ဆုပန်ထွာနဲ့ ကိုဥက္ကာကျော် တို့ ဇနီးမောင်နှံကတော့ သားလေးRoar Roar Kyaw ကို အချစ်တွေ ပြိုင်နေကြတာ တွေ့ရပါတယ်. သူတို့ မိသားစုလေးက ဘယ်အချိန် ကြည့်ကြည့် ပျော်ရ့ွှင်စရာကောင်းလို့နေပါတယ်
ဆုပန်ထွာရဲ့ ခင်ပွန်းဖြစ်သူ ကိုဥက္ကာကျော်က သားလေး Roar Roar Kyaw ရဲ့ ဝါသနာကို ဆောင်ရွက်ပေးထားကြတာဖြစ်ပါတယ်. ဒီ ဝါသနာအပေါ်မှာလည်း လစ်ဟင်းမှု မရှိတဲ့ Roar Kyaw လေးအကြောင်းကို အခုလို ပြောပြလာပါတယ်.
'' ရေတံခွန် လေးနဲ့ ငှက်လှောင်အိမ်လေးတော့ပြီးသွားပြီ မြက်တွေပြန်စိုက်ရဦးမယ်။ နံနက်တိုင်း ခြံထဲဆင်းပြီးသူ့ကြက်လေးတွေကို အစာကျွေးတဲ့ အစ်ကို ကြီး ကတော့ သူ့အလုပ်ကိုတစ်နေ့မှမပျက်ဘူး'' ဆိုပြီးတော့ ကိုဥက္ကာကျော်ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဒီဇင်ဘာလ ၁၂ ရက်နေ့ မနက် ၁၀ နာရီကျော် က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်. အဲ့ဒီနောက် မေမေ ဆုပန်ထွာကလည်း ''မားမားအချစ်ကလေး'' ဆိုပြီးတော့ Comment ပေးခဲ့ပါတယ်.
ဆုပန်ထွာတို့ မိသားစုလေးကို အားမကျတဲ့ ပရိသတ်တွေ မရှိသလောက်ပါပဲ. အမြဲတမ်း ပျော်ပျော်ရွှွင်ရွှွင်နေတတ်ကြတဲ့ သူတို့ မိသားစုလေးကလည်းပရိသတ်အခိုင်အမာ ရရှိထားကြသူတွေဖြစ်ပါတယ်. အဲ့ဒီနောက် အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း ကြာသာပတေးနေ့တိုင်း ဆွမ်းလောင်းလှူဒါန်းဖြစ်သလို အကူအညီ လိုရင် လိုတဲ့သူတိုင်းကိုလည်း လက်မနှေးပဲ ကူညီတတ်တဲ့ ဇနီးမောင်နှံဖြစ်ပါတယ်။ သရုပ်ဆောင် ဆုပန်ထွာနဲ့ ကိုဥက္ကာကျော်တို့ဟာ ဝေဖန် တိုက်ခိုက်မှုများစွာရဲ့ ကြားကနေ လက်ထပ်ဖြစ်ခဲ့တဲ့ ဇနီးမောင်နှံဖြစ်ပါတယ်။
ဆုပန်ထွာဟာ သူ့ရဲ့ ဘဝမှာ ခင်ပွန်းဖြစ်တဲ့ ကိုဥက္ကာကျော်ရဲ့ ချစ်ခြင်းတစ်ခုတည်းနဲ့တင် ပြည့်စုံနေပြီလို့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ဖူးပါတယ်။ သာယာပျော်ရွှွင်တဲ့ မိသားစု ဘဝတစ်ခုကို ဦးဆောင် တည်ဆောက်ပေးတဲ့ ခင်ပွန်းဖြစ်တာကြောင့်လည်း သူ့ရဲ့ ဘဝမှာ အစစအရာရာ ပြည့်စုံခဲ့တယ်လို့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာဖွင့်ပြောပြခဲ့ဖူးပါသေးတယ်။
ဆုပန်ထွာဟာ သားလေးRoar Roar Kyaw မွေးပြီးတဲ့နောက် မိသားစုကိုလည်း အချိန်ပေးဖြစ်သလို အနုပညာအလုပ်တွေလည်း ဆက်တိုက် ဆောင်ရွက် နေရတာဖြစ်ပါတယ်။ သရုပ်ဆောင်အလုပ်ကိုလည်း လက်မလွှတ်တမ်းဆောင်ရွက်နေသလို ဂီတဘက်မှာလည်း ဖျော်ဖြေရေးတွေ သီဆိုနေရတယ်လို့ သိရပါတယ်။
Photo: ဆုပန်ထွာ, Amazing Grace