ဘာသာရေးနာမည်တွေနဲ့ ဆက်နွယ်သူတွေကပဲ ဂိုးသွင်းခဲ့တာပါ။

ဒီထက်ပိုပြီး စိတ်ဝင်စားစရာကတော့ လာမယ့်ပရီးမီးယားလိဂ်ပွဲမှာ သူတို့ရင်ဆိုင်ရမယ့်အသင်းက ဆောက်သမ်တန်ပါ။


ဒီနှစ်ဘောလုံးရာသီမှာ တူချယ်လ်ရဲ့ ချယ်လ်ဆီးဟာ မာကျောတဲ့ခံစစ်ပိုင်းနဲ့အတူ အနိုင်ရဖို့မလွယ်ကူတဲ့ အသင်းတစ်သင်းအဖြစ် ရှိနေခဲ့ပါတယ်။ အထူးသဖြင့် အရေးပါတဲ့ ပြိုင်ပွဲတွေမှာဆိုရင် သူတို့အသင်းရဲ့ခံစစ်ပိုင်းဟာ ဂိုးသွင်းဖို့အတွက် တော်တော်လေးခက်ခဲနေပြီး ပြိုင်ဘက်တွေအတွက် ဂိုးသွင်းဖို့ထက် ဂိုးပေါက်ကိုမြင်ရဖို့တောင်မလွယ်ကူလှအောင် ချယ်လ်ဆီးရဲ့ ခံစစ်က ကျစ်လစ်ပြီး တောင့်တင်းခိုင်မာနေခဲ့တာဖြစ်ပါတယ်။ 



ဒါကြောင့်လည်း သူတို့က ပရီးမီးယားလိဂ်မှာ ပေးဂိုး ၂ဂိုးတည်းသာ ရှိခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဂျူဗီကို အရေးနိမ့်ခဲ့တဲ့ပွဲမှာမှ ဂိုးပေးခဲ့ရပါတယ်။ ကာရာဘောင်းဖလားပြိုင်ပွဲမှာ ဗီလာကို တစ်ဂိုးပေးခဲ့ရပေမယ့်လည်း အဓိကပြိုင်ပွဲမဟုတ်တဲ့အတွက် ခံစစ်ပိုင်းမှာ အရန်ကစားသမားတွေနဲ့ ဂိုးသမားကီပါတို့ကို ထည့်သွင်းခဲ့တာကို သတိချပ်ရဖို့ရှိနေပါတယ်။ ဒါပေမယ့် ပြိုင်ပွဲကြီးတွေမှာ သူတို့ဂိုးပေးခဲ့ရမှုမှာ ထူးခြားချက်တွေ၊ တိုက်ဆိုင်မှုတွေက ရှိနေပါတယ်။

ပရီးမီးယားလိဂ်မှာ ချယ်လ်ဆီးကို ဂိုးသွင်းခဲ့တဲ့ ကစားသမားတွေက မိုဟာမက်ဆာလာ နဲ့ ဂါဘရီယယ်ဂျီးဆပ်တို့ဖြစ်ပါတယ်။ အဆိုပါကစားသမားတွေရဲ့ နာမည်မှာတော့ ဘာသာရေးဆိုင်ရာအထွဋ်အမြတ်ထားရာ နာမည်တွေပါဝင်နေတာကို သတိပြုမိကြပါလိမ့်မယ်။ ဒါ့အပြင် ချန်ပီယံလိဂ်မှာ သူတို့ကို ဂိုးသွင်းခဲ့တဲ့ ဂျူဗီကစားသမားချီယေဆာရဲ့နာမည်ကလည်း အီတလီမှာဆိုရင်တော့ ဘုရားရှိခိုးကျောင်းနဲ့ ရင်းရင်းနှီးနှီးဆက်နွယ်နေတဲ့နာမည်ဖြစ်ပြီး Church (ဘုရားကျောင်း) ဒါမှမဟုတ် ဘုရားကျောင်းအနီးနားနေထိုင်သူလို့ အဓိပ္ပာယ်ရပါတယ်။

ဒါဟာ တော်တော်လေးကို ထူးခြားတိုက်ဆိုင်နေတာလည်းဖြစ်ပါတယ် ဒီထက်ပိုပြီး စိတ်ဝင်စားစရာကတော့ လာမယ့်ပရီးမီးယားလိဂ်ပွဲမှာ သူတို့ရင်ဆိုင်ရမယ့်အသင်းက ဆောက်သမ်တန်ပါ။ စိန့် (သူတော်စင်များ)လို့ နာမည်ပြောင်ရထားတဲ့ အသင်းဖြစ်ပြီး ချယ်လ်ဆီးအတွက် ရင်ဆိုင်ရခက်မယ့် အသင်းဖြစ်လာမလားဆိုတာ စောင့်ကြည့်ရတော့မှာပါ။ ဒါ့အပြင် ဆောက်သမ်တန်မှာ Che Adam ဆိုတဲ့ နာမည်နဲ့ တိုက်စစ်မှူးရှိနေပြီး Adam ဆိုတာကတော့ ဘုရားသခင်ဖန်ဆင်းခဲ့တယ်ဆိုတဲ့ အာဒံဆိုတဲ့ နာမည်လည်း ဖြစ်နေပါတယ်။

Share

က္က