မီးမီးမွှေး Production က “စိမ့်စမ်းခ” ဇာတ်လမ်းတွဲသစ်ကိုလည်း ရိုက်ကူးဖို့ ပြင်ဆင်နေပါတယ်။

မြန်မာ့ရုပ်ရှင်လောကဟာ ကိုဗစ်ကပ်ရောဂါ မြန်မာနိုင်ငံကို စတင်ဝင်ရောက်ခဲ့တဲ့ ၂၀၂၀ ခုနှစ် မတ်လလယ်ကစပြီး ယခုအချိန်အထိ ချောချောမွေ့မွေ့ လုပ်ငန်းလည်ပတ်ဖို့ အခွင့်မသာခဲ့ပါဘူး။ 

အခုလို အခြေအနေတွေ ကြားထဲမှာပဲ မီးမီးမွှေး Production က ဇာတ်လမ်းတွဲ ၂ ခုကို ရိုက်ကူးပြီးစီးခဲ့တဲ့အပြင် “စိမ့်စမ်းခ” ဇာတ်လမ်းတွဲသစ်ကိုလည်း ရိုက်ကူးဖို့ ပြင်ဆင်နေပါတယ်။ အမြတ်အစွန်းမျှော်ကိုးလို့မရတဲ့ ဒီလိုကာလမှာ ဇာတ်လမ်းတွဲတွေ ရိုက်ကူးဖြစ်နေတဲ့အကြောင်းကို မီးမီးမွှေး Production မှ ထုတ်လုပ်သူ ကိုမျိုးမျိုးက အခုလိုပဲ ပြောပြခဲ့ပါတယ်။

ဆုံးရှုံးနစ်နာမှုတွေရှိပေမဲ့ လုပ်လက်စတွေကို လက်စသတ်ချင်တယ်

"ဒီကာလမှာ ထုတ်လွှင့်ဖြစ်တဲ့အကြောင်းက တော့ ကျွန်တော်ရိုက်ထားတဲ့ ဇာတ်လမ်းတွဲ (၂) ခုစလုံးက ၂၀၁၉ကတည်းက ရိုက်ကူးပြီးစီးခဲ့တာဆိုတော့ ပြမယ်လို့ လုပ်ထားတာလည်းကြာပြီ။ အဲ့ဒီ့ က နေ မြုပ်နေတဲ့ငွေ တွေ ပြန်လည်စီးဆင်းဖို့ လိုတယ်။ အဲဒီအတွက် ပြသဖြစ်တာပါ။ အခုချိန်မှာတော့ ဆုံးရှုံးနစ်နာမှုကတော့ ရှိတာပေ့ါနော်။ Producer ဘဝ က ဆုပ်လည်းဆူး၊ စားလည်းရူး ဖြစ်နေရတာ။ ရှေ့တိုးရရလည်းခက် နောက်ဆုတ်ရလည်းခက်။ လုပ်ရမှာလည်းမဟုတ်ဘူး။ ထရိုက်ရမှာလည်းမဟုတ်ဘူး။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့လုပ်ထားတဲ့ဟာလေး တွေကို လက်စသတ် ပြီးချင် လို့ ပြန်လုပ်ရတဲ့ သ ဘောပါပဲ"လို့ မီးမီးမွှေး Production က ကိုမျိုးမျိုးက ပြောပြခဲ့ပါတယ်။ 

Channel K မှာ ပြသနေတဲ့ ဂယက်ဆိုင် ဟာသဇာတ်လမ်းတွဲ (ဓာတ်ပုံ - Channel K)

အဘက်ဘက်က နစ်နာဆုံးရှုံးတွေနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ ဇာတ်လမ်းတွဲအတွက်တော့ မျှော်လင့်ချက် တွေ မရှိဘူးလို့လည်း ဆိုပါတယ်။ နှစ်အတော်ကြာ တည်ထားတဲ့ ဇာတ်လမ်းတွဲတွေ ဖြစ်တာကြောင့်လည်း အစကနေ ပြန်စလို့တဲ့ စိတ်နဲ့ ထုတ်လွှင့်ဖို့ စိတ်ကူးခဲ့တာလို့လည်း သိရပါတယ်။ 

"ဘယ်လောက်ထိ မျှော်လင့်ထားလဲ ဆိုတော့ ဘယ်လိုမှ မျှော်လင့်လို့မရတဲ့ အခြေအနေကြီးပါ။ အခုခေတ် အခြေအနေမှာ တခြား Producer တွေ တော့ မသိဘူးပေါ့နော်။ Producer ထဲမှာတော့ ကျွန်တော်က ဂျူနီယာကျပါတယ်။ အခုချိန် ရုပ်ရှင်ရုံတွေကလည်း ဘာမှ မရှိတဲ့ အခြေအ နေမှာ အသစ်တွေက မထွက်လာကြ တော့ဘူး။ အဲ့ဒီ့ အ ခြေအနေမှာ ကိုယ်လည်း မထူးတော့ဘူး။ ကိုယ်လည်းလုပ်ထားတဲ့အရာတွေက ၂၀၁၉ကတည်းက တည်ထားတဲ့အ ရာလေ။အကုန်လုံးဇာတ်တွေက ပြီးသွားပြီ။ မြေစမ်းခရမ်းပျိုး လုပ်လိုက်ကြမယ် ဆိုပြီး ကျွန်တော့် Team နဲ့ ဆွေး နွေးပြီးလုပ်ဖြစ်ခဲ့ကြတာပါ" လို့လည်း ကိုမျိုးမျိုး က ပြောပြခဲ့ပါတယ်။ 

ထုတ်လုပ်သူတွေက ထုတ်လုပ်ပေးမှ ဝင်ငွေရှိကြမှာ

"အခုချိန်မှာ အကုန်လုံးက အလုပ်လေး တွေလည်း ပြန်လုပ်ချင် ကြတယ်လေ။ သူသူကိုယ်ကိုယ် အလုပ်တွေ အကုန်လုံး ပြန်လည်ပတ်ချင်ပြီ။ ဆုံးရှုံးနစ်နာထားတာတွေ များတော့ လူတွေလည်းပူလောင်နေကြတာ။ အလုပ်လုပ်နေမှ လူဘဝရဲ့ ရပ်တည်မှု တစ်ခုရှိမှာလေ။အလုပ်လုပ်မှ ငွေဝင်တာဆိုတော့ ကျွန်တော်တို့ ထုတ်လုပ်သူတွေက ထုတ်လုပ်ပေးမှသာ အောက်ခြေ အစအဆုံးလူတွေ အကုန် ငွေရမှာမို့လို့ အဲဒီစိတ်နဲ့ လုပ်ဖြစ်ခဲ့တာပါ" လို့ ကိုမျိူးမျိုးက ပြောပြခဲ့ပါတယ်။ 

ဓာတ်ပုံ - ညီမလေးတစ်ယောက်ကောက်ရထားသည် FB Page

ရိုက်ကူးဖို့ ပြင်ဆင်နေတဲ့ ဇာတ်လမ်းတွဲသစ် “စိမ့်စမ်းခ”

မီးမီးမွှေး Production ရဲ့ တတိယ မြောက် ဇာတ်လမ်းတွဲ ဖြစ်တဲ့ " စိမ့်စမ်းခ"ဇာတ်လမ်းတွဲ ကို တော့ ရိုက်ကူးဖို့ စီစဉ်နေပြီဖြစ်ပြီး သရုပ်ဆောင် တွေ အ နေနဲ့ က တော့ ရဲရင့်မောင်မောင်၊ နေရှိုင်း၊ ပိုင်စိုးသူ နဲ့ သရုပ်ဆောင်သစ် များစွာ ပါဝင် ထားတဲ့ မေတ္တာဖွဲ့ ဇာတ်လမ်းတွဲ တစ်ခုပဲဖြစ်ပါတယ်။ 

" စိမ့်စမ်းခ က တော့ အခုလက်ရှိ အိမ်တစ်အိမ်မှာ အားလုံးက သောက တွေ ဖြစ်ပေါ် နေတဲ့အိမ်တွေ ရှိတယ်။ မေတ္တာတွေ ပြည့်နှက်နေတဲ့အိမ်တွေ ရှိတယ်။ လူတိုင်းလူတိုင်းက တော့ သာယာချမ်းမြေ့တဲ့ အိမ် လေးကိုပဲ လိုချင်ကြတယ်။ ဒါပေမယ့် ဘဝရဲ့ ကံကြမ္မာ အချိုးအ ကွေ့ တွေ ကြောင့် မ ပျော်ရွှင်ရတဲ့ အခါ ဘယ်လို ဖြေရှင်းကြမလဲဆိုတဲ့နည်းလမ်းတွေကို အဓိက ရိုက်ပြထားတဲ့ဇာတ်လမ်းတွဲ လေးပါ၊ မိကွဲ ဖကွဲ က လေးတွေ နဲ့ မိသားစုအုပ်ထိန်းမှု အောက်မှာ ရှိတဲ့ က လေးတွေရဲ့ အ ကြောင်းတွေကို ဒါရိုက်တာ ထွဋ်တင်ထွဋ်က အဓိက ရိုက်ပြထားတာပါ" လို့ ပြောပြပါတယ်။

" စိမ့်စမ်းခ" ဇာတ်လမ်းတွဲ ကိုတော့ အပိုင်း ၈ ပိုင်းနဲ့ ပြသသွားမှာပဲဖြစ်ပါတယ်။ 

ကိုမျိုးမျိုး (တောင်ကြီး ) က တော့ မီးမီးမွှေး Productionရဲ့ CEO ဖြစ်ပြီး မီးမီးမွှေး Production ကို ၂၀၁၇ ခုနှစ်က စတင်တည်ထောင်ခဲ့တယ်လို့ သိရပါတယ်။ မီးမီးမွှေး Production မှ ထုတ်လုပ်ပြီး လက်ရှိထုတ်လွှင့်ပြသနေတဲ့ ဇာတ်လမ်းတွဲနှစ်ခုက "ဂယက်ဆိုင်" နဲ့ " ညီမ လေးတစ်ယောက် ကောက်ရထားသည်" ဇာတ်လမ်းတွဲများပဲဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က