တန်ဖိုးသင့်ဖုန်း အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Tecno ရဲ့ ပထမဆုံး 5G ဖုန်း ထွက်လာတော့မယ်လို့ သတင်းတွေ ကြားနေရပါတယ်။
Tecno ဟာ budget နဲ့ Mid-range မော်ဒယ်တွေ အဓိက ထုတ်လုပ်တဲ့ စမတ်ဖုန်းကုမ္ပဏီဖြစ်ပြီး အာဖရိကဈေးကွက်မှာ ထိုးဖောက်နာမည်ပေါက်နေတဲ့ Brand တစ်ခုဖြစ်ပါတယ်။ Tecno ရဲ့ ပထမဆုံး 5G ဖုန်း Tecno Pova 5G ဟာ တန်ဖိုးသင့် 5G ဖုန်းဈေးကွက်အတွက် ရွေးချယ်စရာတစ်ခုဖြစ်လာနိုင်ပါတယ်။
Photo: droidafrica
ဒီဖုန်းမှာ ပါမယ့် အဓိက Specs တချို့နဲ့ Render ဒီဇိုင်းကို Tech Arena24 ဆိုတဲ့ YouTuber က ပြန် Share ထားပါတယ်။ Render ပုံအရ Tecno Pova 5G ဟာ Punch-Hole ဒီဇိုင်းနဲ့လာပြီး FHD+ Display ၊ ကျောဘက်သုံးလုံးတွဲကင်မရာ ၊ MediaTek Dimensity 900 Chipset နဲ့ 6000mAh အကြီးစား ဘက်ထရီသုံးလာမယ်လို့ ဆိုပါတယ်။
Screen Size ၆.၉ လက်မဖြစ်ပြီး IPS LCD Screen အမျိုးအစား သုံးသွားမှာပါ။ Tecno ရဲ့ ပထမဆုံး 5G ဖုန်းမှာ RAM 8GB/128GB storage built-in ပါရှိပြီး အားသွင်းမှုကိုတော့ 18W fast charging ပံ့ပိုးသွားမယ်လို့ ဆိုပါတယ်။ ညာဘက်ခြမ်း ပါဝါခလုတ်ထဲမှာ Fingerprint Scanner တပ်ဆင်သွားမှာ ဖြစ်ပြီး ကျောဘက်မှာ 50MP Main sensor သုံးလာဖို့ ရှိပါတယ်။
Render ပုံမှာ အနက်ရောင် Aether Black Edition ပြထားပြီး တခြားအရောင်တွေလည်း ထွက်လာနိုင်ပါတယ်။ Androdi 11 OS စနစ်နဲ့ လာပြီး Headphone Jack ၊ Type-C port နဲ့ 5G ချိတ်ဆက်မှုတွေ ပါလာမှာပါ။ ဈေးနှုန်း ဒေါ်လာ ၂၈၀ နဲ့ ၃၀၀ အကြား (မြန်မာငွေ ၅ သိန်းခွဲဝန်းကျင်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ခန့်မှန်းထားပါတယ်။