ဘရိုက်တန်နဲ့ပွဲမှာ အမှားတွေကျူးလွန်ပြီး ခြေစွမ်းမပြနိုင်ခဲ့သူဖြစ်ပါတယ်။

အင်္ဂလန်အသင်းလူစာရင်းကနေ ဖယ်ထုတ်ခံခဲ့ရတဲ့ နောက်ခံလူအလက်ဇန္ဒါအာနိုးလ်ကို ဘရိုက်တန်နဲ့ပွဲမတိုင်ခင်မှာ လီဗာပူးလ်နည်းပြကလော့ပ်က ကမ္ဘာ့အဆင့်ကစားသမားလို့ ချီးကျူးခဲ့ပါတယ်။ သူ့ရဲ့ ကစားသမားဘက်ကနေ ကာကွယ်ပြောဆိုခဲ့တာဖြစ်ပြီး အာနိုးလ်က နောက်ခံကစားသမားကောင်းမဟုတ်ရင် ကစားနိုင်မှာမဟုတ်ဘူးလို့ ကလော့ပ်က ပြောဆိုခဲ့တာပါ။ 

ဒါပေမယ့် သူ ပြောဆိုခဲ့ပြီးနောက်မှာ ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ပွဲမှာတေ့ာ အာနိုးလ်ရဲ့ အမှားကတဆင့် လီဗာပူးလ်တို့ ဘရိုက်တန်ကို ၂ ဂိုးပေးခဲ့ရပြီး အန်ဖီးလ်မှာ ၃ ဂိုးစီသရေဖြစ်ခဲ့လို့ တမှတ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဘရိုက်တန်က အာနိုးလ်ရဲ့ ခံစစ်ပိုင်းကာကွယ်ပုံအမှားတွေကို အခွင့်အရေးယူခဲ့ပြီး ဂိုးတွေသွင်းနိုင်ခဲ့ကာ ထရိုဆာ့ဒ်က ဟက်ထရစ်ရခဲ့ပြီး အိမ်အပြန် အဖိုးတန်သရေတမှတ်ကို သယ်ဆောင်သွားခဲ့ပါတယ်။ 

ဘရိုက်တန်နဲ့ပွဲအပြီးမှာတော့ လီဗာပူးလ်ပရိသတ်တွေကိုယ်တိုင်က အာနိုးလ်ကို ခံစစ်ပိုင်းနေရာမှာ မကစားစေတော့ဖို့ တောင်းဆိုနေကြပြီး ကွင်းလယ်မှာသာ အသုံးပြုဖို့ အကြံပေးခဲ့ကြပါတယ်။ အာနိုးလ်ရဲ့ ခံစစ်ပိုင်းအားနည်းချက်တွေကိုလည်း ပြစ်တင်ဝေဖန်ခဲ့ကြပြီး "ယုံကြည်မှုပျောက်ဆုံးနေတဲ့သူ" ၊ "ပြိုင်ဘက်တွေကို မမြင်ဘဲ သူ့ပခုံးပေါ်ကနေ ကျော်ဖြတ်ခွင့်တွေ ဘယ်နှစ်ကြိမ်လောက်ပေးနေမှာလဲ"၊ "ကလော့ပ်က သူ့ကိုကာကွယ်ပေးထားပေမယ့် နောက်ပွဲမှာ သူ လုပ်သွားတာမြင်လား" စသဖြင့် ပြောဆိုခဲ့ကြတယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။



ဒါ့အပြင် ထရိုဆာ့ဒ်ရဲ့ သွင်းဂိုးတဂိုးမှာလည်း ဖျက်ထုတ်နိုင်ခြင်းမရှိသလို ဧရိယာထဲမှာ ခြေခေါက်ပြီး ဒူးထောက်လဲကျခဲ့ပါသေးတယ်။ အဆိုပါမြင်ကွင်းကလည်း လူမှုကွန်ယက်တွေပေါ်မှာ ပျံ့နှံ့နေခဲ့ပြီး ထရိုဆာ့ဒ်ရဲ့ သွင်းဂိုးကို အနီးကပ်ဒူးထောက်ပြီးကြည့်နေခဲ့တယ်လို့ Troll ခံနေရကာ ယူနိုက်တက်နဲ့ပွဲမှာ ဆန်ချိုရဲ့ သွင်းဂိုးကို လက်နောက်ပစ်ပြီး ကာကွယ်ခဲ့တဲ့ ဗန်ဒိုက်ရဲ့ဖြစ်ရပ်နဲ့ နှိုင်းယှဉ်ပြီး လှောင်ပြောင်မှုတွေလည်း ရှိနေခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ရာသီက လီဗာပူးလ်ရဲ့ အောင်မြင်မှုတွေမှာ အဓိကကစားသမားအဖြစ်ရှိနေခဲ့ပြီး ဖန်တီးမှုအားကောင်းတဲ့ အာနိုးလ်က ဒီရာသီမှာ ဆိုးဆိုးရွားရွားခြေစွမ်းကျဆင်းနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကလော့ပ်ကတော့ သူ့ကိုပုံမှန်အသုံးပြုနေခဲ့ပြီး အခုအခါမှာတော့ အသင်းပရိသတ်တွေကပါ အာနိုးလ်ကို ပွဲထွက်စာရင်းကချန်လှပ်ဖို့ တောင်းဆိုနေပြီဖြစ်ပါတယ်။

Share

Loading Next Article...
က္က