နောက်ဆုံးနှစ်ပွဲဆက် ကစားပုံပြောင်းခဲ့တာပါ။

ပီအက်စ်ဂျီနည်းပြ ဂဲလ်တီယာက သူ့အနေနဲ့ နောက်ဆုံးနှစ်ပွဲဆက်တိုက်မှာ အသင်းရဲ့ ကစားပုံကို အပြောင်းအလဲလုပ်ခဲ့ကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ ဒါဟာ တိုက်စစ်အတွဲ သုံးယောက်ဖြစ်တဲ့ မက်ဆီ၊ နေမာ၊ အမ်ဘာပေတို့ကို ပိုမို ကောင်းမွန်လာစေမယ်လို့လည်း ဂဲလ်တီယာက ယုံကြည်ထားပါတယ်။



ဂဲလ်တီယာဟာ ပီအက်စ်ဂျီရဲ့ နောက်ဆုံးနှစ်ပွဲဆက်တိုက်မှာ သူပုံမှန်အသုံးပြုနေကျ ၃-၄-၂-၁ အစား ၄-၃-၁-၂ ကစားကွက်ကို ပြောင်းလဲ အထိုင်ချခဲ့ပါတယ်။ မာဆေးလ်ကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာလည်း ဒီကစားကွက်ကို အသုံးပြုခဲ့ပြီး ဂဲလ်တီယာက အခုလိုပဲ ဖွင့်ဟလာပါတယ်။ ဂဲလ်တီယာက “အကြောင်းပြချက်ပေါင်းများစွာကြောင့် နောက်ဆုံးနှစ်ပွဲဆက်တိုက်မှာ ကျနော်တို့ရဲ့ ကစားကွက်ကို ပြောင်းလဲခဲ့ပါတယ်”

“ဒါက ပြိုင်ဘက်ကို ဘယ်လောက်အထိ ဒုက္ခပေးနိုင်မလဲရယ်၊ တိုက်စစ်အတွဲသုံးယောက်က ဘယ်လောက်အထိ နီးနီးကပ်ကပ် ကစားနိုင်မယ်ဆိုတာရယ်ကို ကျနော်တို့ ကြည့်ချင်ခဲ့ပါတယ်။ ဒီကစားကွက်နဲ့ပဲ ကျနော်တို့ နှစ်ပွဲ ကစားခဲ့ပါတယ်။ ဒါပေမယ့် ဘယ်လို ကစားကွက်မျိုးပဲဖြစ်ဖြစ်၊ ခင်ဗျား အများကြီး ပြေးလွှားနေရဦးမှာပါ။ မက္ကာဘီဟိုင်ဖာနဲ့ပွဲမှာ ဒီကစားကွက်နဲ့ ပွဲထွက်လာတယ်ဆိုရင်လည်း တယောက်ချင်းစီရဲ့ အားထုတ်မှုကို မှီခိုနေရဦးမှာပါ”

“ကစားကွက်နှစ်မျိုး၊ စနစ်နှစ်မျိုးရှိတာက အားသာချက်ပါ။ နည်းပြတိုင်း ကိုင်တွယ်ခွင့်ရဖို့ အိပ်မက်မက်ရတဲ့ တိုက်စစ် ကစားသမား သုံးယောက်အတွက် တန်ပြန်သက်ရောက်မှုတွေရှိတယ်ဆိုတာကလည်း အမှန်ပါပဲ။ နည်းပြတယောက်အနေနဲ့ အကောင်းဆုံး အခြေအနေကို ပေးစွမ်းဖို့ ကျနော့်အပေါ်မှာ မူတည်နေပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ဒီကနေ့ည အိမ်ကွင်းမှာ ရင်ဆိုင်ရမယ့် ပြိုင်ဘက် မက္ကာဘီဟိုင်ဖာရ့ အနေအထားအပေါ်မှာလည်း ဂဲလ်တီယာက “သူတို့က စုစည်းမှုကောင်း၊ နည်းစနစ်ကောင်းတဲ့ ကစားသမားတွေရှိပါတယ်။ ဂျူဗင်တပ်စ်ကိုလည်း သူတို့က မတူညီတဲ့ စနစ်တခုနဲ့ အနိုင်ယူခဲ့ပြီး ဒါကပဲ သူတို့နည်းပြရဲ့ အရည်အသွေးကို သက်သေပြနေပါတယ်” လို့ ချီးကျူးပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က