စက်တင်ဘာ ၅ ရက်နေ့မှာ Huawei ဟာ Honor 8X နဲ့8X Max တို့ကို မိတ်ဆက်သွားတော့မှာပါ။
Photo: My Smart Price
တရားဝင်မိတ်ဆက်ပွဲ မရောက်သေးပေမယ့် Honor 8X ရဲ့ ဒီဇိုင်းနဲ့specs တစ်ချို့တော့ ကြားသိနေရပြီ ဖြစ်ပါတယ်။ မျက်နှာပြင် ၆.၅ လက်မအရွယ် ဒီဖုန်းဟာ FHD+ display နဲ့အတူ 2340 x 1080pixel ရုပ်ထွက် ပါရှိမှာပါ။
ရှေ့ကင်မရာ နေရာမှာ notch သုံးထားပြီး Essential PH-1 နဲ့တစ်ပုံစံတည်း notch အဝိုင်းမျိုး ဖြစ်ပြီး အောက်ခြေမှာ chin အသေးတစ်ခု ပါရှိပါတယ်။
ဒီဇိုင်းပိုင်းမှာတော့ ဒီဖုန်းဟာ Honor စီးရီးတွေထဲမှာ မမြင်ဖူးသေးတဲ့ ဒီဇိုင်းမျိုးနဲ့လာပြီး ကျောဘက်မှာ ထောင်လိုက် dual cameras နဲ့fingerprint scanner တစ်ခု ထည့်သွင်းထားပါတယ်။
ကင်မရာပိုုင်းမှာ 20MP+ 2MP ကင်မရာ နှစ်လုံးတွဲ သုံးထားပြီး ရှေ့ ဘက်မှာ AI အကူနည်းပညာတွေ ပါဝင်တဲ့ 16MP ကင်မရာ ပါရှိမှာပါ။ ဘက်ထရီပိုင်းမှာ 3650 mAh ဘက်ရီ သုံးထားမယ်လို့သတင်းထွက်ထားပြီး fast charging စနစ် ပါမပါ မသိရသေးပါဘူး။
mid-range ဖုန်းဖြစ်တဲ့အတိုင်း Honor 8X ဟာ 2.2GHz octa-core Snapdragon 660 Processor ကို သုံးသွားဖို့ရှိပါတယ်။ မကြာသေးခင်က Huawei ဟာ ဘက်ထရီနဲ့ဖုန်းစွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်မယ့် ကုမ္ပဏီရဲ့ ဂရပ်ဖစ်နည်းပညာသစ်ဖြစ်တဲ့ GPU Turbo နည်းပညာသစ်ကို သုံးလာခဲ့တာကြောင့် Honor 8X မှာလည်း ဒီနည်းပညာပါဝင်လာဖို့ရှိပါတယ်။
မျက်နှာပြင်အကြီးစား ဗားရှင်း Honor 8X Max ကတော့ ၇ လက်မကျော် screen နဲ့5000 mAh ဘက်ထရီ ၊ Kirin 710 processor တွေ သုံးသွားမယ်လို့သတင်းထွက်ထားပါတယ်။ ဖုန်းနှစ်လုံးစလုံးဟာ EMUI 8.1 ပါဝင်တဲ့ Android 8.1 Oreo စနစ် သုံးသွားမှာပါ။ ဈေးကွက်ထဲမှာ ဒီဖုန်းတွေကို အနက် ၊ အပြာ ၊ အနီနဲ့ခရမ်းရောင် ကာလာများနဲ့ထွက်လာဖို့ရှိပါတယ်။
Photo: Android Authority
ဒိဖုန်းတွေရဲ့ ဈေးနှုန်းနဲ့တစ်ခြား နည်းပညာပိုင်း ဆန်းသစ်မှုတွေကတော့ စောင့်ကြည့်ရဦးမှာပါ။