ဘာပြောရမှန်းမသိအောင် ဝမ်းသာအံ့ဩခဲ့ရတယ်လို့ ကျောင်းတီးဝိုင်းအဖွဲ့က ပြောပါတယ်။

အထက်တန်းကျောင်းပြီးတာ ၄၅ နှစ် ခန့်အကြာမှာ Apple CEO တင်မ်ကွတ်ဟာ သူတက်ခဲ့တဲ့ကျောင်းအတွက် ထူးထူးခြားခြား ကောင်းမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ 

Apple CEO တင်မ်ကွတ်ဟာ အလာဘားမားက သူတက်ခဲ့တဲ့ Robertsdale အထက်တန်းကျောင်း တီးဝိုင်းအဖွဲ့အတွက် လိုအပ်တဲ့ တူရိယာပစ္စည်းတွေ ဝယ်ယူဖို့ ဆိုပြီး ဒေါ်လာ ၁ သိန်း လှူဒါန်းခဲ့တာပါ။အလာဘားမားအခြေစိုက် ဒီဂျစ်တယ်သတင်းဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ AI.com သတင်းအရ တင်မ်ကွတ်ဟာ ပုလွေ ၊ ဟွန်းခရာ နဲ့ ကျူဗာ စတဲ့ ဂီတတူရိယာပစ္စည်းသစ် ၂၈ မျိုး ဝယ်ဖို့ Robertsdale Hight School ကို လှူခဲ့တာလို့ ဆိုပါတယ်။ 





တင်မ်ကွတ်ရဲ့ ဒီအလှူပေါ် Baldwin County School District က တာဝန်ရှိသူတွေက မယုံနိုင်အောင် ဖြစ်ပြီး ဝမ်းမြောက်ဝမ်းသာဖြစ်ရကြောင်း Twitter ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ 

"ကျွန်တော်တို့ ပြောမပြတတ်လောက်အောင်ပါပဲ။ ကျွန်တော်တို့ရဲ့ ဖွံ့ဖြိုးမှုအရ လာမယ့်ဆောင်းတွင်းအတွက် လိုအပ်တဲ့ တူရိယာတွေ အစုံအလင်မဝယ်နိုင်တဲ့ အနေအထား ဖြစ်နေတာပါ။ တူရိယာပစ္စည်းထက် ကျောင်းသားတွေက ပိုများနေတာပါ။ ဒီအတွက် (တူရိယာပစ္စည်းဝယ်ဖို့) ဒေါ်လာ ၁၄၀၀၀၀ လိုအပ်ခဲ့ပါတယ်။" လို့ တီးဝိုင်းအဖွဲ့ဒါရိုက်တာ LT Hughes က သူ့ရဲ့ Facebook ပို့စ်မှာ ရေးထားပါတယ်။ 

တင်မ်ကွတ်ဟာ ၁၉၇၈ ခုနှစ်က Robertsdale High School ကျောင်းကနေ ကျောင်းပြီးခဲ့တာပါ။ ကျောင်းနေစဉ်အတွင်းကလည်း ကျောင်းတွင်းတီးဝိုင်းအဖွဲ့မှာ သူက Trombone မှုတ်ခဲ့တယ်လို့ ဆိုပါတယ်။ ကွတ်ခ်ဟာ အရင်ကလည်း သူတက်ခဲ့တဲ့ Robertsdale ကျောင်းက ကျောင်းသားတွေအတွက် ထောက်ပံ့လှူဒါန်းမှုတွေ လုပ်ခဲ့သူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ထဲမှာ Apple CEO ဟာ ကျောင်းသားတွေအတွက် ငွေကြေးထောက်ပံ့ဖို့ ပညာသင်ဆုအစီအစဉ်တစ်ခု စတင်ထားပါတယ်။ 

Share

Loading Next Article...
က္က