ကိုယ်သောက်သုံးနေတဲ့ရေက အရည်အသွေးကောင်းမွန်ပြည့်ဝတဲ့ သောက်သုံးရေ ဖြစ်ဖို့ကလည်း အရမ်းအရေးကြီးပါတယ်။

အလုပ်များတဲ့ ဘဝနေထိုင်မှုပုံစံကို ပိုင်ဆိုင်ထားတဲ့ လူငယ်တစ်ယောက်အနေနဲ့ ကိုယ့်ကိုကိုယ် ဂရုမစိုက်ဘူး၊ ရေဓာတ် ပြည့်ဝအောင် မနေထိုင်ဘူးဆိုရင် တဖြည်းဖြည်းနဲ့ အားအင်ကုန်ခမ်း လာနိုင်ပြီး အာရုံစူးစိုက်မှုလည်း လျော့နည်းလာနိုင်ပါတယ်။ ဒီလိုမဖြစ်ရအောင် နေ့စဉ် လှုပ်ရှားသွားလာ လုပ်ကိုင်နေရင်းနဲ့ ရေဓာတ်ပြည့်ဝအောင် ဂရုစိုက် နေထိုင်နိုင်မယ့် နည်းလမ်း ၄ ခုကို ဖော်ပြပေး လိုက်ပါတယ်။

 လူငယ်တစ်ယောက်အနေနဲ့ လူကြီးပိုင်းအရွယ်ကို စတင် ဖြတ်သန်းတဲ့အချိန်မှာ တာဝန်ယူစရာ အသစ်တွေကို ကြုံတွေ့လာရမှာ အသေအချာပါပဲ။ ပထမဦးဆုံး ကြုံတွေ့ရမယ့် အရာတွေဖြစ်တဲ့ ပထမဦးဆုံးအလုပ်၊ ပထမဦးဆုံးအကြိမ် ကိုယ်ပိုင်အိမ်ပြောင်းတာ စတာတွေ အပြင် ကိုယ့်ရဲ့အချိန်တွေကို မိသားစုတွေနဲ့ သူငယ်ချင်းတွေကို အချိန်ပေးခွဲဝေပေးရတာ၊ ကိုယ့်ရုပ်ပိုင်းဆိုင်ရာအပြင် စိတ်ပိုင်းဆိုင်ရာကို ဂရုစိုက်ပေးရတာ စတဲ့အရာတွေက အလွယ်တကူ စိတ်ဖိစီးစရာအချက်တွေ ဖြစ်လာနိုင်ပါတယ်။ အခုလို အာရုံစိုက်စရာတွေ တဖြည်းဖြည်း များလာတဲ့အချိန်မှာ ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ‌ရောက်ရှိအောင်၊ ကိုယ့်ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ထိန်းသိမ်းထားနိုင်အောင် ဘယ်လိုလုပ်ဆောင်မလဲဆိုတာက အရေးကြီးတဲ့ မေးခွန်းတစ်ခု ဖြစ်လာပါတယ်။

 နေ့စဉ်လှုပ်ရှားသွားလာနေတဲ့အချိန်မှာ စိတ်နဲ့ခန္ဓာကိုယ်ကို အမြဲလန်းဆန်းနေစေဖို့၊ ပြန်လည်အားဖြည့်ပေးဖို့ အတွက်ဆိုရင်တော့ အလွယ်ဆုံးနည်းလမ်းက ရေဓာတ်ပြည့်ဝအောင် နေထိုင်ဖို့ပါပဲ။ လူ့ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံးရဲ့ တစ်ဝက်ကျော်ကို ရေဓာတ်နဲ့ ဖွဲ့စည်းထားတာပါ။ ဒီရေဓာတ်ကပဲ သင့်ခန္ဓာကိုယ် တစ်ခုလုံးအတွက် လိုအပ်တဲ့ အောက်ဆီဂျင်နှင့်အာဟာရတွေကို ပေးအပ်နေတာ ဖြစ်ပြီး ဒါကြောင့်လည်း နေ့စဉ် နေ့တိုင်းမှာ လှုပ်ရှားတက်ကြွစွာ နေထိုင်သွားလာနိုင်နေတာပဲ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ နေ့စဉ်လှုပ်ရှား သွားလာနေတဲ့အချိန်မှာ အသက်ရှုခြင်း၊ ချွေးထွက်ခြင်း၊ အစာခြေဖျက်ခြင်း စတဲ့လုပ်ဆောင်ချက်တွေ ကနေတဆင့် ခန္ဓာကိုယ်ကနေ ရေဓာတ် ပြန်လည်ဆုံးရှံးနိုင်တာကြောင့် ရေဓာတ်ကိုပြန်လည်ဖြည့်တင်းဖို့က ကျန်းမာရေးအတွက် တစ်ကယ့်ကို အရေးကြီးပါတယ်။

 ဒီတော့ တစ်နေ့ကို ‌ရေပမာဏ ဘယ်လောက်သောက်သင့်သလဲဆိုတာက နောက်ထပ် မေးခွန်းတစ်ခု ဖြစ်လာပါတယ်။ လူကြီးပိုင်း အမျိုးသား အမျိုးသမီးအများစုဟာ တစ်နေ့ကို သောက်ရေသန့် ၉ ခွက်ကနေ ၁၃ ခွက်အထိ သောက်သုံး သင့်တယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် သင် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်တဲ့ အတိုင်းအတာအပေါ် မူတည်ပြီး ရေဓာတ်ဆုံးရှုံးထားတာနဲ့ ကာမိတဲ့ ရေပမာဏကို သောက်သုံးဖို့ လိုအပ်ပါတယ်။

 လူအများစုဟာ နေ့စဉ်အလုပ်လုပ်ကိုင်နေရတဲ့အတွက် ရေဓာတ်ဖြည့်ဖို့ကို မေ့လျော့နေတတ်ကြပါတယ်။ ဒါပေမယ့် လှုပ်ရှားသွားလာနေချိန်မှာ အားအင်ပြန်လည်ဖြည့်တင်းဖို့အတွက် အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းတွေထဲက တစ်ခုကတော့ ရေဓာတ်ဖြည့်ခြင်းပါပဲ။ ရေဓာတ်ပြည့်ဝနေမှ ကိုယ့်ရဲ့အကောင်းဆုံး စွမ်းဆောင်ရည်တွေကို နေ့စဉ်နေ့တိုင်း ပြသသွားနိုင်မှာ ဖြစ်တဲ့အတွက် နေ့စဉ်လှုပ်ရှားသွားလာရင်းနဲ့ ရေဓာတ်ပြည့်ဝအောင် ဂရုစိုက်နိုင်ဖို့ နည်းလမ်း ၄ ခုကို အောက်မှာ ဖော်ပြပေး လိုက်ပါတယ်။

 (၁) အလုပ်လုပ်ခြင်းနှင့် ရေဓာတ်ဖြည့်ခြင်း

 အလုပ်ခွင်မှာ အာရုံစူးစိုက်မှုရှိနေဖို့ ကူညီပေးနိုင်တဲ့ အဓိကအချက်က ရေဓာတ်ပြည့်ဝနေဖို့ပါပဲ။ ရေအလုံအလောက် မသောက်ပဲ ရေဓာတ်လျော့နည်းသွားတဲ့ အခါမျိုးမှာဆို ခေါင်းကိုက်တာတို့၊ မှတ်ဉာဏ် ကျဆင်းတာတို့၊ အားအင်ကုန်ခမ်းတာတို့ အစရှိတဲ့စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ခံစား ရလေ့ရှိပါတယ်။ တစ်နေ့တာလုံး ရေကို ပုံမှန်သောက်ခြင်းက ခန္ဓာကိုယ်နဲ့ စိတ်ကိုလန်းဆန်းစေပြီး ကိုယ့်ရဲ့ နေ့စဉ်စွမ်းဆောင်ရည်တွေကို အကောင်းဆုံး မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရေဓာတ်ပြည့်ဝနေခြင်း က သင့်ဦးနှောက်ရဲ့လုပ်ဆောင်ချက်ကို ပိုမို‌ကောင်းမွန်လာအောင် တိုက်ရိုက်ကူညီပေးတဲ့အတွက် အကောင်းဆုံး လုပ်ဆောင်မှု စွမ်းဆောင်ရည်ကို ရရှိစေမှာ ဖြစ်ပါတယ်။

 နောက်တစ်ခါ ကိုယ်သောက်သုံးနေတဲ့ရေက အရည်အသွေးကောင်းမွန်ပြီး သန့်စင်ကြည်လင်တဲ့ သောက်သုံးရေ ဖြစ်ဖို့ကလည်း အရမ်းအရေးကြီးပါတယ်။ ဒီလို အရည်အသွေးမြင့်မားကောင်းမွန်တဲ့ သောက်သုံးရေကို ရွေးချယ်တဲ့ နေရာမှာ စိတ်အချရဆုံးကတော့ Coca-Cola ကုမ္ပဏီရဲ့ ကမ္ဘာ့အဆင့်မီ ရေသန့်စင်စနစ် စံချိန်စံညွှန်းတွေနဲ့ ထုတ်လုပ်ထားတဲ့ သောက်ရေသန့်အမှတ်တံဆိပ် Dasani ပဲဖြစ်ပါတယ်။ မကြာသေးခင်က Coca-Cola က Dasani သောက်ရေသန့်အမှတ်တံဆိပ်သစ်ကို မြန်မာနိုင်ငံ စျေးကွက်မှာ တရားဝင် စတင်မိတ်ဆက်ခဲ့ပါတယ်။ လက်ရှိ ကမ္ဘာတစ်ဝန်းက နိုင်ငံပေါင်း ၁၉ နိုင်ငံမှာ သောက်သုံးနေတဲ့ Dasani ရေသန့်ဟာ သောက်သုံးသူတွေအတွက် သန့်စင်ကြည်လင်တဲ့ အရည်အသွေးကောင်းကို ပေးစွမ်းနိုင်ပါတယ်။

 (၂) လေ့ကျင့်ခန်းပြုလုပ်ခြင်းနှင့် ရေဓာတ်ဖြည့်ခြင်း

 ကိုယ်ကာယ လေ့ကျင့်ခန်းမလုပ်ခင် သွေးပူလေ့ကျင့်ခန်းလုပ်တာက ကြွက်သားတွေထဲ အောက်ဆီဂျင် ဝင်ရောက်နှုန်း မြင့်မားစေပြီး လှုပ်ရှားမှုတွေကို ထိရောက်စွာတိုးတက်စေတယ် ဆိုတာကို တော်တော်များများ သိကြမှာပါ။ ဒါပေမယ့် ရေသောက်ခြင်းကလည်း အဆစ်အမြစ်တွေ ချောချောမွေ့မွေ့ လှုပ်ရှားနိုင်အောင် ကူညီပေးနိုင်တယ် ဆိုတာကိုရော သိကြရဲ့လား။ ရေသောက်ခြင်းက လေ့ကျင့်ခန်းပြုလုပ်နေတဲ့ အချိန်မှာ ခန္ဓာကိုယ်ပျော့ပြောင်းအောင် ကူညီပေးနိုင်ပြီး ဒဏ်ရာရနိုင်ခြေ ကိုလည်း လျော့နည်းစေပါတယ်။ လေ့ကျင့်ခန်းလုပ်နေတဲ့အချိန် ရေအလုံအလောက် မသောက်တဲ့အခါ ရေဓာတ်ခန်းခြောက်ရင် ကြွက်သားတွေ ကြွက်တက်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် နေ့စဉ် ကိုယ်ကာယလေ့ကျင့်ခန်း ပြုလုပ်တဲ့အခါမှာ ခန္ဓာကိုယ်က ကြွက်သားတွေ ပင်ပန်းနွမ်းနယ်ခြင်းကနေ ကာကွယ်ဖို့နဲ့ ကိုယ်လုပ်ဆောင်မယ့် လေ့ကျင့်ခန်းကို အကောင်းဆုံး ပြီးမြောက်နိုင်ဖို့အတွက် ရေများများသောက်ဖို့ကလည်း အလွန်အရေးကြီးပါတယ်။

 (၃) လူမှုရေးကိစ္စများနှင့် ရေဓာတ်ဖြည့်ခြင်း

 လူမှုရေးကိစ္စတွေအတွက် သူငယ်ချင်းတွေနဲ့ အပြင်ထွက်တဲ့အခါ ရေများများသောက်ဖို့နဲ့ ရေဓာတ်ပြည့်ဝနေဖို့ ကလည်း အရမ်းအရေးကြီးပါတယ်။ အပြင်ထွက်ပြီး နေပူထဲမှာ ချွေးထွက်များရင် ရေဓာတ်ဆုံးရှုံးမှု ပမာဏ ပိုများပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်းက ကိုယ့်ရဲ့ စိတ်ခံစားချက်ကို ပြောင်းလဲစေတဲ့အပြင် စိတ်တို ဒေါသထွက် လွယ်စေတဲ့အတွက် လူမှုဆက်ဆံရေးကိုလည်း ထိခိုက်စေပါတယ်။ ရေဓာတ်ပြည့်ဝနေမယ်ဆိုရင် ခန္ဓာကိုယ်အပူချိန်ကိုလည်း လျှော့ချပေးနိုင်တဲ့အတွက်ကြောင့် အပူဒဏ်ကို ခံနိုင်ရည်ရှိစေပြီး သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ တွေ့ဆုံတဲ့အခါမျိုးမှာလည်း လန်းဆန်း တက်ကြွနေစေမှာပါ။

 (၄) ခရီးသွားလာခြင်းနှင့် ရေဓာတ်ဖြည့်ခြင်း
 

 

ရာသီပွဲတော်တွေအတွက် ကိုယ့်ရဲ့ မွေးရပ်မြေကို အလည်အပတ် ပြန်တဲ့အခါမျိုးမှာလည်း လမ်းမှာ နိုးနိုးကြားကြား ရှိနေဖို့အတွက် အအေးနဲ့ အဆာပြေစားစရာတို့ ဝယ်လေ့ရှိမှာပါ။ ဒါပေမယ့် တစ်ကယ်က အဲဒီ အအေးနဲ့ စားစရာတွေက သင့်ကို ရေဓာတ်ပိုခမ်းခြောက်စေပါတယ်။ လေ့လာတွေ့ရှိချက်တွေ အရဆိုရင် သောက်သုံးရေ လုံလောက်အောင် သောက်သုံးတာက ကိုယ့်ကိုကိုယ် ရေဓာတ်ဖြည့်တင်းဖို့နဲ့ သွေးလည်ပတ်မှု အားကောင်းစေဖို့ အထိရောက်ဆုံးနည်းလမ်းဖြစ်ပြီး၊ အထူးသဖြင့် ခရီးသွားတာလိုမျိုး နာရီပေါင်းများစွာ ထိုင်နေရမယ့် အချိန်တွေမှာ သင့်ရဲ့သွေးလည်ပတ်မှုကို အကောင်းဆုံး ထိန်းညှိပေးနိုင်တယ်လို့ ဆိုပါတယ်။

 ခရီးသွားတဲ့အခါမှာလည်း အရည်အသွေးကောင်းတဲ့ ရေသန့်ကို သောက်သုံးဖို့က အရေးကြီးပါတယ်။ ဒီတော့ နောက်တစ်ခါ ခရီးသွားတော့မယ်ဆိုရင် မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ စတိုးဆိုင်တွေ၊ ကုန်စုံဆိုင်တွေနဲ့ စားသောက်ဆိုင်တွေမှာ Dasani သောက်ရေသန့်ဘူးတွေကို အလွယ်တကူ မှာယူသောက်သုံး နိုင်မှာ ဖြစ်ပါတယ်။

 အသက်အရွယ်တစ်ဖြည်းဖြည်း ရလာတာနဲ့အမျှ အလုပ်များတဲ့ နေ့စဉ်ဘဝမှာ ရေဓာတ်ဖြည့်တင်းတဲ့ အလေ့အကျင့်ရရှိသွားမယ်ဆိုရင် ကျန်းမာရေးကောင်းဖို့နဲ့ အားအင်အပြည်ရရှိနိုင်ဖို့ အလွယ်ကူဆုံးနဲ့ အကောင်းဆုံး ပံ့ပိုးကူညီပေးသွားနိုင်မှာပါ။

 ကိုယ့်ရဲ့ စိတ်နဲ့ခန္ဓာကိုယ် လန်းဆန်းတက်ကြွနေစေဖို့နဲ့ နေ့စဉ်ပန်းတိုင်တွေကို အမြင့်မားဆုံး လျှောက်လှမ်းနိုင်ဖို့ အတွက် အရည်အသွေးအမြင့်မားဆုံးနဲ့ သန့်စင်ကြည်လင်မှု အရှိဆုံးသောက်သုံးရေကို Dasani က ပေးအပ်သွားဖို့ အဆင်သင့်ပါပဲ။ Coca-Cola ရဲ့ ကမ္ဘာ့အဆင့်မီ ရေသန့်စင်ခြင်းစနစ် စံနှုန်းများနဲ့အညီ ထုတ်လုပ်ထားပြီး နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ် ရရှိထားတဲ့ Dasani သောက်ရေသန့်က သန့်စင်ကြည်လင်တဲ့ အရည်အသွေးကောင်းကို ပေးစွမ်းနိုင်ပါတယ်။ အိမ်မှာနေချိန်ပဲ ဖြစ်ဖြစ်၊ အပြင်သွားချိန်ပဲ ဖြစ်ဖြစ် Dasani သောက်ရေသန့် 550 ml နဲ့ 1L ဘူးတွေကို မြန်မာနိုင်ငံတစ်ဝန်းက စတိုးဆိုင်တွေနဲ့ ကုန်စုံဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူသောက်သုံးသွားနိုင်မှာ ဖြစ်ပါတယ်။

 #SupportedbyCocaCola

 

 

 



Share

Loading Next Article...
က္က