တောင်ကိုရီးယားအသင်းဘက်ကို လေးစားမှုမရှိတာလို့ ရွိုင်ကိန်းက ဆိုပါတယ်။

တောင်ကိုရီးယားကို အနိုင်ရရှိခဲ့တဲ့ ပွဲမှာတော့ ဘရာဇီးလ်နည်းပြတီထီဟာ အသင်းဂိုးသွင်းပြီးလို့ ကပြအောင်ပွဲခံခဲ့တဲ့ နေမာတို့အုပ်စုနဲ့အတူ ဝင်ရောက်ကခုန်သွားခဲ့ပါတယ်။ တောင်ကိုရီးယားကို တဂိုးပြီးတဂိုးဆက်တိုက် ဂိုးတွေသွင်းယူခဲ့ကာ ဘရာဇီးလ်က နာရီဝက်အတွင်းမှာပဲ ကွာတားဖိုင်နယ်ကို တက်လှမ်းပြခဲ့ကာ ကစားသမားတွေကလည်း အတူတူစုပေါင်းကခုန်အောင်ပွဲခံခဲ့ကြပါတယ်။ 

နည်းပြတီထီကလည်း ဝင်ရောက်ကခုန်ကာ အောင်ပွဲခံခဲ့ပြီး ဒီအပြုအမူအတွက်တော့ ရွိုင်ကိန်းက ဝေဖန်မှုတွေလုပ်သွားခဲ့ပါတယ်။ နည်းပြတီထီရဲ့ လုပ်ရပ်က တောင်ကိုရီးယားအပေါ် လေးစားမှုကင်းမဲ့တဲ့လုပ်ရပ်ဖြစ်ပြီး ဒီလိုမြင်တွေ့နေရတာကို သူ မယုံနိုင်ဖြစ်မိတယ်လို့ ဘောလုံးပွဲဝေဖန်သုံးသပ်သူ ရွိုင်ကိန်းက ပြောဆိုခဲ့ပါတယ်။ 



"ဗင်နီရှပ်ရဲ့ အဆုံးသတ်ပိုင်းက တော်တော်လေးက​ောင်းတယ်၊ ပွဲကိုအကောင်းဆုံးစတင်နိုင်ခဲ့တာပါ၊ ဒါပေမယ့် အဲဒီလိုမျိုးတွေ ကခုန်တာမျိုးတော့ ကျနော်မမြင်ဖူးဘူး၊ ကျနော်ကြည့်နေရတာကို မယုံနိုင်ဘူး၊ ကျနော် ဘာကိုကြည့်နေရတာလဲဆိုတာကို မယုံကြည်နိုင်အောင်ပဲဖြစ်ရပါတယ်၊ Strictly Come Dancing ရှိုးပွဲကို ကြည့်နေရသလိုပါပဲ"



"နည်းပြတီထီလည်း ပါဝင်လာခဲ့ပြီး ကျနော်ကတော့ အဲဒီလိုမျိုးကို သဘောမကျဘူး၊ လူတွေကတော့ ဒါ သူတို့ရဲ့ ယဉ်ကျေးမှုလို့ ပြောမှာပဲ၊ ဒါပေမယ့် တကယ်ကတော့ ပြိုင်ဘက်ကို လေးစားမှုကင်းမဲ့တာပါ၊ ဂိုး ၄ ဂိုးတောင်ရခဲ့တာဖြစ်ပြီး သူတို့က ဂိုးတိုင်း က နေကြတယ်၊ ပထမတ​ကြိမ်တော့ ကျနော့်စိတ်ထဲမရှိပါဘူး၊ ပြီးတော့ တခါပြီးတခါ ဖြစ်လာပြီး နောက်ဆုံး နည်းပြကပါ ဝင်လာတယ်၊ အဲဒီအတွက်တော့ ကျနော်မပျော်ရွှင်ဘူး" လို့ ရွိုင်ကိန်းက ပြောဆိုခဲ့ပါတယ်။ 

ဘရာဇီးလ်သားတွေကတော့ သူတို့ရဲ့ ရိုးရာအတိုင်း ကခုန်အောင်ပွဲခံမှုကြောင့် ပြီးခဲ့တဲ့ လအနည်းငယ်ကလည်း ပြသနာတွေဖြစ်ဖူးပါတယ်။ လာလီဂါမှာ ဗင်နီရှပ်ရဲ့ ကပြအောင်ပွဲခံမှုကို လူမျိုးရေးခွဲခြားမှုတွေရှိခဲ့ကာ ကခုန်အောင်ပွဲခံတာကို အပြစ်တင်ခဲ့ကြတာပါ။ ဒါပေမယ့် ရော်နယ်ဒင်ဟို၊ ရော်နယ်ဒိုတို့က ဗင်နီရှပ်ကို ကာကွယ်ပေးခဲ့ပြီး အားပေးတိုက်တွန်းမှုတွေရှိခဲ့ပါတယ်။ 

Share

Loading Next Article...
က္က