တစ်ယောက်က လွတ်မြောက်နေတယ်လို့ ဆိုပါတယ်။

တွံတေးတူးမြောင်းမှာ ရပ်ထားတဲ့ သဘောၤပေါ်က ပစ္စည်းလုယက်တဲ့သူနှစ်ဦးကို ရဲတပ်ဖွဲ့ ကအသေဖမ်းဆီးရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

40773622_1647720475357213_3664482065635606528_n.jpg

အသေဖမ်းဆီးရမိခဲ့သူနှစ်ဦး

 

တွံတေးတူးမြောင်းအတွင်းမှာ ရပ်ထားတဲ့ ရေယာဉ်ပေါ်ကို တက်ရောက်လုယက်တဲ့သူနှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းတဲ့အခါမှာ ဓားနဲ့ ပြန်ခုခံတာကြောင့် သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးတာကနေ လုယက်တဲ့သူနှစ်ဦးကို အသေဖမ်းဆီးရမိခဲ့တယ်လို့ထုတ်ပြန်ထားတာပါ။

အဲ့ဒီသဘောၤပေါ်ကို တက်ရောက်လုယက်တယ်ဆိုတဲ့သတင်းတွေအရ ဆိပ်ကြီးခနောင်တိုမြို့မရဲစခန်းက ရဲတွေက တူးမြောင်းအတွင်းက ကျောက်ချရပ်ထားတဲ့ မြတ်ပုဝါကျောက်သဘောၤပေါ်မှာ ကင်းပုန်းဝပ်စောင့်ဆိုင်း နေတဲံအချိန်မှာ သဘောၤနားကို ဓားကိုင်ထားတဲ့ လူနှစ်ဦးက တက်ရောက်လာတဲ့အချိန်မှာဓါးအောက်ချဖို့ ပြောတာကို လက်မခံဘဲ ဓါနဲ့ ပြန်ခုတ်တာကြောင့် .38 ဗို့ခြောက်လုံးပြူးသေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးရာမှာ ဓါးနဲ့ ခုတ်သူနှစ်ဦး သေနတ်ထိမှန် သေဆုံးတာဖြစ်တယ်လို့ သိရပါတယ်။

ကိုင်ဆောင်လာသည့်လက်နက်များ

 

ဒါ့အပြင် စက်လှေပေါ်ကျန်ရှိတဲ့ လူ ၁ ဦးကလည်း ရေထဲခုန်ချ ထွက်ပြေးသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဓါးနဲ့ ပြန်လည်ခုခံတာကြောင့် ဒုရဲအုပ်ဇော်မင်းထိုက်ရဲ့ ယာနားထင်မှာ ပြတ်ရှဒဏ်ရာ ၁ ချက်ရရှိခဲ့ပြီးတော့ ဆိပ်ကြီးခနောင်တိုမြို့နယ်မှာ အတွင်းလူနာအနေနဲ့ တက်ရောက်ကုသနေရတယ်လို့ ဆိုပါတယ်။

သြဂုတ်လ ၂၉ ရက်နေ့တုန်းကလည်း သုံးခွမြို့နယ် အနီးမှာလည်း ကုန်တင်သဘောၤတစ်စင်းသောင်တင်နေတာဖြစ်ပြီးတော့ အဲ့ဒီသဘောၤပေါ်မှာလည်း လုယက်မှုတွေမဖြစ်အောင်လုပ်ဆောင်နေတယ်လို့ လည်း ရဲတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။

တွံတေးတူးမြောင်းမှာ ရပ်ထားတဲ့သဘောၤတွေဆီကနေ ကုန်ပစ္စည်းလုယက်တာတွေက မကြာခဏဖြစ်ပေါ်လေ့ရှိတာကြောင့် အဲ့ဒီလို လုယက်သူတွေကို ဆက်ပြီးဖမ်းဆီးသွားမယ်ဆိုပြီးတော့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားတာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က