ယူနိုက်တက်အသင်းခေါင်းဆောင်ဟာ ဂိုးသွင်းပြီးနောက် အောင်ပွဲခံခဲ့မှုဟာ သူ့အပေါ်ဝေဖန်သူတွေကို ပါးစပ်ပိတ်နေဖို့ ရည်ရွယ်ခဲ့တာလို့လည်း ကိန်းက စွပ်စွဲခဲ့ပါတယ်။
အယ်လ်ဘေးနီးယားနဲ့ပွဲမှာ အင်္ဂလန်အတွက် အဖွင့်ဂိုးသွင်းယူပေးပြီးနောက် ဒူးထောက်အောင်ပွဲခံကာ နားရွက်နှစ်ဖက်မှာ လက်ကပ်ခဲ့တဲ့ ဟယ်ရီမက်ဂွိုင်းယားရဲ့ အပြုအမူကို ဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်ခဲ့တဲ့ ရွိုင်ကိန်းက ပြစ်တင်ပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်အသင်းခေါင်းဆောင်ဟာ ဂိုးသွင်းပြီးနောက် အောင်ပွဲခံခဲ့မှုဟာ သူ့အပေါ်ဝေဖန်သူတွေကို ပါးစပ်ပိတ်နေဖို့ ရည်ရွယ်ခဲ့တာလို့လည်း ကိန်းက စွပ်စွဲခဲ့ပါတယ်။
ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ ယူနိုက်တက်ခံစစ်ပိုင်းအတွက် ဆိုးရွားတဲ့ခြေစွမ်းတွေ၊ ခေါင်းဆောင်မှုတွေကိုသာ ပြုလုပ်ခဲ့တဲ့ မက်ဂွိုင်းယားကို ရွိုင်ကိန်းက အမြင်မကြည်လင်ပဲ ရှိနေခဲ့ပါတယ်။ ဒါကြောင့်လည်း တောက်လျှောက်ဝေဖန်ပြစ်တင်နေခဲ့တာဖြစ်ပြီး မက်ဂွိုင်းယားကလည်း ဂိုးသွင်းအပြီးမှာ နားရွက်ပိတ်အောင်ပွဲခံခဲ့တာကြောင့် ကိန်းက အခုလိုပဲ ပြောဆိုသွားခဲ့ပါတယ်။
"ရှက်စရာကောင်းလိုက်တာဗျာ၊ ကျွန်တော်သာ ကွင်းထဲမှာရှိနေရင် ဒီကောင့်ကို ထိုးပစ်မိလိမ့်မယ်" လို့ ရွိုင်ကိန်းက Sky Sports ရဲ့ အစီအစဉ်တင်ဆင်နေရာကနေ ပြောဆိုသွားခဲ့ပါတယ်။ အဆိုပါပွဲမှာတော့ အင်္ဂလန်က ၅-၀ နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး အသင်းခေါင်းဆောင်ဟယ်ရီကိန်းက ဟက်ထရစ်သွင်းယူပေးခဲ့ကာ ဟန်ဒါဆန်က တစ်ဂိုးသွင်းယူပေးခဲ့ပါတယ်။