ရီယို ဖာဒီနန်ဟာ ဖာနန်ဒို တောရက်စ်က နီမန်ညာ ဗီဒစ်ကို တွေ့ဆုံယှဉ်ပြိုင်ခဲ့တဲ့အချိန်တိုင်း ညှင်းပန်းနှိပ်စက်ခဲ့တယ်လို့ ပြောကြားခဲ့တဲ့ ဂျေမီ ကာရေဂါရဲ့ ပြောဆိုမှုကို ဆာအဲလက်စ် ဖာဂူဆန်ရဲ့ တုံ့ပြန်မှုကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ကာရေဂါဟာ ယခုလအစောပိုင်းတုန်းက လီဗာပူးလ်နဲ့ အာဆင်နယ်တို့ ၂-၂ သရေကျခဲ့တဲ့ပွဲစဉ်မှာ ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ခံခဲ့ရတဲ့ ဗန်ဒိုက်ဘက်ကနေ ကာကွယ် ပြောဆိုရာမှာ မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဗီဒစ်ထက် အများကြီးပိုကောင်းတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
“ဗန်ဒိုက်က ထိပ်တန်းဗဟိုခံစစ်ကစားသမားဖြစ်ခဲ့တဲ့ ဗီဒစ်ထက် အများကြီး ပိုကောင်းတယ်။ ဒါပေမယ့် ခင်ဗျား တောရက်စ်နဲ့ ရင်ဆိုင်ခဲ့တဲ့ သူ့ရဲ့ စွမ်းဆောင်ရည်ကို မေ့သွားတာလား။ ရီယိုနဲ့ ဂျွန်တယ်ရီတို့က သူတို့ရဲ့ ကစားသမားဘဝမှာ ကစားသမားအားလုံးလိုပဲ ဆိုးရွားတဲ့ရာသီတွေရှိခဲ့ကြတယ်။ ဗန်ဒိုက်လည်း အခု ဆိုးရွားတဲ့ရာသီတစ်ခု ရှိနေတယ်။ ပရီးမီးယားလိဂ်ခေတ်သစ်မှာ ဗန်ဒိုက်လောက် အသင်းအပေါ်မှာ အကျိုးသက်ရောက်မှု ရှိခဲ့ဖူးတဲ့ ဗဟိုခံစစ်ကစားသမားတစ်ယောက်မှ မရှိပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
ဖာဒီနန်က မန်ချက်စတာယူနိုက်တက်အသင်းဖော်ဟောင်း ဗီဒစ်ကို ကာကွယ်ခဲ့ပြီး တောရက်စ်က လီဗာပူးလ်အသင်းမှာ ကစားခဲ့တဲ့ကာလအတွင်း ဆားဘီးယားနောက်ခံလူကို ညှင်းပန်းနှိပ်စက်ခဲ့တယ်ဆိုတဲ့ စကားဟာ ယုံတမ်းပုံပြင်သာဖြစ်တယ်လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ ဖာဒီနန်က ဂျေမီ ကာရေဂါရဲ့ ပြင်းထန်တဲ့ အကဲဖြတ်မှုအပေါ်မှာ မန်ချက်စတာယူနိုက်တက်ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်က ဘာပြောခဲ့လဲဆိုတာကို ထုတ်ဖော် ပြောကြားလိုက်တာဖြစ်ပါတယ်။
“ဂျေမီ ကာရေဂါက တောရက်စ်က ဗီဒစ်ကို တစ်ချိန်လုံး ညှင်းပန်းနှိပ်စက်ခဲ့ပြီး ဗန်ဒိုက်က ပိုကောင်းတယ်ဆိုပြီး ပြောခဲ့တယ်။ အဲဒါကို သဘောတူလား။ ကျွန်တော် ကိန်းဂဏန်းတွေကို ကြည့်လိုက်တော့ တောရက်စ်နဲ့ ၁၅ ကြိမ်ရင်ဆိုင်ကစားခဲ့ရာမှာ ၃ ဂိုးပဲ သွင်းနိုင်ခဲ့တယ်”လို့ ဖာဒီနန်က ဖာဂူဆန်ကို ပြောကြားခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်ဂန္တဝင်နည်းပြကြီးက “အင်း။ သူ ပြောနေတဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြဿနာတစ်ခုက ရှိနေတယ်။ ဗီဒစ်က တောရက်စ် ဂိုးရှေ့ကို ထိုးဖောက်ဖို့ ကြိုးပမ်းတဲ့အခါမှာ ၂ ကြိမ်အထိ လှဲချနိုင်ခဲ့တယ်။ အဲဒီတော့ အဲဒီရှုထောင့်ကနေ ကြည့်မယ်ဆိုရင် သူက နှိပ်စက်ခဲ့ပုံပေါ်ပါတယ်။ ဒုတိယအကြိမ် ထုတ်ပယ်ခံရမှုကတော့ နည်းနည်း မမျှတခဲ့ပါဘူး။ သူက အိုးထရက်ဖို့ဒ်မှာ သူနဲ့ လုံးထွေးခဲ့ပြီးတော့ ထုတ်ပယ်ခံခဲ့ရတယ်။ အဲဒီတော့ ကာရေဂါ ပြောတဲ့ ဗီဒစ်က တောရက်စ်နဲ့ ရင်ဆိုင်ရာမှာ ၂ ကြိမ် ထုတ်ပယ်ခံခဲ့ရတယ်ဆိုတဲ့အချက်က (တစ်ကြိမ်က အိုးထရက်ဖို့ဒ်မှာ၊ တစ်ကြိမ်က အန်းဖီးမှာ) သူကပဲ တောရက်စ်ကို ညှင်းပန်းနှိပ်စက်ခဲ့တယ်လို့ ပြောနေတာပါ။ အထောင်တိုက်စစ်မှူး အားလုံးလိုပဲ တောရက်စ်မှာ အရည်အချင်းရှိပါတယ်။ ဒါပေမယ့် သူက ဗီဒစ်နဲ့ ရင်ဆိုင်ကစားခဲ့ဖူးသမျှထဲက အကောင်းဆုံးအထောင်တိုက်စစ်မှူးလို့တော့ ကျွန်တော် ပြောမှာမဟုတ်ပါဘူး။ အကောင်းဆုံးအထောင်တိုက်စစ်မှူးနဲ့ တော်တော်လေး အလှမ်းကွာပါတယ်။ ဗီဒစ်က သူနဲ့ ရင်ဆိုင်ရာမှာ ထုတ်ပယ်ခံခဲ့ရတာက သူ့ကို ညှင်းပန်းနှိပ်စက်ခဲ့တယ်လို့ ပြောနေတာဖြစ်ပြီး အဲဒီလိုဖြစ်အောင် ရည်ရွယ်ချက် ရှိခဲ့တယ်ဆိုတာ ကျိန်းသေပါတယ်။ ဒါပေမယ့် ခင်ဗျား သိလား။ ဖျက်ထုတ်မှု တစ်ခုကလည်း ခင်ဗျားကို ထုတ်ပယ်ခံရအောင် လုပ်နိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
Share