Tesla ကားကိုယ်ထည်က သတ္ထုတွေနဲ့ ထုတ်ထားတဲ့ မြန်မာငွေ သိန်း ၆၀ တန် အီလွန်မတ်စ်ရုပ်ထု ထွက်လာပါပြီ။
နာမည်ကျော် Luxury ကုမ္ပဏီ Caviar က Tesla ကားဘောနပ် ၊ တံခါးနဲ့ တခြားကိုယ်ထည်က သတ္ထုအစိတ်အပိုင်းတွေကို အရည်ကြိုပြီး Tesla CEO အီလွန်မတ်စ်ပုံတူကို ထုလုပ်ရောင်းချလိုက်တာပါ။ အနက်ရောက်မာဘယ်ကျောက်အောက်ခံတုံးပေါ်မှာ အီလွန်မတ်စ်ရဲ့ကိုယ်တစ်ပိုင်းပုံ သတ္ထုရုပ်ထုကို ထုလုပ်ထားတာပါ။ အောက်ခံ မာဘယ်တုံးမှာ ရွှေနှစ်ပြားထပ် ပလိတ်ပြားတစ်ခါပါပြီး ပလိတ်ပြားပေါ်မှာ ရုပ်ထုအမှတ်စဉ် Serial Number တွေ ထွင်းထားတယ်လို့ ဆိုပါတယ်။
Photo: GSMArena
Caviar ဟာ စုစုပေါင်းမှ အီလွန်မတ်စ်ရုပ်ထု ၂၇ ခု ထုတ်လုပ်ထားတာ ဖြစ်ပြီး တစ်ခုကို ဒေါ်လာ ၃၂၂၀ (မြန်မာငွေ သိန်း ၆၀ခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။ Tesla လျှပ်စစ်ကားကုမ္ပဏီနဲ့ SpaceX အာကာသယာဉ်လုပ်ငန်းတို့ရဲ့ CEO ဖြစ်တဲ့ အီလွန်မတ်စ်ဟာ နယ်ပယ်အသီးသီးက လေးစားရတဲ့ ထင်ပေါ်ကျော်ကြားသူတစ်ဦးဖြစ်ပြီး Twitter ပလက်ဖောင်းမှာတင် Follower ၆၂ သန်းခွဲကျော် ရှိနေသူလည်း ဖြစ်ပါတယ်။
မကြာသေးခင်ကပဲ အီလွန်မတ်စ်ပိုင် Tesla ကနေ Tesla Model Pi နာမည်နဲ့ နည်းပညာမြင့် High-End ဖုန်း ထုတ်မယ်လို့ သတင်းထွက်ခဲ့ပါတယ်။ အတည်မပြုနိုင်သေးတဲ့ သတင်းတွေမှာတော့ Tesla Model Pi ဟာ SpaceX ပိုင် Starlink ဂြိုလ်တုအင်တာနက် ချိတ်ဆက်မှုစနစ် ထည့်ထားပြီး တစ်စက္ကန့် Download Speed 210Mbps အထိ Support ပေးသွားမယ်လို့ ဆိုပါတယ်။ Tesla ထုတ် စမတ်ဖုန်းဟာ 4K Display ၊ Snapdragon 898 SoC နဲ့ 2TB storage တွေ ပါမယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။
Photo: GSMArena
Caviar ဟာ Caviar iPhone 13 Pro (Max) Tesla Electro နာမည်နဲ့ အနက်ရောင် PVD Coating သုတ် တိုက်တေနီယံကိုယ်ထည်ပါ ဖုန်းတစ်လုံးလည်း ရောင်းချထားပါတယ်။ အလူမီနီယံ panel နဲ့ လွတ်ကျဒဏ်ခံ အဖြူရောင် ကွန်ပိုးဆစ်ဒီဇိုင်း ထုတ်ထားတဲ့ဒီဖုန်းဟာ Tesla ကိုယ်ထည်က သတ္ထုနဲ့ ဖန်တီးထားတာ ဖြစ်ပြီး ကျောဘက်မှာ Tesla လိုဂိုနဲ့ ကားဒီဇိုင်းမျိုး ထွင်းထားပါတယ်။
ကျောဘက်ကာဗာပေါ်မှာ လျှပ်စစ်မော်တာကွိုင် အမှတ်အသားအဖြစ် ကြေးနီချောင်းတစ်ခု ထည့်ပေးထားပါတယ်။ Tesla Electro ဖုန်းကို စုစုပေါင်း ၉၉ လုံးပဲ ထုတ်ထားပြီး အောက်ဆုံးထစ် ဒေါ်လာ ၆၇၆၀ (မြန်မာငွေ သိန်း ၁၂၀ ကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။