လက်ခံနိုင်စရာမရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။

အက်သလက်တီကိုမက်ဒရစ်နဲ့ပွဲမှာ ဂိုးလုံး၀မသွင်းနိုင်ခဲ့တဲ့အပေါ် ယူနိုက်တက်နည်းပြတန်ဟက်ဂျ်ပေါက်ကွဲနေခဲ့ပြီး အသင်းသားတွေကို လက်ခံနိုင်စရာမရှိတဲ့အဖြစ်လို့ ကြိမ်းမောင်းပြောဆိုခဲ့ကြောင်း သိရပါတယ်။ အေတီကိုကို ၁-၀ နဲ့ အရေးနိမ့်ခဲ့တာဖြစ်ပြီး သူ့လက်ထက်မှာ ရာသီကြိုခြေစမ်းပွဲမှာ ပထမဆုံးရှုံးပွဲဖြစ်သလို ပထမဆုံးဂိုးပေါက်ပျောက်ခဲ့တဲ့ပွဲလည်းဖြစ်ခဲ့တာပါ။ 

ပွဲချိန် ၈၆ မိနစ်မှာ ယာအိုဖိလစ်က အေတီကိုအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ရာသီကြိုခြေစမ်းပွဲတွေမှာ အနည်းဆုံးတပွဲကို ၂ဂိုးနှုန်းသွင်းယူနေခဲ့တာဖြစ်ပါတယ်။ အေဂျက်ဇ်နည်းပြဟောင်းကတော့ အသင်းကစားပုံက လက်ခံနိုင်စရာမရှိဘူးလို့ပြောဆိုခဲ့ပြီး အထူးသဖြင့် သွင်းဂိုးမရခဲ့တဲ့အပေါ်မှာ ဒေါသအိုးပေါက်ကွဲနေတာလို့ Mirror က ဆိုပါတယ်။ 

ယူနိုက်တက်ဟာ မက်ဂွိုင်းယား၊ မာရှယ်၊ ရက်ရှ်ဖို့ဒ်တို့ရဲ့ ဂိုးရနိုင်တဲ့ အခွင့်အရေးတွေကို ဆုံးရှုံးခဲ့ရတာလည်းဖြစ်ပါတယ်။ ပွဲအပြီးမှာ တန်ဟက်ဂျ်က " အခွင့်အရေးတွေ ဖန်တီးနိုင်တယ်ဆိုရင် အဲဒီကနေ အကျိုးအမြတ်ရအောင်ယူရမှာပါ၊ သူတို့က အခွင့်အရေးနည်းနည်းပဲလုပ်နိုင်ခဲ့ပေမယ့် တဂိုးသွင်းနိုင်ခဲ့တယ်၊ အဲဒီအခြေအနေက ကျနော့်အတွက် စိတ်ကျေနပ်စရာမဟုတ်ဘူး"

"အသင်းကို ကျနော်ပြောခဲ့တယ်၊ လက်ခံနိုင်စရာကိုမရှိဘူးလို့၊ ဘာလို့လဲဆိုတော့ ဧရိယာတွေထဲမှာ ဒီထက်ပိုပြီးတော့ ထက်မြက်တဲ့ပုံစံကို ပြသနေရမှာပါ၊ set-plays တွေကနေလည်း ကျနော်တို့ ကြီးမားတဲ့အခွင့်အရေးရခဲ့ပြီး မက်ဂွိုင်းယားအသုံးမချနိုင်ခဲ့ဘူး၊ ဒီပွဲကိုအနိုင်ရဖို့ လုံလောက်ခဲ့ပြီး အဲဒါက အမြဲတမ်းကျနော်တို့ရဲ့ရည်မှန်းချက်ပါ၊ တချို့အရာတွေကို ကျနော်တို့သင်ယူနိုင်ခဲ့ပေမယ့် အဆုံးမှာ ရလဒ်နဲ့ ဂိုးက မကောင်းခဲ့ဘူး" လို့ ပြောဆိုသွားခဲ့ပါတယ်။ 


ယူနိုက်တက်ကတော့ ဒီနေ့မှာ ဗက်လက်ကာနိုနဲ့ ထပ်မံခြေစမ်းဦးမှာဖြစ်ပြီး ရော်နယ်ဒိုပါဝင်လာမယ်လို့ တန်ဟက်ဂျ်က အတည်ပြုထားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က