ဗိုင်းရပ်စ်ကူးစက်နေတဲ့ ‌နေရာနဲ့ မိုင် ၁၅၀ အကွာမှာ ရှိနေပါတယ်။

လက်မောင်းရိုးကျိုး ဒဏ်ရာကို ဆိုးလ်မှာ ခွဲစိတ်ကုသမှာ ဖြစ်ပြီး အရင်ကလည်း ဖြစ်ဖူးလို့ သတ္တုပြားထည့် ထားရသူပါ။

လက်မောင်ခွဲစိတ်ကုသဖို့ မိခင်တောင်ကိုရီးယားနိုင်ငံကို ပြန်ပြီး အနားယူနေတဲ့ ဆွန်ဟောင်မင် အနေနဲ့ ကိုရိုနာဗိုင်းရပ်စ် မဖြစ်နိုင်ဘူးလို့ စပါးအသင်းက ယုံကြည်ထားတဲ့အကြောင်း Daily Mail သတင်းဌာနက ဖော်ပြ လာပါတယ်။



အကြောင်းကတော့ တောင်ကိုရီးယားနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ပြင်းထန်နေတာကြောင့်ဖြစ်သလို ဆွန် ‌ဟောင်မင် နေထိုင်တဲ့ အိမ်နဲ့ဆိုရင်လည်း နိုင်ငံတွင်း ကူးစက်မှု မြင့်မားလျက်ရှိတဲ့ မြို့နှစ်မြို့နဲ့ မိုင် ၁၅၀လောက် သာ ကွာဝေးတာကြောင့်လို့ သိရပါတယ်။

ညာဖက်လက်မောင်း ခွဲစိတ်ကုသမှုကို တောင်ကိုရီးယားနိုင်ငံမှာသာ ပြုလုပ်မှာဖြစ်ပြီး ပြီးခဲ့တဲ့အပတ်က ပြန်သွားတာလို့ သိရပါတယ်။

ဆွန်ကတော့ လက်မောင်းရိုးကျိုး ဒဏ်ရာကို လွန်ခဲ့တဲ့ ၃ နှစ်က ခံစားခဲ့ရဖူးပြီး အဲ့ဒီတုန်းကတော့ လက်မောင်းထဲ ကို သတ္တုပြားထည့်သွင်း ကုသထားရတယ်လို့လည်း သိရပါတယ်။

အခုချိန်မှာလည်း ဆွန်က သူ့ရဲ့ လက်ရှိဒဏ်ရာကို ယခင် ဒဏ်ရာကုသခဲ့စဥ်ကအတိုင်းပဲ ထပ်မံ ကုသချင်နေတာလို့ သိရပါတယ်။

ဒီတစ်ပတ်ထဲမှာ အင်္ဂလန်ကို ပြန်လာမှာ ဖြစ်ပြီး သူ့မှာ ကိုရိုနာဗိုင်းရပ်စ် လက္ခဏာ မရှိဘူးဆိုရင်တော့ တစ်သီတခြားစီ နေစရာမလိုဘူးလိ့လည်း သိရပါတယ်။

ဒီလိုမျိုးဖြစ်စဥ်မျိုးကိုတော့ ယူနိူက်တက်အသင်းမှာ လုပ်‌ဆောင်ခဲ့ပြီး တရုတ်ကလပ်က ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်မှူး အီဂါလိုကို စောင့်ကြည့်ကာလအဖြစ် ထားကာ အသင်းနဲ့ ပူးပေါင်း ချက်ခြင်း လေ့ကျင့်ခွင့် မပေးခဲ့တာပါ။

စပါးအသင်းကတော့ သူတို့ ကစားသမားကို အနားယူဖို့အတွက် ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရလောက်တဲ့အထိ မဖြစ်နိုင်ဘူးလို့မျှော်လင့်ထားကြောင်းလည်း ထုတ်ပြန်ထားတာရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က