30% အလုပ်ကို ပြီးစီးနိုင်တာမို့ Startup တွေအတွက် AI ဟာ အထောက်ကူဖြစ်စေမယ်လို့ ပြောခဲ့တာပါ

ထွန်းကားလာတဲ့ AI နည်းပညာနဲ့ ပတ်သက်ပြီး အများစု စိုးရိမ်နေတာ အလုပ်လက်မဲ့ သို့မဟုတ် အလုပ်ရှားလာမယ် ၊ အထူးသဖြင့် လူနေရာ အစားထိုးလာနိုင်တဲ့ AI အရည်ချင်းကြောင့် သောကရောက်နေတယ် ပြောရင်လည်း မမှားပေဘူး။

ဒါနဲ့ ပတ်သက်ပြီး အဆိုးဖက် သို့ အကောင်းဖက်ကို ဦးတည်မလား မေးခွန်းကို Airbnb CEO “Brain Chesky” က သူ့အထင်မြင် တချို့ကို အားတက်သရော ပြောဆိုလိုက်ပါတယ်။

ဘယ်မှာ ပြောခဲ့တာလဲဆိုရင် “This Week in Startups” ဆိုတဲ့ Episode မှာ Investor “Jason Calacanis” ကို “ သန်းနဲ့ချီတဲ့ Startup တွေကို ပဲ့ကိုင်ရှင်သဖွယ် လမ်းပြသွားလိမ့်မယ်” လို့ ပြောခဲ့တာပါ။ 

သူ့ကုမ္ပဏီက ဝန်ထမ်းတွေရဲ့ အလုပ် 30% ကို AI အကူညီနဲ့ ပြီးစီးစေတာမို့ ပိုပြီးတော့ Productive ဖြစ်စေတယ် ၊ ဒါနဲ့ ပတ်သက်ပြီး နောက်တမျိုး ပြောခဲ့တာ ဝန်ထမ်း အသစ်ခေါ်ရင် အခွန်ခ ထပ်ပေးစရာ မလိုတဲ့ သဘော ပြောခဲ့တာမို့ CNBC Report အရ CEO ပြောစကားကို ပညာပါပါ ဆန်းစစ်ဖို့တော့ လိုမှာပါ။

ဘာလို့လဲဆိုတော့ အလုပ်ကိုင်သစ် ရှာဖွေနေသူအဖို့ အခွင့်လမ်း နည်းသွားသယောင် ဖြစ်နေပေမယ့် ကိုယ်ပိုင် Startup ၊ ကိုယ်ပိုင် ကုမ္ပဏီ စတင်ဖို့ အကောင်းဆုံး Headstart ဖြစ်လာမယ်လို့ သူ့အထင်မြင်ကို ထည့်ပြောထားလို့ပါ။

“လွန်ခဲ့တဲ့ ၅ နှစ်တုန်းက Software Engineer တစ်ယောက်ပဲ လုပ်နိုင်တဲ့အလုပ်ကို အခုဆို ဘယ်သူမဆို လုပ်နိုင်ပြီ ၊ ဒါနဲ့တင်ဘဲ တော်တော် အလုပ်ဖြစ်နေပေမယ့် တချို့လူတွေအဖို့ အနှောက်ယှက် ဖြစ်စေမယ်” လို့ ကျနော် ထင်တယ်။
  • Airbnb CEO "Brian Chesky" [Image: via Getty Images]
တချို့ လုပ်ငန်းရှင်တွေရဲ့ အတွေးအမြင်မှာကျ စီးပွားရေးနဲ့ ဖန်တီးမှု အပိုင်းတွေမှာ ကျဆင်းသွားစေတယ် ၊ Creative မဖြစ်ဘူးလို့ Business Leader တဦးဖြစ်သူ Warren Buffett ရဲ့ အတွေးမြင်ကိုကျ သံသယ ဖြစ်စေတယ် ၊ ယုံကြည်စရာ မရှိလို့ ဖော်ပြထားသလို

Elon Musk ကိုကျ Development ပိုင်းမှာ ဘယ်လိုပဲ နှေးကွေးစေဦးတော့ ၊ AI ကြောင့် အလုပ်တွင်တာ မှန်ပေမယ့် အားသာချက် ၊ အားနည်းချက်ရှိတယ်ဆိုတဲ့ အတွေးမျိုးကို ပိုလက်ခံတယ် စသဖြင့် AI ကဏ္ဌနဲ့ ပတ်သက်ပြီး သူ့ အထင်မြင်ကို သုံးသပ်ထားပါတယ်။

ဘယ်လို အနေထားမျိုးကို Develop လုပ်ဖို့ လိုလဲ သူ့အဆိုကို ထပ်ပြောရရင် လက်ရှိ ခေတ်ပေါ် နည်းပညာတွေဟာ လူသားတွေအတွက် ကြီးမားတဲ့ အန္တရာယ်ရှိတယ်ဆိုတဲ့ အဆိုပြုချက်ကို လက်မှတ်ရေးထိုးလိုက်တဲ့ OpenAI နဲ့ Google DeepMind လို AI Pioneer တွေပါ။ 

အထူးသဖြင့် Pandemic နဲ့ နူယူးကလိယ တိုက်ပွဲမျိုးလို Extinction Level လို မျိုးတုံးမှုထိ ဖြစ်လာနိုင်တဲ့ အဆိုးရွားဆုံး အခြေနေထိ တွက်ဆတာမျိုး အဖို့ နည်းလမ်း ဥပဒေတစ်ခု AI တွေအတွက် ချမှတ်ဖို့ လိုအပ်မယ်လို့ ယခုအပတ် Episode မှာ AI နဲ့ ပတ်သက်တဲ့ သူ့ထင်မြင် ယူဆချက်တွေကို အခုလို CNBC က တင်ဆက်ခဲ့ပါတယ်။

Source: Business Insider



Share

Loading Next Article...
က္က