တရာသီကို ဂိုးပေါင်း ၃၀ အထိ သွင်းယူနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တောင်ပံကစားသမားဗင်နီရှပ်ကတော့ ဒီရာသီမှာလည်း အသင်းအတွက် ခြေစွမ်းပြသနေပြန်ပါပြီ။ ဖလာမင်ဂိုကနေ ရီးရဲလ်ကိုရောက်ရှိလာပြီးနောက် လူငယ်အသင်းမှာ ခဏကစားခဲ့ရပေမယ့် သူ့ရဲ့ခြေစွမ်းတွေက လျစ်လျူရှုထားလို့မရတာကြောင့် အသင်းကြီးဆီကို ခေါ်ယူခံခဲ့ရပြီး ဆက်တိုက်ကို ခြေစွမ်းပြသနေကာ အခုဆိုရင် အဓိကကစားသမားအဖြစ်ရပ်တည်နေပြီဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ရာသီကတော့ ဗင်နီရှပ်အတွက် အတောက်ပဆုံးရာသီဖြစ်ပြီး လာလီဂါသွင်းဂိုး ၁၇ ဂိုးနဲ့ အခြားသွင်းဂိုး ၅ ဂိုးအထိရရှိခဲ့ကာ စုစုပေါင်း ၂၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဂိုးဖန်တီးမှုကလည်း ၂၀ ကြိမ်အထိပြုလုပ်ပေးနိုင်ခဲ့ပြီး လာလီဂါဖလားနဲ့ ချန်ပီယံလိဂ်ဖလားကို ရီးရဲလ်မက်ဒရစ်တို့ ဆွတ်ခူးနိုင်ခဲ့မှုမှာ ဗင်နီရှပ်က အဓိကကစားသမားတဦးအဖြစ်န​ဲ့ ပါဝင်နိုင်ခဲ့ပြီး ပရိသတ်အကြိုက်ကစားသမားဖြစ်လာခဲ့ပါတယ်။ 

အတည်မပြုနိုင်တဲ့ သတင်းတွေအရ ဒီရာသီမှာလည်း ဗင်နီရှပ်က ဂိုးပေါင်း ၃၀ အထိ သွင်းယူနိုင်ဖို့အတွက် ကိုယ့်ကိုကိုယ်ကတိပေးထားတယ်လို့ သိရပါတယ်။ လက်ရှိမှာပဲ သူက ၅ ဂိုးအထိ သွင်းယူပေးထားဖြစ်လို့ သူ့ပစ်မှတ်ရဲ့ ၆ပုံ ၁ပုံအထိတော့ သွင်းယူထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဂိုးဖန်တီးမှုကလည်း ၂ ကြိမ်ပြုလုပ်ထားနိုင်ခဲ့ကာ စုစုပေါင်း ၇ ပွဲသာ ကစားပေးထားချိန်မှာ စွမ်းဆောင်ထားနိုင်မှုက တကယ်ကို အထင်ကြီးဖို့ ကောင်းနေခဲ့ပါတယ်။ 

ဘန်ဇီမာနဲ့အတူ ရီးရဲလ်မက်ဒရစ်တိုက်စစ်ကို ဗင်နီရှပ်က ဦးဆောင်နေခဲ့တာဖြစ်ပြီး အသက်အရွယ်နဲ့မလိုက်ဖက်အောင်ကို ကြီးမားတဲ့တာဝန်ကို ရယူပေးထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာလည်း တလုံးတည်းသောသွင်းဂိုးကို သူပဲ သွင်းယူပေးခဲ့တာဖြစ်ပြီး ဗင်နီရှပ်ရဲ့ ဒီရာသီပစ်မှတ်က ဖြစ်လာနိုင်မလား စောင့်ကြည့်ရတော့မှာပါ။ 

အသက် ၂၂ နှစ်အရွယ် ဗင်နီရှပ်ဟာ ဖလာမင်ဂိုလူငယ်အသင်းကနေ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး ၂၀၁၈ မှာ ရီးရဲလ်ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ သူ့အတွက် ယူရို ၄၆ သန်းအထိ ရီးရဲလ်က ပေးချေခဲ့ရပြီး ဘရာဇီးလ်ကစားသမားတွေထဲမှာ နေမာပြီးရင် စျေးအကြီးဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး အသက် ၁၉ နှစ်အောက်ကစားသမားတွေထဲမှာတော့ စျေးအကြီးဆုံးကစားသမားဖြစ်ခဲ့ပါတယ်။ ဘရာဇီးလ်လက်ရွေးစင်အသင်းကြီးမှာလည်း ပုံမှန်ရွေးချယ်ခံနေရပြီလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က