အာဇာနည်တစ်ယောက် မကြာခင်မှာ တစ်နှစ်ပြည့်တော့မယ့် သားငယ်လေးအတွက် ဝမ်းသာပီတိစကားတွေ ပြောပြလာ ပါ တယ်။ သူဟာ သားနှစ်ယောက် ပိုင်ဆိုင်ထားတဲ့ ဖခင်လည်းဖြစ်ပါတယ်။
အဆိုတော် အာဇာနည်နဲ့ သရုပ်ဆောင် ဝမ်း တို့ရဲ့ သားငယ်လေး ချစ်ချစ်တုန်က ဒီဇင်ဘာလ ၁၀ ရက်နေ့က ၁၁ လပြည့်ခဲ့ပါပြီ။ မကြာခင် တစ်နှစ်ပြည့်တော့မှာ ဖြစ်တဲ့အတွက် ဖေဖေ အာဇာနည်ရဲ့ ရင်ခုန်သံကိုလည်း အခုလို ပြောပြလာပါတယ်။
''ချစ်လေးဆယ်တစ်လပြည့်ပြီး ဆယ်နှစ်လထဲဝင်ပါပြီ။ မကြာခင်တစ်နှစ်ပြည့်တော့မယ် ချစ်တယ် '' ဆိုပြီးတော့ ဒီဇင်ဘာလ ၁၀ ရက်နေ့ည ၁၁ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် မိသားစုဝင်တွေအပြင်၊ အနုပညာသူငယ်ချင်းတွေနဲ့ အမှတ်တရ ဓာတ်ပုံတွေကိုပါ တင်ပါသေးတယ်။
အဆိုတော် အာဇာနည် နဲ့ သရုပ်ဆောင် ဝမ်းတို့ရဲ့ သားငယ်လေး ချစ်ချစ်တုန်ကတော့ နိုဝင်ဘာလ ၁၀ ရက်နေ့က ၁၀လပြည့်ခဲ့တုန်းကလည်း သစ်တံခါးကျောင်းတိုက်မှာအလှူအတန်းတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
''ချစ်ချစ်တုန် ၁၀ လပြည့် သစ်တံခါးကျောင်း တွင်နေ့ဆွမ်း နှင့် စတုဒီသာ အလှူ'' ဆိုပြီးတော့ ဖစ်ဖစ် ချစ်ချစ် တို့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ နိုဝင်ဘာလ ၁၀ ရက်နေ့ ည ၁၀ နာရီကျော်က တင်ခဲ့တာဖြစ်ပါတယ်။ သားလေးရဲ့၁၀လပြည့် မွေးနေ့လေးမှာလည်း မိသားစုနဲ့ အတူ ပျော်ပျော် ရွှင်ရွှင်ဖြတ်သန်းခဲ့ကြပုံတွေကို ဝမ်းရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ နိုဝင်ဘာလ ၁၀ ရက်နေ့ည ၉ နာရီကျော်က တင်ခဲ့ပါတယ်။
အာဇာနည်နဲ့ ဝမ်းတို့ရဲ့ ဒုတိယမြောက်သားငယ်လေးဖြစ်တဲ့ ချစ်ချစ်တုန် ကတော့ အောက်တိုဘာလ ၁၀ ရက်နေ့က ၉ လပြည့်ခဲ့တာပါ။ အာဇာနည်ရဲ့ သားငယ်လေး ချစ်ချစ်တုန်ကိုတော့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ က ရန်ကုန်မြို့ ပန်းလှိုင်ဆေးရုံကြီးမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။
သားနှစ်ယောက် ပိုင်ဆိုင်ခွင့်ရထားတဲ့ အာဇာနည်နဲ့ ဝမ်းတို့ကလည်း ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ သားကြီး ဖစ်ဖစ်တုန် ကလည်း ညီငယ် လေး ချစ်ချစ်တုန်ကို အရမ်းချစ်တယ်လို့ သိရပါတယ်။သားကြီး ဖစ်ဖစ်တုန် (ခ) ဉာဏ်ဘုန်းဇာနည်က အသက် ၈ နှစ်ရှိပြီဖြစ်ပြီး ဒုတိယတန်း တက်ရောက်နေပြီလို့ သိရပါတယ်။