လူစားလဲလှယ်ခံရချိန်မှာ ရော်နယ်ဒိုက ပြိုင်ဘက်ကစားသမားနဲ့ အချင်းများခဲ့ပါသေးတယ်။

တောင်ကိုရီးယားနဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ လူစားလဲခဲ့ရပြီးနောက် ရော်နယ်ဒိုရဲ့ အပြုအမူတွေကို သူ သဘောမကျဘူးလို့ ပေါ်တူဂီနည်းပြဖာနန်ဒိုဆန်းတို့စ်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။ အသင်းခေါင်းဆောင်လည်းဖြစ်တဲ့ ရော်နယ်ဒိုဟာ လူစားလဲလှယ်ခံရချိန်မှာတော့ တောင်ကိုရီးယားကစားသမားတဦးက သူ့ကို ကွင်းထဲက အမြန်ထွက်ဖို့ ပြောခဲ့လို့ ပြသနာတက်ခဲ့ပါသေးတယ်။

ကွင်းပြင်ထွက်ချိန်မှာလည်း ရော်နယ်ဒိုရဲ့ အမူအယာက ကောင်းမွန်ခြင်းမရှိခဲ့ဘဲ ဖာနန်ဒိုဆန်းတို့စ်အတွက် ကသိကအောက်ဖြစ်စရာအနေအထားရှိခဲ့ပုံရပါတယ်။ ရော်နယ်ဒိုဟာ အရန်ခုံတန်းမှာလည်း မျက်နှာမသာမယာနဲ့ ထိုင်နေခဲ့ပြီး လူစားလဲလှယ်ခံရတဲ့အပေါ်မှာ မကျေမနပ်ဖြစ်နေတယ်လို့ ယူဆခဲ့ရပြီး အခုအခါမှာတော့ နည်းပြဖြစ်သူကပါ သူ့ကို သတိပေးလိုက်တာဖြစ်ပါတယ်။ 

"သူ လူစားလဲခံရမယ့်အချိန်မှာ တောင်ကိုရီးယားကစားသမားနဲ့ စကားများတာကို ကျနော်တ​ွေ့လိုက်တယ်၊ ဟုတ်တယ်၊ အဲဒီပုံစံကို ကျနော်သဘောမကျဘူး၊ တကယ်ကို သဘောမကျတာပါ၊ ဒါပေမယ့်လည်း အခုတ​ော့ အဲဒါတွေက ပြီးသွားပါပြီ၊ ဒီကိစ္စတွေကို တံခါးပိတ်ပြီး ဖြေရှင်းပြီးပါပြီ၊ အားလုံးရှင်းပြီးပါပြီ၊ အခုတော့ အဲဒါတွေကို မေ့ပစ်ထားပြီး အားလုံးက ဆွစ်ဇာလန်နဲ့ပွဲကို အာရုံစိုက်နေကြပါပြီ"

ရော်နယ်ဒိုဟာ ခြေစွမ်းပြသနိုင်ခြင်းမရှိဖြစ်နေခဲ့ပြီး အုပ်စုပွဲတွေမှာ လူစားလဲလှယ်ခံနေရတာလည်းဖြစ်ပါတယ်။ ပွဲချိန်ပြည့်ကစားချင်ကာ ဂိုးသွင်းယူဖို့ကို စိတ်အားထက်သန်လေ့ရှိတဲ့ သူ့အတွက်တော့ အခုလိုမျိုး လူစားလဲလှယ်ခံရတာတွေက မကျေနပ်စရာဖြစ်နေပြီး ဒီပုံစံတွေသာဆက်လုပ်နေမယ်ဆိုရင် ဖာနန်ဒိုဆန်းတို့စ်နဲ့ပါ ထိပ်တိုက်ရင်ဆိုင်လာရဖွယ်ရှိနေပါတယ်။ 

တချို့သတင်းတွေကတော့ ရော်နယ်ဒိုကို ဒီနေ့ပွဲမှာ ပွဲထွက်ခွင့်မပေးတာ၊ အသင်းခေါင်းဆောင်ရာထူးကနေပါ ခဏဖယ်ရှားထားမယ်လို့တောင် ဖော်ပြတာတွေရှိပါတယ်။ အဲဒီသတင်းတွေကတော့ အတည်မပြုနိုင်သေးဘဲ ချဲ့ကားပြောဆိုရေးသားမှုတွေလို့တော့ယူဆရပါတယ်။ 

သူငယ်ချင်းတွေနဲ့ မိသားစုကိုလည်း စိန်ခေါ်ပြီး Celebrate World Cup 2022 Fearlessly with Clear Campaign ကို အတူပါဝင်ဆင်နွှဲလိုက်ပါ။ ကိုယ့်ကျွမ်းကျင်မှုပြသပြီးရင် သူငယ်ချင်းနဲ့ မိသားစုဝင်တွေကို Tag တွဲကာ Hashtag #ClearMyanmar #ClearFearlessWorldCup2022 ကို အသုံးပြုပြီး Post ကို Public ဖြင့် မျှဝေလိုက်ပါ။ ဒီလင့်ခ်လေးကိုနှိပ်ပြီး ဝင်ကစားရုံပါပဲ


Share

Loading Next Article...
က္က