Pouvoir 4 Pro မှာ၇လက်မ မျက်နှာပြင် နှင့် AI ကင်မရာများ အသုံးပြုထားပြီး ၄ရက်အထိ ကြာရှည်အသုံးခံသော ဘက္ထရီပါဝင်ပါတယ်။

TECNO Mobile ဟာ နာမည်ကြီး Pouvoir မျိုးဆက်သစ် စမတ်ဖုန်းတစ်လုံးကို စတင် မိတ်ဆက်လိုက်ပါတယ်။ ကမ္ဘာ့အသိအမှတ်ပြု မိုဘိုင်းဖုန်း အမှတ်တံဆိပ်ဖြစ်သော TECNO ကနေပြီး တစ်ကြိမ်အားသွင်းရုံဖြင့် လေးရက်ကြာ အသုံးပြုနိုင်သော 6000mAh ဘက္ထရီ ပါဝင်သည့် Pouvoir 4 Pro ကို မိတ်ဆက်လိုက်တာပါ။ 

ကျောဘက်မှာ 16MP AI Quad camera နှင့် 5MP+2MP+AI lens ပါဝင်ပြီး , အရှေ့ဘက်မှာ flash မီးနှစ်လုံး အထောက်အပံ့ပေးထားသော 16MP camera ပါဝင်ပါတယ်။ 7-inch HD+ Drop Display ကြောင့် Pouvoir 4 Pro ဟာ Entertainment အတွက် ဖြစ်စေ၊ ဂိမ်းဆော့ရန်အတွက် ဖြစ်စေ အသင့်တော်ဆုံး ဖုန်းတစ်လုံးဖြစ်လာနိုင်ဖွယ် ရှိတယ်လို့ သုံးသပ်ရပါတယ်။ Android Q ပေါ်မှာ TECNO ရဲ့ HI OS 6.0 အသုံးပြုထားတဲ့ Pouvoir 4 Proဟာ မြန်မာနိုင်ငံဈေးကွက်အတွင်းသို့ မကြာမီ ရောက်ရှိလာပါတော့မှာဖြစ်ပြီး ဈေးနှုန်း ၂၂၉,၀၀၀ ကျပ်ဖြင့်ရောင်းချသွားမှာ ဖြစ်ပါတယ်။

ယခင်ဖုန်းများထက် ပိုမို ပေါ့ပါးပါးလွှာတဲ့ Premium glossy ဒီဇိုင်းဖြင့် ဖန်တီးထားသော Pouvoir 4 Proတွင် Face Unlock, Fingerprint Sensorတို့လည်း ပါဝင်တာကြောင့် လုံခြုရေး ပိုမိုကောင်းမွန်ပါတယ်။ ဘေးဘက်မှာ Virtual Google Assistant ခလုတ်တစ်ခု ပါဝင်ခြင်းကလည်း Google Assistant ကို အချိန် နေရာမရွေး လက်တစ်ကမ်းမှာရှိစေပါတယ်။

Integrated Entertainment Product ဖြစ်တာနှင့်အညီ Pouvoir 4 Pro ကို အကောင်းဆုံးသော entertainment အတွေ့အကြုံအတွက် 7- inch မျက်နှာပြင်နှင့် 90.55% screen ratio ဖြင့် ထုတ်လုပ်ထားတာကိုလည်း တွေ့ရပါတယ်။ ထိုကျယ်ပြန့်တဲ့ မျက်နှာပြင်နှင့် လိုက်ဖက်စွာ အသံကို တိကျပြတ်သားစွာ နားဆင်နိုင်မည့် dual speakers ကိုလည်း ထည့်သွင်းပေးထားပါသေးတယ်။

 Pouvoir 4 Pro နဲ့ပတ်သက်ပြီး Jason Wong [Country Manager of TECNO Mobile Myanmar] က             " ပြည်တွင်းဈေးကွက်အတွင်းရှိ TECNO ချစ်ပရိသတ်များက ဗီဒီယိုတွေ အချိန်ကြာကြာ ကြည့်ကြတယ် ပြီးတော့ ဂိမ်းကောင်းကောင်း ဆော့နိုင်မယ့် Smartphone ကို အလိုရှိကြတာကို သိရပါတယ်။ ဒါကြောင့် နောက်ဆုံးပေါ်နည်းပညာရော AI technology များပါ အသုံးပြုထားသည့် Pouvoir 4ကို အသစ်အဆန်းကြိုက်ကြသည့် ပြည်တွင်း ဝယ်ယူသူများက နှစ်ခြိုက်ကြလိမ့်မည် လို့ ကျွန်တော် ယုံကြည်ချက်ရှိပါတယ်။ တာရှည်ခံသော ဘက္ထရီ၊ အကောင်းမွန်ဆုံးသော Memory နှင့် Processor ကြောင့် အထစ်အငေါ့မရှိတဲ့ Smooth Mobile Experience ကို ရရှိမှာလည်း ဖြစ်ပါတယ်။ အသင့်တော်ဆုံး ဈေးနှုန်းကြောင့် အသုံးပြုသူများကို ပေးရတဲ့ဈေးထက် ပိုမိုထိုက်တန်သော အတွေ့အကြုံသစ်ကို ခံစားရစေမှာပါ” လို့ ပြောကြားထားပါတယ်။

Pouvoir 4 Pro မှာ 128GB +6GB Memory အသုံးပြုထားတာကြောင့် ဂိမ်းဆော့ရာမှာ အထစ်အငေါ့ ကင်းရှင်းစေမှာပါ။ ဂိမ်းကစားရာမှာ Fire key အဖြစ်အသုံးပြုနိုင်သော Magic Button တစ်ခုလည်း ပါဝင်ပါတယ်။ PUBG ကစားသူများ အတွက် High quality PUBG game experience ရရှိစေပြီး ပါဝါ ၅၀ရာခိုင်နှုန်း သက်သာစေမယ့် Screen Off Gaming Mode လည်း ပါဝင်မှာဖြစ်ပါတယ်။

 Camera အနေအဖြင့်လည်း အရှေ့ရော အနောက်ပါ အကောင်းမွန်ဆုံး ကင်မရာများကို အသုံးပြုထားပြီး အလိုအလျာက် low light ဗီဒီယိုများကိုပို လင်းစေမည့် Low Light Video Record Mode လည်း ပါဝင်ပါတယ်။

Android Q ရဲ့ customized version ဖြစ်တဲ့ HiOS ကို အသုံးပြုထားပြီး Ice Jadeite, Misty Grey and Fascinating Purple အရောင်သုံးမျိုး ရွေးချယ်ဝယ်ယူနိုင်မှာပါ။

အသေးစိတ်အချက်အလက်တွေ ပိုမိုသိရှိလိုရင် https://www.tecno-mobile.com/mm/home/#/ မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

(ဒီဆောင်းပါးကို TECNO Mobile မှပံ့ပိုးကူညီထားပါတယ်)

Share

Loading Next Article...
က္က