Telenor ဘက်မှ တောင်းပန်ထားပါတယ်။

ဆယ်ရက်အတွင်း Telenro Broadband ဝန်ဆောင်မှုအပေါ် တိုင်ကြားစာ ၃၃၈ စောင်အထိ ရရှိထားတယ်လို့ စားသုံးသူရေးရာ ဦးစီးဌာနမှ ဇန်နဝါရီ ၁၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

  

       ၂၀၁၉ ဇန်နဝါရီလ ၈ ရက်နေ့ကစပြီး Telenor Braodband ဝန်ဆောင်မှုနဲ့ပတ်သက်ပြီး ရရှိတဲ့ တိုင်ကြားမှုစာရင်းကို စားသုံးသူရေးရာ ဦးစီးဌာနမှ သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒီကြေညာချက်ထဲမှာ စားသုံးသူရေးရာဦးစီးဌာန (နေပြည်တော် ရုံးချုပ်)မှ Telenor Myanmar Limited ရဲ့ တာဝန်ရှိသူများကို ခေါ်ယူတွေ့ဆုံသွားမယ်လို့လည်း ဖော်ပြထားပါတယ်။

         Telenor Broadband ဝန်ဆောင်မှုကို ၂၀၁၈ ဇူလိုင်ထဲမှာ စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပြီး ဝန်ဆောင်မှုစတင်ချိန်မှာ 5Mbps မြန်နှုန်းနဲ့Unlimited data သုံးစွဲခွင့်ကို ရက် ၉၀ အတွက် ၇၅၀၀၀ ကျပ် ၊ သက်တမ်းတိုးခြင်း ရက်၉၀ အတွက် ၇၀၀၀၀ ကျပ်နဲ့ကောက်ခံခဲ့တာပါ။ ဝန်ဆောင်မှု စတင်ပြီး ၃ လခန့်အကြာ အောက်တိုဘာလထဲမှာတော့ Unlimite Data ကနေ တစ်နေ့ကို 10GB data နှုန်းထားနဲ့ကန့်သတ်ခဲ့တာ ဖြစ်ပါတယ်။

         10GB Data Quota နှုန်းနဲ့မိတ်ဆက်ချိန်မှာ 5Mbps မြန်နှုန်းနဲ့သုံးခွင့်ပေးခဲ့ပြီး သက်တမ်းတိုးချိန်မှာ 512 kbps နှုန်းနဲ့သာ သုံးခွင့်ရမယ်လို့ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။ ဇန်နဝါရီ ၈ ရက်နေ့မှာတော့ ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်မှ တစ်ဆင့် ရက် ၃၀ အတွက် 111GB data ကို 5Mbps နှုန်းနဲ့ပဲ ရမှာ ဖြစ်ပြီး ရက် ၃၀ အတွင်း 111GB Data ပမာဏ ကျော်ပါက 512kbps မြန်နှုန်းနဲ့ပဲ ရက် ၃၀ ပြည့်ချိန်အထိ သုံးခွင့်ရမယ်ဆိုတဲ့ အပေါ် ဝန်ဆောင်မှု သုံးစွဲသူများမှ စောဒကတက်ခဲ့တာ ဖြစ်ပါတယ်။

         Telenor ဟာ ဇန်နဝါရီ ၁၆ ရက်နေ့က ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်ကနေ သုံးစွဲသူများကို တရားဝင်တောင်းပန်ခဲ့ပြီး ဝန်ဆောင်မှု သက်တမ်းတိုးသည့်အခါမှာ အခမဲ့ဒေတာ 50GB လက်ဆောင်တစ်ကြိမ်ပေးသွားမယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ ဒီဖြစ်ရပ်အပေါ် စားသုံးသူရေးရာဦးစီးဌာနက Telenor တာဝန်ရှိသူများနဲ့လာမယ့်အပတ်မှာ ဆွေးနွေးညှိနှိုင်းသွားမယ်လို့ဆိုပါတယ်။ 

Share

Loading Next Article...
က္က