ကိုရီးယား အမျိုးသားလုံခြုံရေးအက်ဥပ‌‌‌‌ဒေချိုး‌ဖောက်မှုနဲ့တရားစွဲဆိုခံထားရတာပါ။

TVN ရုပ်သံလိုင်းကနေ လတ်တလော ထုတ်လွှင့်ပြသနေတဲ့ Crash Landing On You ဇာတ်လမ်းတွဲဟာ တောင်ကိုရီးယားနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးအက်ဥပဒေကို ချိုးဖောက်မှုနဲ့ တရားစွဲခံခဲ့ရပါတယ်။ တရားစွဲဆိုမှုနဲ့ပတ်သက်ပြီး အမှုကို လေ့လာ‌မှုတွေ ပြုလုပ်နေကြောင်း တောင်ကိုရီးယားမြို့တော်ရဲတပ်ဖွဲ့က ဇန်နဝါရီလ ၂၂ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

PHOTO - KoreanDrama.org

တောင်ကိုးရီးယားနိုင်ငံ Christian Liberal Party က ဒီဇာတ်လမ်းဟာ  ‌‌မြောက်ကိုရီးယားကို အမွှမ်းတင်‌ရိုက်ကူးထားတာ‌‌‌‌ကြောင့် တောင်ကိုရီးယားနိုင်ငံရဲ့အမျိုးသားလုံခြုံရေးအက်ဥပဒေကို ချိုးဖောက်မှုနဲ့ TVN ရုပ်သံလိုင်းကို ဇန်နဝါရီလ၉ရက်နေ့က တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

"မြောက်ကိုရီးယားဟာ တောင်ကိုရီးယားကိုချိန်ထားတဲ့လက်နက်တွေကို ဘယ်တုန်းကမှ မချခဲ့ဖူးဘူး။ အခု ရန်သူကို အကောင်းအဆိုး သေချာမခွဲခြားနိုင်တဲ့ ရုပ်သံလိုင်းတစ်ခုကြောင့် တောင်ကိုရီးယားပြည်သူတွေကို အထင်အမြင်လွဲမှားမှုတွေ မဖြစ်စေချင်ဘူး" လို့ Christian Liberal Partyက ဇန်နဝါရီလ ၁၀ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ "တောင်ကိုရီးယား အမျိုးသားလုံခြုံရေးအက်ဥပဒေအရ တောင်ကိုရီးယားနိုင်ငံရဲ့ ဖြစ်တည်မှုကို နှောင့်ယှက်တဲ့ ဘယ်လို အဖွဲ့အစည်းကိုမှ အားပေးအားမြှောက် မပြုသင့်သလို ရဲတပ်ဖွဲ့အနေနဲ့ အမြန်ဆုံးစစ်ဆေးပြီး အပြစ်ပေးစေလိုကြောင်း" လည်း ထပ်မံပြောကြားခဲ့ပါတယ်။ 

Photo- SUNRISEREAD

အမျိုးသားလုံခြုံရေးအက်ဥပဒေရဲ့ စာပိုဒ် ၇ အရ နိုင်ငံရဲ့ တရားဥပဒေနဲ့ လုံခြုံရေးကို အနှောင့်အယှက်ပေးတဲ့ လုပ်ဆောင်မှုမျိုးကိုလုပ်တဲ့ မည်သူမဆို ထောင်ဒဏ် ၇နှစ်အထိ ကျခံရနိုင်တယ်လို့ သိရပါတယ်။ မြို့တော်ရဲတပ်ဖွဲ့ကတော့ အခုထိတရားဝင်စစ်ဆေးမှုတွေမလုပ်သေးဘဲ အခြေအနေကို လေ့လာနေတုန်းဖြစ်ပြီး ဇာတ်လမ်းတွေ၊ ရုပ်ရှင်တွေကို NSA ဥပဒေချိုးဖောက်မှု နဲ့ တရားစွဲဆိုတာမျိုးတော့ အရမ်းရှားပါတယ်လို့ ဆိုပါတယ်။ 

PHOTO- COSMOPOLITAN

Crash Landing On You ဇာတ်လမ်းဟာ မြောက်ကိုရီးယားဗိုလ်မှူးတစ်ဦးနဲ့ တောင်ကိုရီးယားနိုင်ငံသူအမျိုးသမီးကြားက ချစ်ခြင်းမေတ္တာကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး လက်ရှိမှာ ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံတွေမှာပါ အားပေးမှု ရရှိနေတာ ဖြစ်ပါတယ်။ 

လက်ရှိမှာတော့ လူနာ တရုတ်နှစ်ကူးပွဲတော်ကြောင့် ဇာတ်လမ်းတွဲ ထုတ်လွှင့်မှုကို ‌ရွှေ့ဆိုင်းထားတယ်လို့လည်း သိရပါတယ်။ 

Share

Loading Next Article...
က္က