သူမအတွက် စိတ်ပျော်ရွှင်မှု တစ်ခုပဲလို့ ပြောပါတယ်။

ရွှေအိမ်စည်ကတော့ COVID-19 ကြောင့် စိတ်ဖိစီးနေမယ့်အစား စိတ်ကို ပျော်ရွှင်အောင်ထားခြင်းက ပိုပြီး အင်အားဖြစ်စေတယ်လို့ ဆိုလာပါတယ်။ 

Photo: Shwe Eain Si



သရုပ်ဆောင် ရွှေအိမ်စည်ကတော့ အနုပညာအလုပ်တွေ ရပ်နားထားရတဲ့ အချိန်မှာ စိတ်အေးချမ်းမယ့် နေရာလေးကို သွားနေချင်တယ်လို့ ဆိုပါတယ်။ COVID-19 ကြောင့် ခရီးသွားဖို့ ခက်ခဲပေမယ့် တောထဲကို ခရီးထွက်ဖို့ များတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“ အိမ်စည်လည်း အိမ်ထဲမှာ နေရင်နေ၊ မနေဘူးဆိုရင်လည်း ပြည်တွင်းခရီးလေး တစ်ခုခုသွားချင်တယ်။ တောတောင် ခရီးလေးတစ်ခုခုသွားပြီး Camp လေးထိုးနေရင် ကောင်းမလားလို့ပေါ့။ ဘာမှလည်း လုပ်စရာမရှိဘူးဆိုတော့လေ ရှာကျန်ပြီး လုပ်စရာရှိတာ လုပ်ရတာပေါ့လေ။ အေးချမ်းတည်ငြိမ်စွာ ဖြတ်သန်းသွားဖို့ အစီအစဉ်ရှိပါတယ်။ တောထဲမှာ Camp လေး ထိုးပြီးတော့ပေါ့" ဆိုပြီးတော့ မတ်လ ၂၈ ရက်နေ့က “ ပဲ့တင်သံ" ဇာတ်လမ်းတွဲ မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။ 

Photo: Shwe Eain Si

ကမ္ဘာတစ်ဝှမ်းမှာဖြစ်ပေါ်နေတဲ့ COVID-19 နဲ့ ပတ်သက်ပြီး အနုပညာရှင်တော်တော်များများက ကျန်းမာရေး အသိပညာပေးတွေကို တစ်ဖက်တစ်လမ်းကနေ ဆောင်ရွက်လာကြတာ တွေ့ရပါတယ်။ ဒီအထဲမှာမှ ရွှေအိမ်စည်ကလည်း အရမ်းစိုးရိမ်မှု မဖြစ်စေဖို့ အခုလို ပြောပြလာခဲ့ပါတယ်။ 

“ ဒီရောဂါကြီးက တကယ်တမ်းတော့ ဖြစ်မယ်ဆိုရင်လည်း အကုန်ဖြစ်လောက်တယ်။ ဒါကြောင့် မဖြစ်ခင်မှာ ပျော်ပျော်ရွှင်ရွှင်လေးနေပါ။ မဖြစ်အောင် ကာကွယ်ရမယ်။ အရမ်းကြီး Psycho ဖောက်နေရင်လည်း ဒီရောဂါက ပျောက်သွားမှာ မဟုတ်ဘူး။ သတင်း တစ်ခုခုက နေမကောင်းဘူးဆိုလိုက်တိုင်း ကိုရိုနာလို့ ထင်ကြတဲ့သူတွေက အများကြီးပါ။ ပုံမှန်ဖြစ်နေကြ အရာတစ်ခုကို ဒီ Topic နဲ့ ထင်ကြေးပေးရင်မကောင်းဘူး။ Psycho ဖောက်တော့ ခုခံအားကျဆင်းတယ်။ အဲဒီအချိန်မှာ ရောဂါပိုးက ဖြစ်လွယ်တယ်။ ဒါကြောင့် Psycho သိပ်မဖောက်ကြပါနဲ့လို့ မှာချင်တယ်” လို့ သူက ဆိုပါတယ်။ 

Photo: Shwe Eain Si

လက်ရှိမှာတော့ မြန်မာနိုင်ငံအတွင်းမှာ COVID-19 ကူးစက်ခံရသူ (၁၅) ရောက်ရှိနေပြီဖြစ်ပါတယ်။ အဆိုပါ ကူးစက်ရောဂါကြောင့် အနုပညာရှင်တွေလည်း ဇာတ်ကား ရိုက်ကူးမှုတွေ နားထားတယ်လို့ သိရပါတယ်။အခုဆိုရင်တော့ ကျန်းမာရေး ဝန်ကြီးဌာန သာမက အနုပညာရှင်တွေကလည်း COVID-19 ကူးစက်ရောဂါ ကာကွယ်ရေးအတွက် တစ်ကိုယ်ရေ သန့်ရှင်းမှုကို အထူး ဂရုစိုက်စေချင်တယ်လို့လည်း အင်တာဗျူးတွေ၊ Social Media တွေမှာ ပြောပြထားပါသေးတယ်။  

Photo: Shwe Eain Si

ရွှေအိမ်စည်ဟာ Miss Supranational 2018 ပြိုင်ပွဲကြီးမှာလည်း မြန်မာနိုင်ငံက ပရိသတ်တွေရဲ့အားပေးမှု သူမရဲ့ ကြိုးစားမှုတွေကြောင့် အခြားသော အလှမယ်တွေကြားထဲမှာ မျက်နှာပွင့်လန်းခဲ့ပါတယ်။ သူမက အခုလက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရပြီဖြစ်ပါတယ်။ အဲဒီနောက် တီဗီကြော်ငြာတွေလည်း ရိုက်ကူးနေရတာကိုတွေ့ရပါတယ်။ ရွှေအိမ်စည်က အခုဆိုရင်တော့ အနုပညာနဲ့ ပတ်သက်ပြီး သရုပ်ဆောင်ဘက်ကို တစိုက်မတ်မတ် ဆောင်ရွက်လုပ်ကိုင်နေတာ တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

က္က