အဆင့်မြင့်နည်းပညာနဲ့ ဆန်းပြားလှတဲ့ ထုတ်ကုန်ပါ

ခေါက်သိမ်းနိုင် Display နည်းပညာသစ်တွေ ခေတ်စားလာချိန်မှာ Asus ကုမ္ပဏီဟာ Foldable မှန်ပြင်ပြည့်နဲ့လာတဲ့ ထုတ်ကုန်သစ်တစ်မျိုးကို ကြေညာလိုက်ပါတယ်။ 

Asus Zenbook 17 Fold OLED (UX9702) ကို ပြီးခဲ့တဲ့နှစ်ဆန်းပိုင်း CES ပွဲမှာကတည်းက မိတ်ဆက်ဖော်ပြခဲ့တာပါ။ အခုတော့ ဒီထုတ်ကုန်ကို ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ကျင်းပတဲ့ IFA နည်းပညာပြပွဲမှာ တရားဝင် ကြေညာသွားပြီ ဖြစ်ပါတယ်။ Zenbook 17 Fold OLED ဆိုတာ တက်ဘလက် - လက်ပ်တော့ နှစ်မျိုးသုံး Hybrid ထုတ်ကုန်ဖြစ်ပြီး ခေါက်သိမ်းနိုင် ၁၇.၃ လက်မဆိုဒ် Display နဲ့ ထွက်လာသလို ခေတ်ပေါ် Galaxy Z Flip 4 စတိုင် တစ်ဝက်ခေါက်အနေအထားနဲ့ ခေါက်ထားလို့လည်း ရပါတယ်။ 





Zenbook 17 Fold OLED ဟာ မှန်ပြင်ကို အပြည့်အဝဖွင့်ထားချိန်မှာ ကိုယ်ထည်အချိုး 4:3 Aspect Ratio နဲ့လာပြီး တောက်ပမှု 500nits နဲ့ Screen ရုပ်ထွက် 2560 x 1920px OLED Display ပါရှိပါတယ်။ တစ်ဝက်ခေါက်အချိုးအနေအထားမှာဆို Asus Zenbook 17 Fold ဟာ Built-In Kickstand ပါ Monitor တစ်လုံးဖြစ်သွားပြီး Bluetooth ကီးဘုတ်နဲ့ ချိတ်ဆက်အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ Zenbook 17 Fold OLED ကို ၁၂၀ ဒီဂရီခေါက်ထားနိုင်ပြီး Bluetooth Keyboard နဲ့ တွဲသုံးနိုင်သလို ကီးဘုတ်နဲ့ မချိတ်ချင်ရင်လည်း ခေါက်ထားတဲ့ အောက်ခြေပိုင်းကို Virtual Keyboard အဖြစ် ပြောင်းလဲနိုင်မှာပါ။ 

ပုံမှန် Laptop လို သုံးချင်ရင်တော့ သံလိုက်နဲ့ ချိတ်ဆက်နိုင်မယ့် Physical Keyboard နဲ့ တွဲသုံးနိုင်လို့ အဘက်ဘက်က အဆင်ပြေအောင် စီစဉ်ထားတာလို့ ပြောနိုင်ပါတယ်။ တစ်ဝက်ခေါက် Display အနေနဲ့ Screen Size ၁၂.၅ လက်မ ရှိပြီး 1920 x 1280px ရုပ်ထွက် ပါရှိမှာပါ။ Laptop တစ်လုံးလိုအပြင် Zenbook 17 Fold OLED ကို Tablet တစ်လုံးလိုလည်း အသုံးပြုနိုင်ပါတယ်။ Screen Size ကတော့ ၁၇.၃ လက်မဖြစ်လို့ အတော်ကြီး ကြီးတယ်လို့ ဆိုနိုင်ပါတယ်။ Zenbook 17 Fold OLED ဟာ Windows 11 စနစ်နဲ့ မောင်းနှင်ထားပြီး Intel i7-1250U Proceesor ၊ LPDDR5 RAM 16GB အထိ ပါဝင်ပါတယ်။ 

Intel ရဲ့ ၁၂ ခုမြောက်မျိုးဆက် Hybrid Architecture ဟာ Performance Cores ၂ ခုနဲ့ Efficiency Cores ၈ ခု ပါဝင်ပါတယ်။ Graphics ပိုင်းအတွက် Intel Iris Xe နဲ့ မောင်းနှင်ထားပါတယ်။ လက်ရှိအမြန်ဆုံးနဲ့ နောက်ဆုံးပေါ် Storage စနစ်ဖြစ်တဲ့ 1TB M.2 NVMe PCIe 4.0 SSD စနစ် သုံးထားပြီး USB-C Port နှစ်ခု ပါရှိပါတယ်။ Thunderbold 4 နှစ်ပေါက်ဟာ Display Output နဲ့ အားသွင်းစနစ် Charging ပိုင်းကို Support ပေးထားပြီး အားသွင်းမှုအတွက် 65W Charging အထိ ရမယ်လို့ ဆိုပါတယ်။ Zenbook 17 Fold OLED မှာ 3.5mm Audio Jack တစ်ပေါက်လည်း ပါဝင်ပါတယ်။ 


Zenbook 17 Fold OLED ဟာ 75Whr 4-cell ဘက်ထရီနဲ့လာပြီး Screen-On Time အနေနဲ့ ၉ နာရီခွဲအထိ အားခံမယ်လို့ ဆိုပါတယ်။ အလေးချိန် ၁.၅ ကီလိုဂရမ်ပဲ ရှိပြီး ဈေးနှုန်း ဒေါ်လာ ၃၅၀၀ (လက်ရှိမြန်မာငွေ ပေါက်ဈေးနဲ့ဆို သိန်း ၁၄၀ ကျော်) ဈေးနဲ့ လာမယ့် စတုတ္ထသုံးလပတ်ထဲမှာ‌ ရောင်းချသွားမှာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က