လူတန်တောင်းကို ဂိုးပြတ်နိုင်ခဲ့တာပါ။

ချဲလ်ဆီးဟာ မနေ့ညက ကစားခဲ့တဲ့ လူတန်တောင်းနဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲမှာတော့ ခြေစွမ်းပြခဲ့ပြီး သုံးဂိုးပြတ်ဆိုတဲ့ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါဟာ ချဲလ်ဆီးအတွက်တော့ ဒီရာသီ ပထမဆုံးနိုင်ပွဲတစ်ပွဲလည်း ဖြစ်ခဲ့ပါတယ်။



ချဲလ်ဆီးဟာ ရာသီအဖွင့်နှစ်ပွဲဆက်တိုက် လီဗာပူး၊ ဝက်စ်ဟမ်းတို့နဲ့ တွေ့ဆုံခဲ့ပြီး တစ်ပွဲမှ အနိုင်မရရှိခဲ့ပါဘူး။ လီဗာပူးကို အိမ်ကွင်းမှာ တစ်ဂိုးစီသရေကျခဲ့သလို ဝက်စ်ဟမ်းကိုလည်း အဝေးကွင်းမှာ ၃-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တာကြောင့် ပိုချက်တီနိုနဲ့ ချဲလ်ဆီးအသင်းသားတွေအတွက် ဖိအားများခဲ့ပါတယ်။

ဒါပေမယ့် အခု တန်းတက်လူတန်တောင်းနဲ့ တွေ့ချိန်မှာတော့ ချဲလ်ဆီးတို့ အိမ်ကွင်းမှာ ဂိုးပြတ်နိုင်ပွဲတစ်ပွဲကို ဖော်ဆောင်နိုင်ခဲ့ပြီး စတာလင်က နှစ်ဂိုးသွင်းကာ ခြေစွမ်းပြနိုင်ခဲ့သလို ဂျက်ဆင်ကလည်း ချဲလ်ဆီးကစားသမားဘဝ ပထမဆုံး သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

ချဲလ်ဆီးက ဒီပွဲမှာ ရော်ဘတ်ဆန်းချက်ဇ်၊ ဒီဆာဆီ၊ သီယာဂိုဆေးလ်ဗား၊ ကိုဝဲလ်၊ ဂတ်စတို၊ ဂယ်လာဂါ၊ ကိုင်စီဒို၊ ချီဝဲလ်၊ စတာလင်၊ အန်ဇိုဖာနန်ဒက်ဇ်၊ နီကိုးလပ်စ်ဂျက်ဆင်တို့နဲ့ ပွဲထွက်ခဲ့ပါတယ်။ ဒီပွဲမှာ ဂတ်စတိုကလည်း ခြေစွမ်းပြနိုင်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပြီး အသင်းရရှိခဲ့တဲ့ သွင်းဂိုးနှစ်ဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဝက်စ်ဟမ်းနဲ့ပွဲမှာ လူစားဝင်ကစားပြီး ပင်နယ်တီပေးရအောင် ကျူးလွန်ခဲ့တဲ့ ကိုင်စီဒိုကလည်း ဒီပွဲမှာ ပုံစံကောင်းပြန်ပြနိုင်ခဲ့ပြီး ချဲလ်ဆီးပရိသတ်တွေနဲ့ နည်းပြ ပိုချက်တီနိုအတွက် ကျေနပ်စရာနိုင်ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ လူတန်တောင်းကတော့ ဒီရာသီ ကစားပြီးခဲ့တဲ့ ပွဲစဉ်နှစ်ပွဲလုံးမှာတော့ ဂိုးပြတ်အရှုံးတွေနဲ့သာ ရင်ဆိုင်ထားရပါတယ်။ 

Share

Loading Next Article...
က္က