သားဘုန်းပြည့်စုံနဲ့ သမီးလေးမေကြေးမုံတို့ဟာ သာသနာ့ဘောင်ထဲ အပြီးတိုင် ဝင်ရောက်ခဲ့ကြတာပါ။

နိုင်ငံကျော်တေးသံရှင် မနောက သူ့ရဲ့ သားသမီးနှစ်ဦးဖြစ်သူ သားဘုန်းပြည့်စုံနဲ့သမီးလေးမေကြေးမုံတို့ဟာ လောကီ ကိုစွန့်လွှတ် ပြီး သာသနာ့ဘောင်ထဲ အပြီးတိုင် ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း သူ့ရဲ့ လူမှုကွန်ရက်ကတဆင့် အသိပေးလိုက်ပါတယ်။



“သမီးလေး မေကြေးမုံ နှင့် သားလေး ဘုန်းပြည့်စုံ သာသနာ့ဘောင်မှာ အပြီးအပ်နှင်းလိုက်ပြီ။မိဘတိုင်း သားသမီးများနှင့် ဘယ်ခွဲချင်ပါ့မလဲ။သိပ်ကိုပင်ပန်းကြမှာပါ။အမှန်တကယ် မေတ္တာအစစ်နဲ့ ပေးဆပ်ချစ်နိုင်ဖို့တော့လိုပါတယ်။ ဒီဘဝအတွက်လောက်ပဲ ချမ်းသာခြင်းကိုပေးတာမဟုတ်ပါ သူတို့လေးတွေကို တန်ဖိုးထားသလို လေးစားဦးညွှတ်ပါတယ်။ ယခင် နှင့် ယခု ဘဝတွေက ကျနော်တို့မိဘနှစ်ပါးရဲ့ ဖန်တီးခဲ့သော အကြောင်းများကြောင့် ယခုဘဝမှာ သားလေးသမီးလေးတွေဆိုတဲ့ အကျိုးတရားတွေ သမုဒယတွေရရှိခဲ့ရပြီပေါ့ နောင်ဘဝဆိုတာကြီးကိုပြန်မရစေဖို့ အကြောင်းတွေ မဖန်တီးဖြစ်အောင် ပြုလုပ်ရခြင်းသာဖြစ်ပါတယ် ။ခန္ဓာရခြင်းဟာ ဒုက္ခရခြင်းအတိဖြစ်ပါ၍ သမုဒယသစ္စာကိုအရှင်းသားကြီးမြင်နိုင်မှာဖြစ်ပါတယ် ။ဤကုသိုလ်များကြောင့် အားလုံးသော လူနတ်ဗြဟ္မာသတ္တဝါအပေါင်း ထပ်တူရပါစေခင်ဗျာ ၊အများအမြင် ကိုယ်ချင်းမစာသူကြီးမောင်မနော"ဆိုပြီး သူ့ရဲ့ဆိုရှယ်မီဒီယာထက်မှာ ရေးသားထားပါတယ်။


Photo- Ma Naw FB

သားဖြစ်သူ ဘုန်းပြည့်စုံဟာ စစ်ကိုင်း မြစင်္ကြာ မှာ ဗုဒ္ဓစာပေ သင်ယူမှာဖြစ်ပြီး သမီး‌ဖြစ်သူ မေကြေးမှုံကတော့ စစ်ကိုင်း သကျဓီတာ မှာ ဗုဒ္ဓစာပေ သင်ယူမယ်လို့ သိရပါတယ်။

သမီးလေးမေကြေးမုံကလည်း ဖခင်လိုပဲ မြန်မာသံသီချင်းတွေနဲ့အောင်မြင်မှု ရရှိနေပြီး ပရိသတ်အားပေးမှု အများအပြား ရရှိထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။

Photo- Ma Naw FB

တေးသံရှင် မနောဟာ ‘’မိချောရေ’’၊ ‘’ဗိုလ်အောင်ဒင်’’ သီချင်းတွေနဲ့ နိုင်ငံတဝှမ်း ပရိသတ် အခိုင်အမာ ရှိထားသူ ဖြစ်ပါတယ်။

သင်္ကြန်နှစ်သစ်ကူး ပွဲတော်‌နဲ့ အခြား ပျော်ပွဲ ရွှင်ပွဲတွေမှာ ဒီသီချင်းတွေဟာ နှစ်အတော်ကြာ နေရာယူထားနိုင်ခဲ့တာပါ။

Share

က္က