သားချောလေးနဲ့ သမီးချောလေးကိုပိုင်ဆိုင်ထားကြပြီပဲဖြစ်ပါတယ်။

တစ်ချိန်က VCD တစ်ခေတ်မှာ အောင်မြင်ခဲ့ကြတဲ့ သရုပ်ဆောင် ညိုလင်းထက် နဲ့ သူရီလင်းသစ်တို့နှစ်ဦးရဲ့ မျိုးဆက်သစ်လေးတွေ ဖြစ်ကြတဲ့ သားလေး ဟန်ဘုန်းထက်နဲ့ သမီးလေး သုသုလင်းထက်တို့ဟာ သရုပ်ဆောင်လုပ်ဖို့ ကမ်းလှမ်းချက်တွေ စတင်ရရှိနေပါပြီ။

မိဘနှစ်ပါးစလုံးရဲ့ရုပ်ရည်အမွေကိုရရှိထားသူဖြစ်ပြီး အခုရက်ပိုင်းမှာ ပရိသတ်တွေရဲ့အထူးစိတ်ဝင်စားမှုကို ရရှိနေပြီး သရုပ်ဆောင်လုပ်ဖို့ကမ်းလှမ်းချက်တွေစတင် ရရှိလာခဲ့တာဖြစ်ပါတယ်။



Photo- Thuri Linn Thit FB

ခရီးအစမှာတင်ပရိသတ်တွေ ချစ်ခင်မှုကို ရရှိထားတဲ့ သားနဲ့သမီးလေးရဲ့အနုပညာကမ်းလှမ်းချက်တွေနဲ့ပတ်သက်ပြီး မိခင်ဖြစ်သူ သရုပ်ဆောင် သူရီလင်းသစ်က " ကြော်ငြာ ကမ်းလှမ်းချက်လေးတော့ ရလာပြီ။ မနေ့က မီဒီယာတစ်ခုက အင်တာဗျူးတက်လာပြီးတဲ့နောက်မှာ Messenger ကနေ ဆက်သွယ်လာတယ်။ ဒါပေမယ်​ ပို့တဲ့သူတွေအရမ်းများပြီး Messenger က ပြုတ်ကျသွားတယ်။ ပြောလို့မရတော့ဘူး။ အဲ့ဒီ့အတွက်လည်းတောင်းပန်ပါတယ်။ သားလေးကတော့ သူ့ကိုအရမ်းအားပေးကြတာမြင်ပြီး ပျော်လွန်းလို့ငိုချင်လာတယ်တောင်ပြောတယ်။ သူ့အတွက် Modelling Agency ပိုင်းအပ်ပေးရမယ်။ Body တောင့်ဖို့ Gym ဆော့ခိုင်းရမယ်"လို့ ပြောပါတယ်။

အနုပညာလောကထဲ ကိုဝင်ရောက်ဖို့ သားလေးအတွက် အပြည့်အဝ ပံ့ပိုးပေးမယ့်အကြောင်းလည်း မိခင်ဖြစ်သူက ပြောပြလာပါတယ်။ 



Photo- Thuri Linn Thit FB

သားဖြစ်သူ ဟန်ဘုန်းထက်က အသက်၁၅နှစ်ရှိပြီဖြစ်ပြီး သမီးဖြစ်သူ သုသုလင်းထက်ကတော့ အသက်၉နှစ်ထဲမှာပါ။ လတ်တလောမှာတော့ အမျိုးသားဖြစ်သူ ညိုလင်းထက်ရဲ့ အလုပ်ရှိတဲ့ မြဝတီမြို့မှာအတူ ရှိနေကြပြီး ရန်ကုန်ကိုအနုပညာ အလုပ်တွေအတွက် ဇွန်လလယ်ပိုင်းမှာ ပြန်လည် ရောက်ရှိလာမယ်လို့ လည်း သရုပ်ဆောင်သူရီလင်းသစ်က ပြောပြခဲ့ပါတယ်။ 

"သူတို့အဖေက တော့ အေးအေးဆေးဆေးသမားမို့လို့သူ့သားလေး ပရိသတ်တွေချစ်ခင်ပေးကြတာကိုတော့ သူဝင်ဖတ်ကြည့်တယ်၊ ဝင်ကြည့်ပေးတယ်။ သားနဲ့သမီးကိစ္စတွေအကုန်လုံးကို အစ်မကိုလွှဲပေးထားတယ်။ အစ်မအနေနဲ့သားလေးနဲ့သမီးလေးကိုဝန်းရံပေးကြလို့ ချစ်ပေးကြလို့တကယ်ကျေးဇူးတင်ပါတယ်" လို့ အမေတစ်ယောက်ရဲ့ တိစကားသံတွေနဲ့ ပြောပါတယ်။ 

Photo- Thue Thue Linn Htet FB

သရုပ်ဆောင် ညိုလင်းထက် နဲ့ သူရီလင်းသစ်တို့ကတော့ ၂၀၀၆ခု နှစ်မှာအိမ်ထောင်ပြုခဲ့ ကြပြီး ၂၀၀၇ ုနှစ်မှာ သားလေး ဟန်ဘုန်းထက်ကိုမွေးဖွားခဲ့ကြပါတယ်။ ၂၀၁၂ခု နှစ်မှာတော့ သမီးလေး သုသုလင်းထက်ကိုမွေးဖွားခဲ့တာပါ။ သရုပ်ဆောင်ညိုလင်းသစ်ကဟာ သားကြီးဖြစ်သူ ဟန်ဘုန်းထက်ကို မွေးဖွားသည်အထိ အနုပညာအလုပ်တွေကိုလုပ်ဆောင်ခဲ့ပြီး နောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကိုရပ်နားခဲ့သူဖြစ်ပါတယ်။ အဲ့ဒီ့နောက်မှာတော့ သရုပ်ဆောင်သူရီလင်းသစ်ရဲ့ မိသားစု စီးပွားရေးဖြစ်တဲ့ မော်လမြိုင်က ရွှေပန်းတိမ်အလုပ်ကိုလုပ်ကိုင်ခဲ့ကြပြီး နောက် အခုလက်ရှိမှာတော့ မင်းသားညိုလင်းထက်က မြဝတီမှာပဲ စီးပွားရေးအလုပ်တွေကိုလုပ်ကိုင်နေတယ်လို့သိရပါတယ်။ 

Photo- Thuri Linn Thit FB

သရုပ်ဆောင်ညိုလင်းထက်နဲ့ သူရီလင်းသစ်တို့ အိမ်ထောင်သက်တမ်းကတော့ ၁၆နှစ်ထဲကိုရောက်ရှိလာခဲ့ပြီဖြစ်ပြီး မိသားစုဘဝလေးကိုအေးအေးချမ်းချမ်းနဲ့ရိုးရိုးရှင်းရှင်းလေးပဲ ဖြတ်သန်းနေကြတာဖြစ်ပါတယ်။

Share

က္က