စုစုပေါင်း ကားအစီးရေ ၄၇၅၀၀၀ ကျော် ပြန်သိမ်းခဲ့တာပါ

ကားမောင်းနေစဉ် ဘောနပ်အဖုံးပွင့်သွားနိုင်တဲ့ ပြဿနာရှိတဲ့ Tesla Model S နဲ့ နောက်ဘက်ကင်မရာချို့ယွင်းချက် ရှိထားတဲ့ Model 3 ကားတွေကို ဈေးကွက်ကနေ ပြန်သိမ်းလိုက်တယ်လို့ ဆိုပါတယ်။ 

အမေရိကန် အများသားအဝေးပြေးယာဉ်ပိုင်း လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုအဖွဲ့ NHTS ရဲ့ ကြေညာချက်ထဲမှာ Tesla Model 3 နဲ့ Model S ကားအစီးရေ ၅ သိန်းနီးပါးကို ဈေးကွက်က ပြန်သိမ်းလိုက်တာလို့ ဖော်ပြထားပါတယ်။ Model S တွေကို သိမ်းရတဲ့ အကြောင်းရင်းကတော့ အဖုံးလော့ခ်မကျတဲ့ပြဿနာကြောင့်လို့ ဆိုပါတယ်။ ၂၀၁၄ ကနေ ၂၀၂၀ အတွင်း ထုတ်ခဲ့တဲ့ Tesla Model S ကားအစီးရေ ၁၂၀၀၀၀ မှာ ကားမောင်းနေစဉ် မထင်မှတ်ဘဲ ကားအင်ဂျင်အဖုံး ပွင့်သွားနိုင်တဲ့ ပြဿနာရှိတယ်လို့ NHTSA က ဖော်ပြပါတယ်။



Photo: Engadget


" ကားရှေ့ကိုယ်ထည်ပိုင်း တပ်ဆင်မှုက နေရာမကျတာ ဖြစ်နိုင်ပါတယ်။ ကားဖုံး ရုတ်တရပ်ပွင့်ချိန်မှာ ယာဉ်မောင်းမြင်ကွင်း ပိတ်သွားပြီး ယာဉ်တိုက်မှုတွေ ဖြစ်သွားနိုင်ပါတယ်။" လို့ ကားပြန်သိမ်းရတဲ့ အကြောင်းရင်းကို ထုတ်ပြန်ပါတယ်။ 

နောက်ထပ် ဈေးကွက်ကနေ ပိုကြီးတဲ့ ရုပ်သိမ်းမှုက ၂၀၁၇ ကနေ ၂၀၂၀ အတွင်း ထုတ်ခဲ့တဲ့ Tesla Model 3 ကားအစီးရေ ၃၅၀၀၀၀ ကျော်ကို ပြန်သိမ်းတာပဲ ဖြစ်ပါတယ်။ Model 3 တွေရဲ့အတွင်း မြင်ကွင်းကျယ် display ကို ပြန်ဖော်ပြပေးမယ့် နောက်ကင်မရာက ကြိုးအထိုင်လွဲပြီး ချိတ်ဆက်ဆက်မှု ပြတ်တောက်နိုင်တယ်လို့ ဆိုပါတယ်။ NHTSA ရဲ့အဆိုအရ ကားနောက်ဖုံး အဖွင့်အပိတ် လုပ်ရင်းနဲ့ ပျက်သွားတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ 

အခုလို ဈေးကွက်က ချို့ယွင်းချက်ရှိလို့ ပြန်သိမ်းလိုက်ရတဲ့ ကားတွေအတွက် Tesla က အခမဲ့ ပြုပြင်ပေးသွားမှာလည်း ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က