ကက်စ်မဲရိုးက အက်ဖ်အေဖိုင်နယ်မှာ ဝင်ကစားခွင့်ရမှာ မဟုတ်ပါဘူး။

ယူနိုက်တက်နည်းပြ တန်ဟက်ခ်ဟာ မန်စီးတီးနဲ့ ကစားမယ့် အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ကွင်းလယ်လူ ကက်စ်မဲရိုးကို ချန်လှပ်ဖို့ ပြင်ဆင်ထားတာယ်လို့ သိရှိရပါတယ်။ ကက်စ်မဲရိုးဟာ ယူနိုက်တက်နောက်တန်းရဲ့ ဒဏ်ရာပြဿနာတွေကြောင့် ဗဟိုနောက်ခံလူနေရာကို ဆင်းကစားပေးနေခဲ့တာပါ။



ဒါပေမယ့် နောက်ပိုင်းပွဲတွေမှာ ကက်စ်မဲရိုးက အမှားအယွင်းတွေ ဆက်တိုက်ကျူးလွန်ခဲ့ပါတယ်။ အထူးသဖြင့် ခရစ္စတယ်ပဲလေ့စ်ကို လေးဂိုးပြတ်နဲ့ ရှုံးခဲ့တုန်းက ကက်စ်မဲရိုးရဲ့ အားနည်းချက်ကြောင့် ယူနိုက်တက်တို့ သုံးဂိုးလောက်အထိ ပေးခဲ့ရတာပါ။

အခု လက်ရှိမှာတော့ အက်ဖ်အေဖလားဖိုင်နယ်အတွက် ဗာရန်း၊ လင်ဒီလော့ဖ်၊ မာတီနက်ဇ်တို့ ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝလာဖွယ်ရှိပါတယ်။ အဲ့ဒါကြောင့် တန်ဟက်ခ်ကတော့ ကက်စ်မဲရိုးကို ကွင်းလယ်နေရာမှာတောင် ပြန်မသုံးဘဲ ပွဲထွက်ကစားသမားစာရင်းကနေ ချန်လှပ်ဖွယ်ရှိကြောင်း သတင်းတွေက ဖော်ပြနေတာပါ။

ကွင်းလယ်ခံစစ်နေရာအတွက် အမ်မရာဘတ် ပွဲထွက်လာနိုင်ပြီး မာတီနက်ဇ်နဲ့ ဗာရန်းတို့က ယူနိုက်တက်ရဲ့ ဗဟိုနောက်ခံလူနေရာတွေမှာ ပြန်ကစားနိုင်ဖွယ်ရှိပါတယ်။ ကက်စ်မဲရိုးဟာ ယူနိုက်တက်ရဲ့ ဒီရာသီ ပရီးမီးယားလိဂ် နောက်ဆုံး (၆) ပွဲမှာ ဗဟိုနောက်ခံလူအဖြစ် ပွဲထွက် ကစားခဲ့ရတာပါ။

အဆိုပါ ဘရာဇီးသားကြီးဟာ ရာသီကုန်မှာလည်း အသင်းကနေ ထွက်ခွာဖို့ သေချာသလောက်ရှိနေပါတယ်။ ယူနိုက်တက်ဘက်ကတော့ တန်ဟက်ခ် ဆက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အသင်းရဲ့ ကစားသမားစာရင်းကို အပြောင်းအလဲ ကြီးကြီးမားမား ပြုလုပ်သွားဖို့ ရှိနေပါတယ်။

Share

Loading Next Article...
က္က