သူ့ရင်ထဲက စကားသံတွေကို အခုလို ပြောပြလာပါတယ်။

ပိုပိုဟာ စောင့်ရှောက်မှုကင်းမဲ့နေတဲ့ အဘိုး၊ အဘွားတွေကို တရားစခန်း နဲ့ ရိပ်သာတွေမှာ တရားအားထုတ်စေချင်တယ်လို့ ဆိုပါတယ်။ ဘုရား၊ တရားလုပ်ရင်း ကုသိုလ်လေးတွေ ယူစေချင်တဲ့ သူမရဲ့ သဘောထားကို အခုလို ပြောပြလာပါတယ်။

Photo: Po Po

အဆိုတော်မလေး ပိုပိုဟာ သူမရဲ့ စိတ်သဘောထားအရ အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ လူကြီးတွေကို တရားအားထုတ်နိုင်ဖို့အရေး သူ့ရင်ထဲက စကားသံကို ဖွင့်ဟပြောပြလာပါတယ်။

‘’ကျွန်မ မှားတာလဲ ဖြစ်မှာပါ။ ကျွန်မ တွေ့ရသလောက် ပေါ့နော်။ မြန်မာနိုင်ငံမှာ လူတချို့က အသက်ကြီးနေပြီ။ အလုပ်တွေလုပ် ဆင်းရဲပင်ပန်းနေကြရတယ်။ အကယ်လို့ တရားစခန်း ဝင်ပြီး အသေဖြောင့်ဖို့ တရားအားထုတ်ဖို့ အချိန်ရောက်နေပါပြီ။ (ကိုယ့်အိမ်မှာ ကိုယ်မပြုစုရင် ဒုက္ခ ရောက်မဲ့ လူနာ ဒုက္ခိတ မရှိရင် တရားစခန်းမှာ တရားအားထုတ်သင့်ပါပြီ)’’ ဆိုပြီးတော့ ဇွန်လ ၁၃ ရက်နေ့ မနက် ၉ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာဖြစ်ပါတယ်။

Photo: Po Po

ပိုပိုက မေလ ၂၁ ရက်နေ့ကနေ မေလ ၂၉ ရက်နေ့အထိ ၉ ရက်အကြာ စစ်ကိုင်းချောင်မှာ သီလရှင်ဝတ်ရင်း တရားအားထုတ်ခဲ့သူလေးပါ။ ဒါကြောင့်လည်း ဘုရား၊ တရားနဲ့ ပတ်သက်ပြီး သူမ နားလည်ထားတာလေးတွေကို ဝေမျှပြောပြထားတာဖြစ်ပါတယ်။

‘’ငယ်ငယ်ကတော့ သိပ်သနားပြီး ပေးကမ်း စွန့်ကြဲခဲ့ဖူးတယ်။ ဒီ နှစ်ပိုင်းမှာ ကိုယ်တိုင်တရားစခန်းတွေ ဝင်မှ သိနားလည်လာတာ လူတွေက တဏှာတွေ မပြတ်နိုင်သေးကြလို့ လူ့လောက ထဲ နေနေကြတာပဲ။ (မှားတာရှိရင်ခွင့်လွှတ်ပါ)’’လို့ သူကဆိုပါတယ်။

Photo: Po Po

များသောအားဖြင့် စောင့်ရှောက်သူ ကင်းမဲ့နေပြီး လမ်းဘေးမှာတောင်းရမ်းစားသောက်နေရတဲ့ အဘိုး၊ အဘွားတွေကိုလည်း တရားစခန်းဖြစ်ဖြစ်၊ ရိပ်သာဖြစ်ဖြစ် လိုက်ပို့ပေးရင်း ကုသိုလ်ယူစေချင်တယ်လို့ ပိုပိုက ပြောပါတယ်။

‘’တရားစခန်းမှာ ထမင်းလဲ ကျွေးတယ်၊ တရားအားထုတ်ရင် ကုသိုလ်တွေနဲ့ သေသွားမယ်၊ ဘယ်လောက်စိတ်ချမ်းသာစရာကောင်းမလဲ၊ လမ်းမှာ တောင်းစားနေတဲ့ အဘိုးအဘွားတွေတွေရင် တရားစခန်းတို့ တချို့ ဆည်းဆာရိပ်တို့ သန်လျင် သဘာဝစခန်းတို့ကိုသာ ကားငှားပို့လိုက်တာ ကုသိုလ် ပိုရမယ် ထင်တာပါပဲ’’ လို့ ဆိုပါတယ်။

Photo: YH

ပိုပိုက မကြာသေးခင်ကပဲ အသက် ၂၉ နှစ်ပြည့်သွားတာဖြစ်ပါတယ်။သူမကိုတော့ အချစ်သီချင်းတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာခဲ့တာပါ။ ပိုပိုရဲ့ ပထမဆုံးတစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ MasterPiece တစ်ကိုယ်တော်အခွေကို နောက်ဆုံးထွက်ရှိထားပါတယ်။ သူမဟာ မကြာသေးခင်ကတည်း တတိယနှစ် ဥပဒေ စာမေးပွဲကို အောင်မြင်ထားသူ တစ်ယောက်ဖြစ်ပါတယ်။

Share

Loading Next Article...
က္က