မန်ချက်စတာယူနိုက်တက်ဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးဆုဖလားကို ကိုင်မြှောက်နိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယနေ့ည ဝင်ဘလေကွင်းမှာ ကာရာဘောင်းဖလားကို အနိုင်ရရှိခဲ့မယ်ဆိုရင် ဆုဖလားကိုင်မြှောက်မယ့်အစီအစဉ်ဟာ ထုတ်ဖော်ခြင်းခံခဲ့ရပါတယ်။

အဲရစ် တန်ဟက်ရဲ့ အသင်းဟာ ယနေ့ည ဝင်ဘလေကွင်းမှာ နယူးကာဆယ်လ် ယူနိုက်တက်အသင်းနဲ့ ကြီးမားတဲ့ တိုက်ပွဲကို ဆင်နွှဲသွားရမှာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးဆုဖလားကို ကိုင်မြှောက်နိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။ ဝိန်း ရူနီဟာ နည်းပြ မော်ရင်ညိုလက်အောက်မှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ နောက်ဆုံးရာသီမှာ လိဂ်ဖလားရော ယူရိုပါလိဂ်ဖလားကိုပါ ကိုင်မြှောက်နိုင်ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းကတည်းက ဆီမီးဖိုင်နယ်ရှုံးပွဲတွေနဲ့ အက်ဖ်အေ၊ ယူရိုပါလိဂ် ဗိုလ်လုပွဲတွေမှာ ချဲလ်ဆီးနဲ့ ဗီလာရီးရဲလ်တို့ကို ရှုံးနိမ့်ခဲ့တာ ဖြစ်ပြီး သရဲနီတွေဟာ ၆ နှစ်နီးပါး ဆုဖလားပျောက်ဆုံးနေမှုကို အဆုံးသတ်ဖို့ အခွင့်အရေးရှိနေတဖြစ်ပါတယ်။ ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်အသင်းသာ အနိုင်ရရှိသူအဖြစ် ထွက်ပေါ်လာခဲ့ရင် ဘယ်သူက ဖလားကိုင်မြှောက်မှာလဲဆိုတဲ့ မေးခွန်းက ရှိနေတာဖြစ်ပြီး ဟာရီ မက်ဂွိုင်းယားဟာ အသင်းခေါင်းဆောင်အဖြစ် ရှိနေသေးပေမယ့်လည်း ယခုရာသီတလျှောက်လုံး အရန်ခုံသာ ထိုင်နေခဲ့ရတာဖြစ်ပြီး ၁၉ ပွဲပါဝင်ကစားပေးခဲ့ရာမှာ ၉၀၄ မိနစ်သာ ကစားခဲ့ရတာဖြစ်ပါတယ်။

ရလဒ်အနေနဲ့ ဘရူနို ဖာနန်ဒက်စ်က အသင်းခေါင်းဆောင်လက်ပတ်ကို ပုံမှန်ဝတ်ဆင်ကစားခဲ့ရပြီး မန်ချက်စတာယူနိုက်တက်အသင်းအတွက် ထူးထူးခြားခြား စွမ်းဆောင်ရည် ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ The Mirror ရဲ့ သတင်းအရ ပေါ်တူဂီကြယ်ပွင့်က ပိုမိုအရေးပါတဲ့အခန်းကဏ္ဍမှာ ပါဝင်ကစားပေးနေတာကို အသိအမှတ်ပြုတဲ့အနေနဲ့ ဟာရီ မက်ဂွိုင်းယားရော ဖာနန်ဒက်စ်ပါ ဝင်ဘလေကွင်းမှာ အနိုင်ရရှိခဲ့မယ်ဆိုရင် လိဂ်ဖလားကို ကိုင်မြှောက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဘရူနို ဖာနန်ဒက်စ်ဟာ ၂၀၂၁ ခုနှစ်နောက်ပိုင်း မန်ချက်စတာယူနိုက်တက်ရဲ့ ပထမဆုံးဗိုလ်လုပွဲကို အသင်းခေါင်းဆောင်အဖြစ် ပါဝင်ကစားပေးသွားဖို့ ပြင်ဆင်နေပြီး မက်ဂွိုင်းယားကတော့ အရန်ခုံမှာပဲ ရှိနေလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။


ယခုရာသီ ကာရာဘောင်းဖလားပြိုင်ပွဲမှာ ဟာရီ မက်ဂွိုင်းယားက ၂ ပွဲသာ ပွဲထွက်ပါဝင်ကစားပေးခဲ့ရပြီး ဘရူနိုဖာနန်ဒက်စ်ကတော့ အနိုင်ရရှိခဲ့တဲ့ ၅ ပွဲစလုံးမှာ ပွဲထွက်ပါဝင်ကစားခွင့် ရရှိခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က