လိုက်ဇစ်နဲ့ပွဲမှာ ဟာလန်းကို သူ ဘာလို့လူစားလဲလှယ်ခဲ့ရတာလဲဆိုတဲ့ အကြောင်းရင်းကို ဂွာဒီယိုလာက ဖွင့်ဟခဲ့ပါတယ်။ ဟာလန်းဟာ တပွဲတည်းမှာ ၅ ဂိုးသွင်းယူထားပြီး နောက်တဂိုးထပ်သွင်းနိုင်ခဲ့မယ်ဆိုရင် ချန်ပိယံလိဂ်သမိုင်းမှာ တပွဲတည်း ၆ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်နိုင်မှာဖြစ်ပေမယ့် လူစားလဲခံခဲ့ရလို့ အဆိုပါအခွင့်အရေး ဆုံးရှုံးခဲ့ရပါတယ်။
လူစားလဲခံရချိန်မှာ ဟာလန်းက သူ double hat-trick ရယူချင်ခဲ့တဲ့အကြောင်း ဂွာဒီယိုလာကို ပြောဆိုခဲ့တယ်ဆိုပြီးတော့လည်း ပြောဆိုခဲ့ပါတယ်။ ပွဲကစားချိန် နာရီဝက်လောက်ကျန်နေသေးချိန်မှာ လူစားလဲခံခဲ့ရတာဖြစ်ပြီး ဘန်လေနဲ့ ကစားရမယ့် အက်ဖ်အေဖလားပွဲအတွက် အနားပေးတာဖြစ်နိုင်တယ်လို့လည်း တချို့ပရိသတ်တွေက ယူဆခဲ့ကြပြီး တချို့ကတော့ မက်ဆီရဲ့ စံချိန်ကို ကျော်ဖြတ်မှာကို ဂွာဒီယိုလာက စိုးရိမ်ပြီး လဲလှယ်ခဲ့တာလို့ ပြောခဲ့ကြပါတယ်။
ဟာလန်းကတော့ အခုဆိုရင် မန်စီးတီးအတွက် ပြိုင်ပွဲစုံ ၃၆ ပွဲမှာ သွင်းဂိုး ၃၉ ဂိုးအထိ ရရှိခဲ့ပြီး ဒါဟာ မန်စီးတီးသမိုင်းမှာလည်း စံချိန်သစ်တခုဖြစ်လာခဲ့ပါတယ်။ မန်စီးတီးအတွက် တရာသီအတွင်းမှာ ဂိုးအများဆုံးသွင်းယူနိုင်တဲ့ ကစားသမားဖြစ်လာခဲ့ပြီး သူ့ရဲ့ အသက် ၂၂ နှစ်အရွယ်မှာပဲ လုပ်ပြနိုင်ခဲ့တာဖြစ်ပါတယ်။
မန်စီးတီးဟာ လာမယ့်ပွဲအဖြစ် ဘန်လေနဲ့ အက်ဖ်အေဖလားကွာတားဖိုင်နယ်ကို ကစားရမှာဖြစ်ပါတယ်။ ဂွာဒီယိုလာရဲ့ တပည့်ဟောင်း ဗင်းဆင့်ကွန်ပနီကိုင်တွယ်နေတဲ့ အသင်းဖြစ်ပြီး ချန်ပီယံရှစ်မှာလည်း အမှတ်ပေးဇယားထိပ်ဆုံးကို ဦးဆောင်နေကာ မန်စီးတီးကို အန္တရာယ်ပေးနိုင်တဲ့ အနေအထားမှာရှိနေပါတယ်။