေသေးတယ်လို့ သိရပါတယ်။ 

ပုံမှန်ကာလတွေမှာဆိုရင်တော့ ဒီလို ပိတ်ရက်တွေမှာ ကမ်းခြေဟိုတယ်တွေအနေနဲ့ ပိတ်ရက်မတိုင်ခင် (၁)ပတ်အလိုလောက်ကတည်းက အခန်းအားလုံးအပြည့်နဲ့ ခရီးသွားပြည်သူတွေစည်ကားခဲ့တာပါ။


Share

Loading Next Article...
က္က