လီယွန်နယ် မက်ဆီရဲ့သားဖြစ်သူ မက်တီအိုဟာ ပါးစပ်ထဲက ပီကေကို ထုတ်ပြီး လူအုပ်ထဲကို ပစ်ထည့်လိုက်တဲ့အတွက် မိခင်ဖြစ်သူဆီကနေ ဒေါသတကြီး တုံ့ပြန်ခြင်းကို ခံခဲ့ရပါတယ်။
မက်ဆီရဲ့ မိသားစုဟာ သြစတြေးလျအသင်းကို အာဂျင်တီးနားအသင်းက ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်ကို ပွဲကြည့်စင်ကနေ တက်ရောက်ကြည့်ရှုခဲ့ကြတာ ဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းခေါင်းဆောင်က အသင်းအတွက် အဖွင့်ဂိုးကို အလွန်လှပသေသပ်တဲ့ ကန်ချက်နဲ့တူ သွင်းယူပေးခဲ့ပြီး အာဂျင်တီးနားအသင်းကို ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်အောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။
အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးရဲ့ ကန်သွင်းချက်က ဂိုးပိုက်ထဲကို ဝင်သွားခဲ့ပြီးနောက် ကွင်းထဲက ပရိသတ်အုပ်ကြီးဟာ အားပါးတရ အောင်ပွဲခံခဲ့ကြပြီး မက်ဆီရဲ့သားကလည်း ပွဲကြည့်စင်မှာ အားပါးတရ အောင်ပွဲခံခဲ့လို့ မိခင်ဖြစ်သူရဲ့ ဒေါသကို ခံခဲ့ရတာဖြစ်ပါတယ်။ ဗီဒီယိုဖိုင်ထဲမှာ မက်တီအိုဟာ ညစ်ကျယ်ကျယ်ပုံစံနဲ့ ပါးစပ်ထဲက ပီကေကို ထုတ်ယူပြီး လူအုပ်ထဲကို ပစ်ပေါက်လိုက်တာကို မြင်တွေ့ခဲ့ရပါတယ်။
အဲဒီဖြစ်စဉ်ကို မြင်တွေ့လိုက်တဲ့ အန်တိုနီလာ ရိုကုဇိုက ထိုင်နေရာကနေ ထပြီး မတ်တီအိုကို ထိန်းဖို့ ကြိုးပမ်းခဲ့ပြီး အဲဒီလိုမျိုး မလုပ်ဖို့ ဒေါသထွက်နေတဲ့ပုံစံမျိုးနဲ့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ် မက်ဆီလည်း နယ်သာလန်နဲ့ ကစားရမယ့် အာဂျင်တီးနားရဲ့ ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်မှာ သားဖြစ်သူကို ပိုပြီးတော့ တည်ငြိမ်တဲ့ပုံစံနဲ့ မြင်တွေ့ရလိမ့်မယ်လို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။