ဖုန်းဆက်ရုံလေးနဲ့တော့ လုပ်လို့ မဖြစ်ဘူးလို့ ပြောထားပါတယ်

Tesla ကားကုမ္ပဏီ အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်ဟာ ဝန်ထမ်းတွေ ရုံးပြန်လာဖို့ ၊ မလာချင်ရင် အလုပ်က ထွက်ဖို့ ပြောကြားလိုက်ပါတယ်။ 

အင်္ဂါနေ့ညက ဝန်ထမ်းတွေကို ပေးပို့တဲ့ အီးမေးလ်မှာ အီလွန်မတ်စ်က Tesla ကုမ္ပဏီမှာ အိမ်ကနေ အလုပ်လုပ်တာ ခွင့်မပြုတော့ဘူးလို့ ပြောထားပြီး ရုံးပြန် မတက်ချင်ရင် အလုပ်က ထွက်တော့လို့ ပြောထားကြောင်း Reuters က ရထားတဲ့ အီးမေးလ်မှာ ဖော်ပြထားပါတယ်။ 



"Tesla က လူတိုင်း တစ်ပတ်ကို ရုံးမှာ အနည်းဆုံး နာရီ ၄၀ ရှိနေရပါမယ်။ ဒါက စက်ရုံဝန်ထမ်းတွေဆီက ကျွန်တော်တို့ တောင်းဆိုထားတာထက် နည်းပါတယ်။ ဒီအတိုင်း အနည်းဆုံး တစ်ပတ် နာရီ ၄၀ ရုံးတက်စာရင်း မပြနိုင်ရင် ခင်ဗျားကို အလုပ်က နှုတ်ထွက်စာတင်လိုက်တယ်လို့ ကျွန်တော်တို့ဘက်က ယူဆသွားမှာပါ။" လို့ အီးမေးလ်ထဲမှာ အီလွန်မတ်စ်က ပြောထားပါတယ်။


Reuters က ရတဲ့ အီးမေးလ်က စစ်မှန်ကြောင်း သတင်းအရင်းအမြစ်နှစ်ခုက အတည်ပြုပါတယ်။ Tesla ကတော့ ဒီအီးမေးလ်နဲ့ ပတ်သက်ပြီး မှတ်ချက်ချခြင်း မရှိပါဘူး။ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဘေးကြောင့် ဆီလီကွန်တောင်ကြားက ထိပ်တန်း နည်းပညာကုမ္ပဏီအများစုကတော့ ရုံးချိန်ပြည့် Full-Time ရုံးတက်ခိုင်းတာမျိုး မရှိသေးပါဘူး။ 

"ရုံးလာ တက်စရာ မလိုတဲ့ ကုမ္ပဏီတွေ ရှိပါတယ်။ ဒါပေမယ့် အဲ့ဒီကုမ္ပဏီတွေရဲ့ အမိုက်စား ထုတ်ကုန်သစ်ကို နောက်ဆုံး ဖြန့်ချိခဲ့တာ ဘယ်တုန်းကလဲ။ အတော်ကြာခဲ့ပါပြီ။ Tesla က ကမ္ဘာပေါ်က ဘယ်ကုမ္ပဏီထက်မဆို စိတ်လှုပ်ရှားဖို့ အကောင်းဆုံးနဲ့ အဓိပ္ပါယ်အရှိဆုံး ထုတ်ကုန်တွေပဲ ဖန်တီးထုတ်လုပ်နေတာပါ။ ဒါကို ဖုန်းဆက်ရုံလေးနဲ့တော့ လုပ်လို့ မဖြစ်ဘူး" လို့ ဒုတိယမြောက် အီးမေးလ်ထဲမှာ အီလွန်မတ်စ်က ရေးထားပါတယ်။ 

Tesla CEO ဟာ ထုတ်လုပ်ရေးရည်မှန်းချက် ကြီးပြီး ဒီရည်မှန်းချက် ပြည့်မှီဖို့ စက်ရုံအလုပ်တွေမှာ ဝန်ထမ်းတွေကို ဖိအားပေး ခိုင်းတတ်တယ်လို့လည်း စွပ်စွဲခံထားရပါတယ်။ကယ်လီဖိုးနီးယား ပြည်နယ်မှာ COVID-19 ကူးစက်မှု တဟုန်းထိုးမြင့်တက်နေတဲ့ ပြီးခဲ့တဲ့ ၂၀၂၀ ဧပြီလထဲမှာ ကူးစက်ရောဂါတားဆီးရေးအတွက် Stay Home နေဖို့ အစိုးရရဲ့ လမ်းညွှန်မှုကို ဖက်စစ်ဆန်တယ်ဆိုပြီး ဝေဖန်ခဲ့ပါတယ်။ 

ဒီလို ဝေဖန်တဲ့အပြင် ကယ်လီဖိုးနီးယားပြည်နယ် ဖရီးမောင့်က သူ့စက်ရုံဟာ ကျန်းမာရေးအာဏာပိုင်တွေရဲ့ အမိန့်ထုတ်ထားချိန်မှာတောင် စက်ရုံလည်ပတ်ခဲ့ပါတယ်။ ၂၀၂၀ မေလကနေ ဒီဇင်ဘာအထိ Tesla စက်ရုံကနေ ကိုဗစ်ကူးစက်မှုပေါင်း ၄၄၀ ဖြစ်ပွားခဲ့တယ်လို့ Alameda County ရဲ့ တရားဝင် သတင်းအချက်အလက်ဝက်ဘ်ဆိုက် Plainsite က ဖော်ပြထားပါတယ်။ 



ပြီးခဲ့တဲ့နှစ်က လော့စ်အိန်ဂျလိစ်အပိုင် ဟော်သွန်းမြို့က အီလွန်မတ်စ်ပိုင် SpaceX အာကာသယာဉ်ထုတ်လုပ်ရေး လုပ်ငန်းရှိရာ ရုံးချုပ်မှာ COVID-19 ကူးစက်မှုပေါင်း ၁၃၂ ခုအထိ ဖြစ်ပွားခဲ့ပါတယ်။ အီလွန်မတ်စ် ဝယ်ဖို့ သဘောတူညီချက် ရထားတဲ့ Twitter ကုမ္ပဏီရဲ့ လက်ရှိ CEO ပါရက်ဂ် အဂ္ဂရာဝဲလ်က Twitter ရုံးတွေ ပြန်ဖွင့်မှာ ဖြစ်ပေမယ့် ဝန်ထမ်းတွေအနေနဲ့ အိမ်ကနေ Work From Home လုပ်ချင်ရင်လည်း ရတယ်လို့ ပြီးခဲ့တဲ့ မတ်လက Twitter မှာ အကြောင်းကြားထားပါတယ်။ 

အမေရိကန်ရဲ့ ထိပ်တန်း Big Tech အတော်များများလည်း ဝန်ထမ်းတွေကို အိမ်ကနေ အလုပ်လုပ်နိုင်ခွင့် ပြုထားပါတယ်။ Apple ကတော့ တစ်ပတ်ကို အနည်းဆုံး ၃ ရက် အလုပ်ဆင်းဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က