ဒီနေ့တရားစခန်းဝင်ပြီးနောက်နေ့ ပွဲတက်ချင် တက်နေမှာပဲ။

သရုပ်ဆောင် သင်ဇာဝင့်ကျော်က သူ့အတွက် အချိန်ဟာ အရမ်းကို တန်ဖိုးရှိတာကြောင့် ရရှိတဲ့ အချိန်ကာလမှာ လုပ်ချင်တာကို လုပ်သွားမယ်လို့ ဆိုပါတယ်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်က ရရှိတဲ့ အချိန်ကာလထဲမှာ သူမလုပ်ချင်တာအားလုံးကို အကောင်အထည်ဖော်သွားမှာလို့ ဆိုပါတယ်။ တရားစခန်းဝင်ချင်ရင် တရားစခန်းဝင်မှှာ ဖြစ်သလို တရားစခန်းက ပြန်ထွက်လာရင်လည်း အလုပ်ကိစ္စနဲ့ sexy ဆန်ဆန်ဝတ်ပြီး ပွဲတက်ချင်တက်ရမှာပဲလို့ ပြောပါတယ်။



“တရားစခန်းက ပြန်ထွက်လာပြီး sexy ပုံစံတွေ ပြန်ဝတ်တယ်ဆိုတာကလည်း ကိုယ်က အလုပ်ရှုပ်နေတဲ့သူလေ။ အချိန်ရရင်ရသလို ဒီနေ့ပွဲတက်ချင်ရင်တက်မယ် နောက်နေ့ တရားစခန်းဝင်ချင်ရင် ဝင်မယ်။ နောက်နေ့ ခရီးသွားချင်လည်းသွားမယ်။ အချိန်က သင်ဇာအတွက် အရမ်း တန်ဖိုးရှိတယ်။ ရတဲ့ အချိန်မှာ ကိုယ်လုပ်ချင်တာတွေအကုန်လုပ်မှာ။ ဘာလို့လည်း ဆိုတော့ လူဆိုတာ နောက်နေ့ ဘာဖြစ်မလဲမသိဘူးလေ။ ရတဲ့အချိန်မှာ ကိုယ်လုပ်ချင်တာတွေလုပ်ချင်တယ်။ လူဖြစ်ရကျိုးလည်းနပ်ချင်တယ်” လို့ သူမက ဆိုပါတယ်။

၂၀၁၉ခုနှစ် နှစ်အစမှာ တရားစခန်း ဝင်ရတဲ့အတွက်လည်း အရမ်းကို ဝမ်းသာတယ်လို့ ဆိုပါတယ်။

“ဘုန်းဘုန်းက တရားစခန်းဝင်ဖို့ ခေါ်တယ်ပေ့ါနော်။ သင်ဇာလည်း ဝင်ချင်နေတာဆိုတာ ဝင်လိုက်တာပါ။ ဘာပဲပြောပြော နှစ်အစမှာ တရားစခန်းဝင်လိုက်တော့ တစ်နှစ်လုံး ကိုယ့်အတွက် ကောင်းသွားမယ်ဆိုတာ ယုံကြည်လို့ ဝင်လိုက်တာပါ။ တရားစခန်းက အားရင်အားသလို ဝင်ဖြစ်တယ်။ သီလရှင်ကတော့ တစ်ခါပဲ ဝတ်ဖြစ်ပါတယ်” လို့ သူမက ဇန်နဝါရီ(၂၀) ရက်နေ့က ပြုလုပ်တဲ့ ယူနိုက်တက်ဗွီးရှင်းမျက်မှန်ဆိုင်သစ် ဖွင့်ပွဲမှာ မီဒီယာတွေကို ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်ဟာ ဇန်နဝါရီ(၁၀) ရက်နေ့က အောင်ဇဗ္ဗူတောရဘုန်းကြီးကျောင်းမှာ နှစ်ညအိပ် သုံးရက်တိတိ တရားစခန်း ဝင်ခဲ့တာ ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ဟာ ဖက်ရှင်တွေနဲ့ပတ်သက်ပြီး ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ပိုမိုရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ ဖက်ရှင်တွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ များစွာရှိခဲ့ပါတယ်။ ဒါပေမယ့် သူမက ပရိသတ်တွေကို နှစ်သစ်မှာ အရမ်း ဟော့တာတွေ မဝတ်တော့ဘူးဆိုပြီး ကတိပေးထားတာလည်း တွေ့ရပါတယ်။

“သူ့နေရာနဲ့ သူပေါ့နော်. အရမ်းကြီးတော့ မဟော့တော့ဘူး. ၂၀၁၈ မှာ ဟော့ခဲ့သလို အရမ်းကြီး ဟော့ဖို့ အစီအစဉ်တော့ မရှိတော့ပါဘူး. ပြောရမယ်ဆိုရင် ၂၀၁၈ က သင်ဇာ့အတွက် အရမ်းကို ကံကောင်းတဲ့ နှစ် တစ်နှစ်လို့ ပြောလိ့ုရပါတယ်. အလုပ်တွေလည်း အများကြီးလုပ်ရတယ်. ပရိသတ် အသစ်တွေလည်း အများကြီး ထပ်ရတယ်ပေါ့နော်. မချစ်တဲ့ ပရိသတ်တွေလည်း ချစ်လာကြတယ်ဆိုတော့ အရမ်းကိုကောင်းတဲ့နှစ်လို့ သုံးသပ်လို့ရပါတယ်'' လို့ ဒီဇင်ဘာလ ၂၇ ရက်နေ့က Realme C1 Smart Phone မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့ပါတယ်။

သင်ဇာဝင့်ကျော်ဟာ သူမရဲ့ ဖေ့စ်ဘွတ်မှာ ဓာတ်ပုံအလန်းစားလေးတွေကို အမြဲတမ်း တင်ဖြစ်နေသူပါ။ သူမရဲ့ခန္ဓာကိုယ်အလှအပနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ကြားရေပန်းစားနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ဟာ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးဖြစ်နေသလို ပွဲတွေ တော်တော်များများလည်း တက်ရောက်ဖြစ်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က