Cryptocurrency ဈေးကျချိန် အရှုံးပြခဲ့ပါတယ်။

၂၀၂၁ ခုနှစ်အကုန်မှာ Tesla ကားကုမ္ပဏီဟာ Bitcoin ဒေါ်လာ ၂ ဘီလျံဖိုးနီးပါး ပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။ 

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် SEC မှာ တင်ထားတဲ့ Tesla ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားတာ ဖြစ်ပြီး ကုမ္ပဏီဟာ ၂၀၂၁ ခုနှစ်ထဲမှာ စုစုပေါင်း ဒေါ်လာ ၁.၅ ဘီလျံဖိုးတန် Bitcoin တွေ ဝယ်ယူခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ Tesla ကားကုမ္ပဏီဟာ ဒေါ်လာ ၁.၉၉ ဘီလျံ တန် Bitcoin တွေ ကိုင်‌ဆောင်ထားတာလည်း ဖြစ်ပါတယ်။ 



Photo: NBC News


ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလဆန်းပိုင်းမှာ Bitcoin ဈေး ဒေါ်လာ ၆၈၀၀၀ ကျော်အထိ စံချိန်တင် မြင့်တက်ခဲ့ရာကနေ အခုချိန်မှာတော့ ဒေါ်လာ ၄၃၀၀၀ အောက်ဈေးနဲ့ပဲ အရောင်းအဝယ်ဖြစ်နေတယ်လို့ ဆိုပါတယ်။ Tesla ဟာ အစောပိုင်းက Bitcoin ကို ငွေပေးချေမှုပုံစံတစ်ခုအနေနဲ့ လက်ခံခဲ့ရာကနေ မေလထဲမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်မှုတွေကြောင့် ရပ်ဆိုင်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။

Tesla ဟာ Bitcoin ကို ကုမ္ပဏီဈေးကွက်အခြေအနေကို ဖော်ပြနိုင်တဲ့ Mark-to-market ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်မထားတာကြောင့် ငွေကြေးအရောင်းအဝယ် ဖြစ်မှသာ ဝင်ငွေပေါ် သက်ရောက်မှုရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Bitcoin တွေ ဝယ်ထားပေမယ့် ထုတ်မရောင်းမချင်း အရှုံးအမြတ် ဝင်ငွေရလဒ်ပေါ် သက်ရောက်မှု မရှိဘူးလို့ ဆိုရမှာပါ။ 

Photo: CNBC


Cryptocurrency တန်ဖိုးကျဆင်းတာကြောင့် Bitcoin ရင်းနှီးမြှပ်နှံမှုကနေ ၂၀၂၁ ခုနှစ်ထဲမှာ Tesla ဟာ ဒေါ်လာ ၁၀၁ သန်း ဆုံးရှုံးမှုရှိခဲ့တယ်လို့ SEC အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ မတ်လထဲမှာ ပိုင်ဆိုင်မှုထဲက တစ်စိတ်တစ်ပိုင်းရောင်းချပြီးနောက် ဒေါ်လာ ၁၂၈ သန်း ရခဲ့တယ်လို့ ဆိုပါတယ်။ 

၂၀၂၁ အတွင်းမှာ Crypto ငွေကြေးစီးဆင်းမှုကနေ ဖွဲ့စည်းပုံ ပြန်တည်ဆောက်မှုနဲ့ တခြားစရိတ်တွေက ဒေါ်လာ ၂၇ သန်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က