လူနာနှစ်ဦးရဲ့ ဖခင်ဟာ တရားဟောဆရာဒေးဗစ်လားနဲ့ ထိတွေ့မှုရှိခဲ့သူဖြစ်ပါတယ်။

အသက် ၁၉ နှစ်နဲ့ အသက် ၁၅ နှစ်အရွယ်များဖြစ်တဲ့ လူနာအမှတ် ၁၄၈ နဲ့ ၁၄၉ တို့မှာ ဖခင်ဖြစ်သူ လူနာအမှတ် ၁၂၈ က တဆင့် ကူးစက်ခံရသူတွေ ဖြစ်ပြီး ဖခင်ဟာ တရားဟောဆရာဒေးဗစ်လားတို့ရဲ့ တရားပွဲကို နှစ်ကြိမ်တက်ရောက်ဖူးသူဖြစ်တယ်လို့ သိရပါတယ်။

သူတို့မိသားစုဟာ တောင်ဥက္ကလာပမြို့နယ်၊ ၁၅ ရပ်ကွက်၊ဇီဇဝါ အိမ်ယာမှာနေထိုင်သူတွေ ဖြစ်ပါတယ်။ဖခင်ဖြစ်သူ လူနာအမှတ် ၁၂၈ ကတော့ ဧပြီ ၂၃ ရက်မှာ ရောဂါပိုးတွေ့ရှိခဲ့ပြီး ဖခင်နဲ့ အနီးကပ်ထိတွေ့ခဲ့သူ သားနှစ်ဦးကိုတော့ ဧပြီလ ၂၈ ရက်မှာရောဂါပိုးတွေ့ရှိခဲ့တာပါ။



“ သူတို့အဖေ (လူနာအမှတ် ၁၂၈) က တရားဟောဆရာ ဒေးဗစ်လားတို့နဲ့ ဆက်စပ်သူတွေဖြစ်တယ်။ ဘုရားကျောင်းလည်း တက်ဖူးတယ်။ တေးဂီတဖျော်ဖြေပွဲတစ်ခုလည်း သွားဖူးတယ်လို့သိရပါတယ်။ သူ့အဖေမှာ အရင်ဆုံးပိုးတွေ့ပြီး အခု အနီးကပ်နေတဲ့ သားနှစ်ယောက်ကို ကူးစက်တာပါ” လို့ တောင်ဥက္ကလာပမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်က Duwun ကိုပြောပါတယ်။


Photo- တောင်ဥက္ကလာပမြို့နယ်၊ ၁၅ ရပ်ကွက်က ဇီဇဝါ ဥယျာဉ်အိမ်ယာ

လက်ရှိတောင်ဥက္ကလာပမြို့နယ်မှာ COVID-19 အတည်ပြုလူနာ ၁၄ ဦးရှိတဲ့အနက် ၁၂ ဦးမှာတော့ ဒေးဗစ်လားတို့နဲ့ ဆက်စပ်ပြီး ကူးစက်ခံရသူတွေ ဖြစ်ပါတယ်။ လူနာအများဆုံး တွေ့ရှိခဲ့တဲ့ တောင်ဥက္ကလာပမြို့နယ်၊ ၁၅ ရပ်ကွက်က ဇီဇဝါ ဥယျာဉ်အိမ်ယာကိုလည်း အိမ်ယာတစ်ခုလုံးကို Lock Down လုပ်ထားပြီး အိမ်ယာဝင်းအတွင်း နေထိုင်သူအားလုံးကို အသွားအလာကန့်သတ်စောင့်ကြည့်ထားတာဖြစ်ပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံမှာ ဧပြီလ ၂၉ ရက် မနက် ၇ နာရီ ထုတ်ပြန်ချက်အရ ပိုးတွေ့လူနာ ၁၅၀ ဦးအထိရှိလာပြီး ၇၀ နီးပါးဟာ အင်းစိန်ဘာသာရေးပွဲ၊ တရားဟောဆရာဒေးဗစ်လားတို့ကတဆင့် ကူးစက်ခံထားရတာဖြစ်တယ်လို့လည်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနအချက်အလက်တွေအရသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က