သားချစ်တဲ့ ဘယ်မိန်းကလေးကိုမဆို လက်ခံမှာပါတဲ့။

သရုပ်ဆောင်ညိုလင်းထက်နဲ့ သူရီလင်းသစ်တို့ရဲ့သားလေး ဟန်ဘုန်းထက်ဟာ အသက်၁၅နှစ်အရွယ်သာ ရှိသေးပြီ ချောမောတဲ့ ရုပ်ရည်ကြောင့် ပရိသတ်တွေ ချစ်ခင်အားပေးမှုကို ရရှိနေသူလေး ဖြစ်ပါတယ်။



သားဖြစ်သူကို မိန်းကလေးပရိသတ်တွေအများအပြားလက်ခံအားပေးကြတဲ့အတွက် မိခင်တစ်ယောက်ရဲ့ခံစားချက်ကို သူရီလင်းသစ်က အခုလို ပြောပြလာပါတယ်။

 "သားကိုသဝန်တိုတဲ့အမေထဲမှာမပါဘူး။ အဓိက တော့ အစ်မရဲ့သားသမီးတွေကြောင့် သူများအနှောင့်အယှက်မဖြစ်တဲ့သူအထဲပဲ ပါချင်တာ။ အစ်မက သားသမီးတွေကိုတော့ သဝန်မတိုဘူး။ လူတိုင်းချစ်ပေးလေ အစ်မက ပိုကြိုက်လေ။ ပိုချစ်ကြလေ ပိုပြီးတော့သဘောကျတယ်။ ကိုယ်က ဝမ်းသာတယ်၊ ပီတိဖြစ်တာပေါ့"လို့ ဆိုပါတယ်။

အသက်၁၅နှစ်အရွယ်ကို ရောက်နေပြီဖြစ်တဲ့ သားလေးအတွက် အနာဂတ်မှာတွေ့ကြုံလာမယ့်အချစ်ရေးနဲ့ပတ်သက်ပြီး မိခင်တစ်ဦးရဲ့ စံနှုန်းတွေကိုလည်း ပြောပြလာပါတယ်။ 

"အစ်မသားလေးကိုအစ်မ အရမ်းချစ်တယ်။ အစ်မအရမ်းချစ်သလို အစ်မသားလေးကို ချစ်ပေးနိုင်မယ့် ဘယ်မိန်းကလေးမျိုးကိုမဆို အစ်မချစ်တယ်။ အစ်မသားကလည်း အဲ့ဒီ့မိန်းကလေးကိုချစ်ရမယ်။တန်ဖိုးထားရမယ်။ တကယ်ကိုတစ်သက်လုံး ကြင်ကြင်နာနာရှိရမယ်။ ယူခါစမှာတော့အရမ်းချစ်နေပြီးတော့ နှစ်တွေကြာပြီးရိုးသွားတာတို့ဘာတို့ အစ်မကမဖြစ်စေချင်ဘူး။ အဲ့ဒီ့မိန်းကလေးကလည်းသူ့အိမ်ထောင်ရေးမှာ အမြဲတမ်းကို အသစ်ကလေးတွေဖန်တီးနိုင်တဲ့ မိန်းကလေးဆိုရင်တော့ ဒီ အိမ်ထောင်ရေးကမြဲမှာလေ။ အဲ့ဒီ့လိုမိန်းကလေးမျိုးကိုတော့အစ်မ မျှော်လင့်တယ်။ သူ့ရဲကံပါလာသလောက်တော့အစ်မတို့ရမှာပေါ့"ဆိုပြီး သားဖြစ်သူရဲ့အနာဂတ်ချစ်ခရီးလမ်းအပေါ် မိခင်တစ်ဦးရဲ့ သဘောထားကို ပြောပြလာပါတယ်။

Photo- Thuri Linn Thit FB

သရုပ်ဆောင် ညိုလင်းထက်နဲ့ သူရီလင်းသစ်တို့ကတော့ တစ်ချိန်တုန်းက လူသိများခဲ့တဲ့ VCD ခေတ် သရုပ်ဆောင်တွေဖြစ်ကြပြီး နှစ်အတော်ကြာပရိသတ်တွေရှေ့ကနေ ပျောက်ကွယ်နေခဲ့တာပါ။ အနုပညာအလုပ်တွေကို နှစ်ဦးစလုံး ရပ်နားလိုက်ပြီး စီးပွားရေးလောကထဲ ခြေစုံပစ်ဝင်ခဲ့ပြီးနောက်မှာတော့ အခုဆိုရင် ချောမောလှပတဲ့ သားလေးနဲ့သမီးလေးနဲ့အတူ ပရိသတ်ရှေ့ ပြန်လည် ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ သားလေး ဟန်ဘုန်းထက်နဲ့သမီးလေးသုသုလင်းထက်တို့နှစ်ဦးဟာလည်းအခုဆိုရင်ပရိသတ်တွေ အားပေးမှု အများအပြားကိုရရှိနေပြီပဲ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က