မင်းရာဇာက ရပ်ကွက်အတွင်းမှာ လုပ်တဲ့ တရားပွဲမှာ မိသားစုနဲ့အတူ တတ်နိုင်တဲ့ဘက်က အလှူအတန်းလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာလည်း သူ့ရဲ့ ဇနီးချောက ဒုတိယမြောက် ရင်သွေးလေးကို လွယ်ထားရပြီ ဖြစ်ပါ တယ်။
Photo: မင်းရာဇာ
သရုပ်ဆောင်မင်းရာဇာက ရိုက်ကူးရေးအားတဲ့ အချိန်မှာ မိသားစု၊ ပတ်ဝန်းကျင် နဲ့အတူ တရားနာ၊ အလှူအတန်း ကုသိုလ်ရေး တွေ ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ ဒီ့အတွက်လည်း သူ့ရဲ့ ပီတိကို အခုလို ပြောပြလာပါတယ်။
''တတ်နိုင်သလောက်လေးလှူတယ် တရားလေးနာတယ် ပျော်စရာကောင်းတဲ့စတုဒီသာလေးအားပေးခဲ့တယ် ။ ရပ်ကွက်က မိတ် ဆွေတွေအားလုံးနဲ့ ကျွန်တော့်သူငယ်ချင်းတွေအားလုံး လိုအင်ဆန္ဒတွေပြည့်ဝကြပါစေဗျ'' ဆိုပြီးတော့ ဇန်နဝါရီလ ၉ ရက်နေ့ ည ၁၁ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။
Photo: မင်းရာဇာ
သရုပ်ဆောင်မင်းရာဇာ ရဲ့ ဇနီးချော မဖူးငုံပွင့် ကတော့ ဒုတိယမြောက် ရင်သွေးလေး လွယ်ထားရပြီဖြစ်ပါတယ်။ သူတို့ ဇနီးမောင်နှံအနေနဲ့ လက်ရှိမှာ ချစ်စရာကောင်းတဲ့ သမီးလေးကို ပိုင်ဆိုင်ထားတာဖြစ်ပြီး ဒုတိယမြောက်ရင်သွေးကတော့ သားလေး ဖြစ်တဲ့ အကြောင်းကို ပြောပြလာပါတယ်။
'' ညေးတို့ ကိုယ်တွေက ကျားဆိုမှကျားဘဲကွ ဟားဟားဟား'' ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ် ပေါ်မှာ ရေးသားခဲ့ဖူးပါတယ်။ အဲ့ဒီ နောက် ရင်သွေးလေးရဲ့ ဓာတ်မှန်ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကိုလည်း ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့ ပါသေးတယ်။ ပထမ သမီးလေး ကတော့ အခုဆိုရင် အသက် ၄ နှစ်ကျော်ပြီလို့ သိရပါတယ်။
Photo: မင်းရာဇာ
အက်ရှင်မင်းသားချော သရုပ်ဆောင်မင်းရာဇာနဲ့ ဇနီးဖြစ်တဲ့ မဖူးငုံပွင့်တို့ရဲ့ တစ်ဦးတည်းသော သမီးချောလေး သစ်သစ် မင်းရာဇာ ကတော့ သြဂုတ်လ အတွင်းက ၄ နှစ်ပြည့်ခဲ့တာဖြစ်ပါတယ်။ မွေးနေ့ပွဲကိုတော့ သမီးလေးတက်ရောက် ပညာ သင်ကြားနေတဲ့ မူကြိုကျောင်းမှာပဲ ကျင်းပ ပြုလုပ်ခဲ့တာပါ။
Photo: မင်းရာဇာ
အခုလက်ရှိမှာတော့ မင်းရာဇာဟာ မိသားစုကို အချိန်ပေးရင်း ပြည်တွင်း၊ ပြည်ပ ခရီးစဉ်တွေလည်း ထွက်ဖြစ်နေသလို၊ လက်ခံထားတဲ့ ရုပ်ရှင် ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေရတာဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားတွေကနေ တဆင့် ပရိသတ်တွေ စတင်သိရှိလာခဲ့တဲ့ သရုပ်ဆောင် မင်းရာဇာကတော့ အခုချိန်မှာ အောင်မြင်မှုတွေရရှိနေတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။