နိုင်ငံသွင်းဂိုး ၈၀ ပြည့်မြောက်သွားခဲ့ပြီဖြစ်ပါတယ်။

အသင်းခေါင်းဆောင်အဖြစ် ပါဝင်ကစားခဲ့တဲ့ မက်ဆီဟာ အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး နိုင်ပွဲရအောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။ 


ဒီနေ့မနက်ပိုင်းက ကစားခဲ့တဲ့ တောင်အမေကဇုန်ခြေစစ်ပွဲမှာ အာဂျင်တီးနားအတွက် ဥရုဂွေးဘက်ကို အနိုင်ဂိုးတစ်ဂိုးသွင်းပေးခဲ့ပြီးနောက် မက်ဆီဟာ လက်ရွေးစင်သွင်းဂိုး ၈၀ အထိ သွင်းယူနိုင်တဲ့ ပထမဆုံးတောင်အမေရိကသားဖြစ်လာခဲ့ပါတယ်။ အသင်းခေါင်းဆောင်အဖြစ် ပါဝင်ကစားခဲ့တဲ့ မက်ဆီဟာ အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး နိုင်ပွဲရအောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။ 



ပီလီ၊ မာရာဒိုနာတို့လို တောင်အမေရိကအကျော်အမော်တွေတောင် မစွမ်းဆောင်နိုင်ခဲ့မှုကို မက်ဆီက ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် ဘယ်တောင်အမေရိကကစားသမားထက်မဆို ဂိုးပိုသွင်းနိုင်လည်းဖ
ြစ်လာခဲ့ပြီး သူ့ရဲ့စွမ်းဆောင်ရည်က အံ့မခန်းချီးကျူးဖွယ်ရာဖြစ်လာခဲ့ပြီး လိုက်မီဖို့မလွယ်ကူတော့တဲ့ အနေအထားမှာရှိနေခဲ့ပြီဖြစ်ပါတယ်။ 


ပွဲအပြီးမှာ မက်ဆီကို သမိုင်းဝင်မှတ်တမ်းအတွက် တောင်အမေရိကဘောလုံးအဖွဲ့ချုပ်က ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပါတယ်။ "ကျွန်တော်တို့ပွဲကောင်းတစ်ပွဲကစားခဲ့ပါတယ်၊ အားလုံးအလုပ်ဖြစ်ခဲ့ပြီး ပြိးပြည့်စုံခဲ့တာပါ၊ ဥရုဂွေးက ကျွန်တော်တို့ကို အန္တရာယ်ပေးနိုင်တဲ့အသင်းဖြစ်ပါတယ်၊ ပထမဆုံးဂိုးရပြီးချိန်မှာ ကျွန်တော်တို့ နေရာလွတ်တွေရှာဖွေပြီး ဂိုးတွေထပ်သွင်းနိုင်ခဲ့ပါတယ်" လို့ မက်ဆီက ပြောဆိုခဲ့ပါတယ်။ 

ကိုပါအမေရိကဖလားဆွတ်ခူးပြီးနောက်ပိုင်း အာဂျင်တီးနားက ဆက်တိုက်ခြေစွမ်းပြနေတာလည်းဖြစ်ပါတယ်။ လက်ရှိမှာ ခြေစစ်ပွဲဇယားရဲ့ ထိပ်ဆုံးနေရာက ဘရာဇီးလ်နဲ့ ၆ မှတ်အကွာ ဒုတိယနေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။ တောင်အမေရိကဇုန်မှာတော့ အသင်း ၁၀ သင်းက ခြေစစ်ပွဲဝင်ရောက်ကစားနေပြီး ထိပ်ဆုံးလေးသင်းက ကာတာမှာကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို တိုက်ရိုက်ကစားခွင့်ရမှာဖြစ်ကာ အဆင့်ငါးနေရာကအသင်းကတော့ paly-off အဖြစ် အာရှဇုန်ကအသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။ 

Share

က္က