တန်းဆင်းရမယ့်သတင်းတွေကို ဂွါဒီယိုလာ တုံ့ပြန်ခဲ့တာပါ။

မန်စီးတီးနည်းပြ ဂွါဒီယိုလာက အသင်းတန်းဆင်းသွားရင်တောင်မှ မန်စီးတီးမှာပဲ ဆက်ရှိနေမယ့်အကြောင်း အတည်ပြုပြောကြားလိုက်ပါတယ်။ မန်စီးတီးဟာ လက်ရှိမှာ ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ ဘဏ္ဍာရေး စည်းကမ်းတွေကို ချိုးဖောက်ထားတယ်လို့ စွပ်စွဲခံနေရပါတယ်။



ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ပရီးမီးယားလိဂ်က အဲဗာတန်ကို အဆိုပါပြစ်မှုနဲ့ပဲ ရမှတ် (၁၀) မှတ် လျှော့ချခဲ့ပါတယ်။ အဲ့ဒါကြောင့် အဲဗာတန်တို့ အခုချိန်မှာ အမှတ်ပေးဇယားရဲ့ အဆင့် (၁၉) နေရာအထိ ရောက်ရှိသွားခဲ့ပါပြီ။
ဒါ့အပြင် မန်စီးတီး၊ ချဲလ်ဆီးတို့ကိုလည်း ဘဏ္ဍာရေးစည်းကမ်းတွေနဲ့ ပတ်သက်လို့ စွဲချက်တင်ထားကြပါတယ်။ မန်စီးတီးဟာ အမှုပေါင်း (၁၀၀) ကျော်အထိ ရှိနေတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ အဲ့ဒါကြောင့် အမှန်တကယ်သာ မန်စီးတီးတို့ အရေးယူခံရမယ်ဆိုရင် တန်းဆင်းရတဲ့အထိ ဖြစ်နိုင်ကြောင်း သတင်းထွက်ပေါ်လျက်ရှိပါတယ်။ ဒီလိုမျိုးသာဖြစ်ခဲ့ရင် ဂွါဒီယိုလာအပါအဝင် ကြယ်ပွင့်ကစားသမားအများအပြားကို မန်စီးတီးတို့ ဆုံးရှုံးရဖွယ်ရှိပါတယ်။
ဒါပေမယ့် ဂွါဒီယိုလာကတော့ “ကျွန်တော်တို့ မန်စီးတီးအသင်း လိဂ်ဝမ်းအထိ ရောက်သွားရင်တောင်မှ အနာဂတ်အတွက် စဉ်းစားမှာ မဟုတ်ပါဘူး။ ကျွန်တော်က အသင်းမှာပဲ ဆက်ရှိနေမှာပါ။ အဲဗာတန်အကြောင်းကို ကျွန်တော် ပြောမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီကိစ္စကို ကျွန်တော် မသိလို့ပါ”
“ကျွန်တော်တို့နဲ့ အဲဗာတန်ကိစ္စက မတူတဲ့ကိစ္စတစ်ခုပါ။ လူတွေက ကျွန်တော်တို့ တန်းဆင်းရမယ်လို့ ပြောနေတာကို ကြားပါတယ်။ ဒါပေမယ့် ဘယ်သူကသိနိုင်မှာလဲ။ ကျွန်တော်တို့ အပြစ်ရှိတယ်ဆိုရင် အပြစ်ပေးခံရပါမယ်။ ဒါပေမယ့် ကျွန်တော်ကတော့ အသင်းမှာ ဆက်ရှိနေမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က