အခင်းဖြစ်ပြီး (၇)ရက်အကြာမှာတရားခံကိုဖမ်းဆီးရမိခဲ့တာပါ။

တောင်ဥက္ကလာက ပန်းတိမ် လင်မယား နှစ်ဦး အသတ်ခံရမှုအတွက် ပြစ်မှုကျူးလွန်သူ တရားခံကို ဖမ်းဆီးရမိပြီဖြစ်တယ်လို့ သိရပါတယ်။

ဒီအမှုကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးကနေ တိုက်ရိုက်ကိုင်တွယ်နေတာဖြစ်ပြီး လက်ရှိမှာ တရားခံဖမ်းဆီးရမိပြီဖြစ်ကာ အသေးစိတ်အခြေအနေကိုစစ်ဆေးနေဆဲမို့ မသိရှိရသေးဘူးလို့ ဆိုပါတယ်။  



"တရားခံမိတယ်လို့တော့ အကြမ်းဖျင်းသိရပါတယ်။ အသေးစိတ်တော့မသိရသေးပါဘူး။ တိုင်းရဲတပ်ဖွဲ့က တိုက်ရိုက်ကိုင်တွယ်နေတယ်”လို့ တောင်ဥက္ကလာပမြို့မရဲစခန်းမှ ဒုရဲမှူး ဦးရွှေဌေးကပြောပါတယ်။ တရားခံကို မနေ့က သြဂုတ်လ ၆ ရက်နေ့က ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး အခင်းဖြစ်ပွါးပြီး ၇ ရက်မြောက်နေ့မှာ ဖမ်းဆီးရမိခဲ့တာပါ။

ပန်းထိမ် လင်မယားနှစ်ဦးဟာ ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့ ညပိုင်းက တောင်ဥက္ကလာပမြို့နယ်၊အမှတ် ၇ရပ်ကွက် ၆လမ်းရှိ ကန်ထရိုက်တိုက် ၅လွှာမှာ  အသတ်ခံခဲ့ရတာဖြစ်ပါတယ်။ အသတ်ခံရစဉ် အမျိုးသားခန္ဓာကိုယ်မှာ ဓား ဒဏ်ရာ အချက်၂၀ လောက်တွေ့ရှိခဲ့ရတယ်လို့သိရပါတယ်။




Share

Loading Next Article...
က္က