အသိအမြင်တွေဖွံ့ဖြိုးတိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ တက်တူးဆိုတာ အနုပညာတခုအဖြစ် နားလည်လက်ခံလာကြပါပြီ။ မိန်းကလေးတွေအတွက်လည်း တက်တူးက စိမ်းတဲ့အရာတခုမဟုတ်တော့ဘဲ ဒီကနေ့ခေတ် ဖက်ရှင်ရေစီးကြောင်းအပေါ်လိုက်ကာ ကိုယ့်စိတ်ကြိုက်တက်တူးဒီဇိုင်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ရေးထိုးလာကြပြီဖြစ်ပါတယ်။
အဲ့ဒါကြောင့်လည်း တက်တူးနဲ့ပတ်သက်လို့ စိတ်ပါဝင်စားတဲ့ မိန်းကလေးတွေအတွက် ထိပ်တန်းအဆင့် တက်တူးဒီဇိုင်းတွေကို ရွေးထုတ်တင်ဆက်ပေးလိုက်ရပါတယ်။
မိမိရဲ့ ဝါသနာကို ဖော်ကြူးတဲ့ ဒီဇိုင်း
ကိုယ့်ရဲ့ဝါသနာကို ဖော်ကြူးပြီး စိတ်ဝင်စားဖို့လည်းကောင်းတဲ့ တက်တူးဒီဇိုင်းက ယောက်ျားလေးတွေအတွက်သာမက မိန်းကလေးတွေအတွက်ပါ သင့်တော်တဲ့တက်တူးမျိုးပဲဖြစ်ပါတယ်။ လူမြင်ရတဲ့နေရာမျိုး ဥပမာ- လက်ဖျံလိုနေရာမျိုးမှာ ထိုးမယ်ဆိုရင်တောင် အမြင်ကောင်းပြီး အလန်းစားဒီဇိုင်းတွေကို ရေးထိုးနိုင်မှာဖြစ်ပါတယ်။
အိန်ဂျယ်တက်တူးဒီဇိုင်း။
မိန်းကလေးတွေ စိတ်ကြိုက်ဖြစ်လေ့ရှိတဲ့ တက်တူးဒီဇိုင်းပါပဲ။ ဗိုက်ကြွက်သားဘေးဘက် ဒါမှမဟုတ် နောက်ကျောကြွက်သားတို့မှာ ထိုးနိုင်ပြီး နတ်သမီးတောင်ပံပါဝင်တဲ့ ဒီတက်တူးဒီဇိုင်းကလည်း အနှိုင်းမဲ့လှပနေတဲ့ တက်တူးအမျိုးအစားပဲဖြစ်ပါတယ်။
အမျိုးအစားရောနှောထားတဲ့ တက်တူးဒီဇိုင်း။
တက်တူးတစ်ခုတည်းမှာပဲ အဓိပ္ပာယ်ပြည့်ပြည့်ဝဝဖြစ်ပြီး မတူညီတဲ့ တက်တူးဒီဇိုင်းလေးတွေကိုလည်း ရေးထိုးနိုင်ပါသေးတယ်။ အခုဖော်ပြထားတဲ့တက်တူးမှာဆိုရင် အသည်းနှလုံး၊ လက်ဝါးကပ်တိုင်နဲ့ ကျောက်ဆူးတို့ ပါဝင်ပြီး မိန်းကလေးငယ်ရဲ့ ခြေကျင်းဝတ်မှာ ဘယ်လိုပဲကြည့်ကြည့် ပနံရနေတဲ့ တက်တူးပဲဖြစ်ပါတယ်။ ဒီလိုစိတ်ကူးမျိုးကို ကိုယ်တိုင်စဥ်းစားနိုင်သလို ကျွမ်းကျင်တဲ့တက်တူးဆရာနဲ့လည်း တိုင်ပတ်ဆုံးဖြတ်နိုင်ပါတယ်။
တက်တူးအသေးစားလေးများ
ဒီကနေ့ခေတ်မှာ ရေပန်းစားလာတာကတော့ တက်တူးအသေးစားလေးတွေပဲဖြစ်ပါတယ်။ ကိုယ်နှစ်သက်ရာ ပုံစံမျိုးကို စိတ်ကြိုက်ရေးထိုးနိုင်ပြီး ယောက်ျားလေးတွေကအစ ဒီလိုတက်တူးအသေးစားလေးတွေကို သဘောကျနှစ်သက်နေကြပါတယ်။ မိန်းကလေးတွေအတွက်ဆိုရင်တော့ ဒီတက်တူးအသေးစားလေးတွေက ချစ်ဖို့လည်းကောင်းပြီး လှလည်းလှပတဲ့ တက်တူးလေးတွေပဲဖြစ်ပါတယ်။
ပန်းပုံစံတက်တူး
ပန်းမကြိုက်တဲ့မိန်းကလေးတွေရှိပေမယ့် ယေဘုယျအားဖြင့် ပန်းနဲ့မိန်းကလေးဟာ ဘယ်တော့မှ ခွဲခြားလို့မရပါဘူး။ ဒီတော့ ပုံစံဒီဇိုင်းအမျိုးမျိုး ရွေးချယ်နိုင်တဲ့ ပန်းပွင့်တက်တူးတွေလည်းရှိပြီး အရောင်နဲ့တကွ ထည့်သွင်းရေးထိုးနိုင်ရင်တော့ သိပ်ကိုလိုက်ဖက်ညီတဲ့ တက်တူးဒီဇိုင်းတွေဖြစ်လာမှာပါ။
လိပ်ပြာပုံစံတက်တူး။
ပန်းကလေးတွေပြီးရင်တော့ လိပ်ပြာဆိုတာကလည်း တက်တူးဒီဇိုင်းတွေမှာ မရှိမဖြစ် ထည့်သွင်းစဥ်းစားရတဲ့ ဒီဇိုင်းပါပဲ။ သင်နဲ့တက်တူးဆရာတို့ရဲ့ ဥာဏ်ရည်ကွန့်မြူးမှုအပေါ် မူတည်ပြီး မတူညီတဲ့ လိပ်ပြာဒီဇိုင်းအမျိုးမျိုးကို ဖန်တီးနိုင်ပါတယ်။ လိပ်ပြာပုံစံတက်တူးထိုးမယ်ဆိုရင်တော့ ချက်နားတဝိုက်က အလိုက်ဖက်ဆုံးလို့လည်း ပြောကြပါတယ်။
ဆင်တူတက်တူး
ချစ်သူနှစ်ယောက် ဒါမှမဟုတ် သူငယ်ချင်းတွေ အတူတူ ဆင်တူ တက်တူးထိုးမယ်ဆိုရင်တော့ အားလုံး စိတ်တိုင်းကျတဲ့ တက်တူးဒီဇိုင်းမျိုးကို ရွေးချယ်နိုင်ဖို့ လိုအပ်ပါပြီ။ အခြေခံအားဖြင့် သူငယ်ချင်းတွေက လက်ဖျံမှာ အသည်းပုံအသေးစားလေးကို တက်တူးဆင်တူထိုးလေ့ရှိပါတယ်။
Photo: Tattoosme
ဒါပေမယ့် အားလုံးအတွက် အမှတ်တရဖြစ်စေနိုင်မယ့် အခြားသောဆင်တူတက်တူးပုံစံလေးတွေကိုလည်း စဥ်းစားလို့ရပါတယ်။ ချစ်သူနှစ်ယောက်ထိုးဖို့အတွက်လည်း အမှတ်တရနေ့ရက်တွေ၊ နှစ်ယောက်သားနဲ့ကိုက်ညီတဲ့ Symbol သေးသေးလေးတွေကို စိတ်ကြိုက်ရွေးချယ်ပြီး ထိုးနိုင်ပါတယ်။