အောက်တိုဘာ ၁ ရက်နဲ့ စက်တင်ဘာ ၁၅ ရက်တွေကစပြီး တာဝန်ထမ်းဆောင်သွားမှာပါ

မြန်မာနိုင်ငံအတွင်း ဒစ်ဂျစ်တယ်တိုးတက်မှုကို ဦးဆောင်နိုင်ဖို့ အမှုဆောင်အရာရှိသစ် ၃ ဦး ခန့်အပ်လိုက်တယ်လို့ Telenor Myanmar က ထုတ်ပြန်ပါတယ်။

           Telenor ကုမ္ပဏီရဲ့ စီးပွားရေးတွေကို ဦးဆောင်ဖို့ စီမံခန့်ခွဲမှုဘက်ဆိုင်ရာ ခေါင်းဆောင်သစ်နှစ်ဦးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ အမှု‌ဆောင်အရာရှိချုပ်အသစ်တို့ကို ခန့်အပ်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။




Photo: trtworld


           "ကျွန်တော်တို့ရဲ့ စီးပွားရေးဆိုင်ရာ ကြိုးပမ်းမှုတွေကို အနာဂါတ်အထိ ယူဆောင်သွားနိုင်ဖို့ စီမံခန့်ခွဲမှုအဖွဲ့ဝင်သစ် နှစ်ဦးအဖြစ် Dheeraj Singh နဲ့ Sudhansu Kumar Sinha တို့ကို ခန့်အပ်ကြောင်း ဝမ်းမြောက်စွာ ကြေညာချင်ပါတယ်။" လို့ Telenor Myanmar ရဲ့ အမှု‌ဆောင်အရာရှိချုပ် Jon Omund Revhaug က ပြောပါတယ်။ Dheeraj Singh နဲ့ Sudhansu Kumar Sinha တို့ဟာ အရောင်းနဲ့ ဖြန့်ချိရေးဌာန အရာရှိချုပ်နဲ့ ဗဟိုဈေးကွက်ရှာဖွေရေးဌာန အရာရှိချုပ်တွေအဖြစ် စက်တင်ဘာ ၁၅ ရက်နေ့ကစပြီး ဦးဆောင်သွားမယ်လို့ ဆိုပါတယ်။

           Telenor Myanmar အတွက် လူ့စွမ်းအားအရင်းအမြစ် အရာရှိချုပ်အသစ်အဖြစ် လူ့စွမ်းအားအရင်းအမြစ် လုပ်ငန်းများ ၊ ဝန်ထမ်းများနှင့် ဆက်ဆံပြန်ကြားခြင်း နဲ့ ဝန်ထမ်းအတွေ့အကြုံကို ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုပိုင်းမှာ ၁၀ နှစ်ကျော် အတွေ့အကြုံရှိတဲ့ ဒေါ်အေးမြသန္တာကို ခန့်အပ်လိုက်တာ ဖြစ်ပြီး လာမယ့် အောက်တိုဘာ ၁ ရက်နေ့မှာ လူ့စွမ်းအား အရင်းအမြစ်ဆိုင်ရာ အရာရှိချုပ်သစ်အဖြစ် စတင် တာဝန်ထမ်းဆောင်သွားမှာပါ။

           

           Telenor Myanmar ဟာ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းမှာ ပြည်တွင်းမှာ လည်ပတ်နေတဲ့ လုပ်ငန်းအားလုံးကို M1 Group ဆီ ဒေါ်လာ ၁၀၅ သန်းနဲ့ ရောင်းချသွားမယ်လို့ ကြေညာခဲ့ပါတယ်။ လက်ဘနွန်နိုင်ငံ Beirut အခြေစိုက် M1 Group ဟာ လက်ဘနွန်ဝန်ကြီးချုပ်ဟောင်း နာဂျစ်ဘ် မီကာတီနဲ့ တာဟာ မီကာတီညီအကိုတွေ ပိုင်ဆိုင်ထားတဲ့ ရင်းနှီးမြှပ်နှံရေးလုပ်ငန်းစုလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က