ယာဉ်အစီးရေ(၃၀)ကျော်နဲ့ ပြေးဆွဲပေးမှာပါ။

လက်ရှိမှာ GYCDကုမ္ပဏီက တောင်ဒဂုံကနေ ဒဂုံတက္ကသိုလ်ကိုပြေးဆွဲပေးမယ့် ယာဉ်အားလုံးကို ကုမ္ပဏီပိုင် owner book မှတ်ပုံတင်ပြောင်းရေးဆောင်ရွက်နေပြီး ဆောင်ရွက်ပြီးပါက YRTA နဲ့ စီစဉ်ဆောင်ရွက်ထားတဲ့ အစီအစဉ်တိုင်းပြေးဆွဲဆောင်ရွက်သွားမှာဖြစ်ပါတယ်။ 

တောင်ဒဂုံကနေ ဒဂုံတက္ကသိုလ်ကိုပြေးဆွဲပေးတဲ့ ယာဉ်လိုင်းသီးသန့်မရှိတာကြောင့် ကျောင်းသားကျောင်းသူတွေမှာ လိုင်းကားအဆင့်ဆင့်စီးနေရပြီး ကျောင်းသား၊ကျောင်းသူတွေအနေနဲ့ ကားပေါ်မှာ ခါးပိုက်နှိုက်ခံနေရတာတွေ ကျောင်းသူတွေမှာလည်း နှောက်ယှက်ခံနေရတာတွေရှိတယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားမျာသမဂ္ဂကပြောပါတယ်။ ကျောင်းသားတွေအနေနဲ့ ယာဉ်လိုင်းသီးသန့်ပြေးဆွဲပေးဖို့ကို (၂၀၁၇)ခုနှစ်ကတည်းက တောင်းဆိုခဲ့ပေမယ့် အခုချိန်ထိ တာဝန်ရှိသူတွေဘက်ကဆောင်ရွက်ပေးတာမျိုးမရှိဘူးလို့ဆိုပါတယ်။ ဇန်နဝါရီလ (၂၂)ရက်နေ့ကပြုလုပ်တဲ့ YRTA သတင်းစာရှင်းလင်းပွဲမှာတော့ တောင်ဒဂုံကနေ ဒဂုံတက္ကသိုလ်ကို သီးသန့်ယာဉ်လိုင်းပြေးဆွဲပေးဖို့ စီစဉ်နေပြီလို့ YRTA တွဲဖက်အတွင်းရေးမှူးကပြောပါတယ်။

“လမ်းကြောင်းပြေးဆွဲရေးကို ကျောင်းသားတွေနဲ့ ကျွန်တော်တို့ဆွေးနွေးပါတယ်။ ပြေးဆွဲလိုတဲ့ ကုမ္ပဏီကို ကျွန်တော်တို့က ဖိတ်ခေါ်မယ်ဆိုတော့ သူတို့ဘက်ကတင်ပြတာက ကျောင်းသားတွေဘက်ကပဲ သူတို့ကုမ္ပဏီတစ်ခုကိုကမ်းလှမ်းထားတယ်ပြောတယ်။ သူတို့ ကမ်းလှမ်းတဲ့ ကုမ္ပဏီက GYCD ကုမ္ပဏီကို ကမ်းလှမ်းတယ်လို့ပြောတယ်။ အဲဒီကုမ္ပဏီကို ကျွန်တော်တို့က ပြေးဆွဲလမ်းကြောင်းကိုပြခိုင်းတော့ ယာဉ်အစီးရေ(၃၅)စီးနဲ့ တင်ပြတယ်။ အဲဒီယာဉ်အားလုံးက သူ့ ကုမ္ပဏီပိုင်ယာဉ်တွေမဟုတ်လို့ ကုမ္ပဏီပိုင်ဖြစ်အောင်အရင်လုပ်မှ YRTAဘက်က စဉ်းစားမယ်ဆိုပြီး ပြောခဲ့တာ။ အခုနောက်ဆုံးအဆင့်က ဒီကုမ္ပဏီသည် အဲဒီယာဉ်တွေအားလုံးကို ကုမ္ပဏီပိုင် ဝယ်ယူပြီး အမည်ပေါက်ဆောင်ရွက်ပြီးဖြစ်တယ်။ က.ည.နမှာ owner book မှတ်ပုံတင်ပြောင်းရေးဆက်လက်ဆောင်ရွက်နေတယ်။ ဒါတွေပြီးရင်တော့ ယာဉ်လိုင်းပြေးဆွဲဖို့ အစီအစဉ်တွေတိုင်းဆောင်ရွက်သွားမှာပါ” လို့ YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။

ဒဂုံတက္ကသိုလ်မှာ အဝေးသင်နဲ့ Day တက်ရောက်နေတဲ့ ကျောင်းသားကျောင်းသူ (၇)သောင်းကျော်ရှိပြီး တောင်ဒဂုံကတက်ရောက်နေတဲ့ ကျောင်းသားတွေက တစ်သောင်းကျော်ရှိတယ်လို့ သိရပါတယ်။ တောင်ဒဂုံ- ဒဂုံတက္ကသိုလ် ယာဉ်လိုင်းပြေးဆွဲဖို့ အချိန်ကာလအတိအကျမသိရသေးပေမယ့်လည်း ပြေးဆွဲရင်တော့ ယာဉ်အစီးရေ (၃၀)ကျော်နဲ့ ပြေးဆွဲပေးမှာဖြစ်တယ်လို့ သိရပါတယ်။ 

Share

Loading Next Article...
က္က