တဂိုးတည်းသွင်းထားပြီးတော့ ကပ်အနိုင်ယူခဲ့တာပါ။

ချန်ပီယံလိဂ်ဝင်ခွင့်တနေရာအတွက် နိုင်ပွဲလိုအပ်နေတဲ့ ယူနိုက်တက်တို့ ခြေစွမ်းမာကျောပြီး ထိတ်လန့်စရာအသင်းဖြစ်လာတဲ့ ဗီလာကို အိမ်ကွင်းမှာ ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ယူနိုက်တက်တို့ အခွင့်အရေးကောင်းတွေ ရခဲ့ပေမယ့် အဆုံးသတ်မသေချာခဲ့တာကြောင့် တဂိုးတည်းနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ 

ဘရူနိုဖာနန်ဒက်စ်ရဲ့ သွင်းဂိုးသာ မရခဲ့ဘူးဆိုရင် တန်ဟက်ဂ်တို့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်တောင် ဖိအားတွေများနေခဲ့ရဦးမှာပါ။ ရက်ရှ်ဖို့ဒ်ကလည်း အပိုင်လုံးတွေကို လက်လွှတ်ခဲ့ရပြီး ဗီလာက ဒီနေ့မှ ခြေပျက်နေခဲ့လို့ သက်သာရာရခဲ့တာပါ။ ဗီလာတို့ ပြီးခဲ့တဲ့ပွဲတွေက ခြေစွမ်းအတိုင်းသာဆိုရ်င် ယူနိုက်တက်တို့ မလွယ်ပါဘူး။ 

တဂိုးရပြီးနောက်မှာ အနိုင်သေချာစေဖို့အတွက် နောက်ထပ်ဂိုးတွေကို ထပ်မသွင်းနိုင်တဲ့ အားနည်းချက်ကို အခုထိ တန်ဟက်ဂ်မပြင်ဆင်နိုင်သေးပါဘူး။ ပြိုင်ဘက်ကသာ ချေပဂီုးသွင်းခဲ့မယ်ဆိုရင် ထုံးစံအတိုင်း အသည်းအသန်လိုက်ကစားရမှာဖြစ်ပြီး ဗီလာက ညံ့နေခဲ့လို့သာ ဂိုးပြန်မပေးခဲ့ရတာပါ။ 

ဒီပွဲအနိုင်ရလဒ်ကြောင့် ယူနိုက်တက်တို့ အဆင့် ၄ နေရာမှာ ဆက်ရှိနေခဲ့ပြီး စပါးကို အမှတ်ထပ်ဖြတ်နိုင်ခဲ့ပါတယ်။ တဖက်မှာ နယူးကာဆယ်ကလည်း ဆောက်သမ်တန်ကို ဦးဆောင်ဂိုးပေးခဲ့ရပေမယ့် ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်သွင်းကာ ဂိုးပြတ်အနိုင်ရခဲ့လို့ ချန်ပီယံလိဂ်ဝင်ခွင့်တနေရာအတွက် သေချာသထက် သေချာလာခဲ့ပြီဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က