ဒီဖြစ်ရပ်ကို ရဲတပ်ဖွဲ့က စုံစမ်းနေပြီဖြစ်ပါတယ်။

မနေ့ညက ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဗီလာရီးရဲလ်တို့ရဲ့ ပွဲကတော့ နှစ်ဖက်သွင်းဂိုးတွေနဲ့ အကြိတ်အနယ်ရှိခဲ့ကာ ဗီလာရီးရဲလ်က အဝေးကွင်းမှာ ၂-၃ နဲ့ အနီုင်ရရှိသွားခဲ့ပါတယ်။ ဒီပွဲအပြီးမှာတော့ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူဗယ်လ်ဗာဒီဟာ ဗီလာရီးရဲလ်ကစားသမား အဲလက်စ်ဘယ်နာကို ကားပါကင်မှာ လိုက်လံထိုးကြိတ်မှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။ 

ပွဲကစားချိန်အတွင်းမှာ ဘယ်နာက ဗယ်လ်ဗာဒီရဲ့ ဇနီးသည် ကိုယ်ဝန်ပျက်ကျခဲ့တာနဲ့ပတ်သက်ပြီး လှောင်ပြောင်ခဲ့တယ်လို့ သိရပါတယ်။ ကိုပါဒယ်ရေးမှာ ဒီနှစ်သင်းတွေ့ဆုံခဲ့တုန်းကလည်း ဘယ်နာက အခုလိုပဲ ပြောဆိုခဲ့ဖူးသေးတယ်လို့ သိရပြီး ဒီတကြိမ်မှာတော့ ဗယ်လ်ဗာဒီက သည်းမခံနိုင်တော့ဘဲ လိုက်လံထိုးကြိတ်ခဲ့တာလို့ စပိန်သတင်းစာတွေက ဆိုပါတယ်။

"မွေးမှာမဟုတ်တော့တဲ့ မင်းကလေးအကြောင်းတွေပြီး ငိုနေလိုက်တော့" လို့ ဘယ်နာက ပထမအကြိမ်တုန်းက ပြောခဲ့သလို မနေ့ညကလည်း ထပ်ပြောခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဗယ်လ်ဗာဒီက ကားပါကင်မှာ သွားစောင့်နေခဲ့ပြီး "ကွင်းထဲမှာ မင်းပြောခဲ့တဲ့ ငါ့သားအကြောင်း ပြန်ပြောစမ်း" လို့ မေးမြန်းကာ ထိုးကြိတ်ခဲ့ပြီး ဘယ်နာက ပြန်ထိုးခဲ့ပေမယ့်လည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်တယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာ ဒီဖြစ်ရပ်ကို စပိန်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပြီလို့သိရပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းကို The Athletic သတင်းဌာနက ဆက်သွယ်မှုတွေလုပ်ခဲ့ပေမယ့် မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပြီး ဘယ်နာရဲ့ အေးဂျင့်ကတော့ ဒီအဖြစ်အပျက်ကို သူမသိခဲ့ဘူးလို့သာ ဖြေကြားခဲ့တယ်လို့လည်း ဆိုပါတယ်။ 

ဒါပေမယ့်လည်း ဗီလာရီးရဲလ်အသင်းရဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ Xisco Nadal ကတော့ ဗယ်လ်ဗာဒီကို "သူရဲဘောကြောင်တဲ့ကောင်" လို့ တွစ်တာမှာ ရေးသားခဲ့ပြီး ပြန်လည်ဖျက်သွားခဲ့ပါတယ်။ နောက်ဆက်တွဲအရေးယူမှုတွေရှိလာနိုင်ပြီး ဗယ်လ်ဗာဒီဘက်ကလည်း ဒီကိစ္စနဲ့ပတ်သက်ကာ တစုံတရာပြောဆိုထားတာမျိုး မရှိသေးပါဘူး။


Share

Loading Next Article...
က္က