ရော်နယ်ဒိုရဲ့ သားဖြစ်သူ ခရစ္စတီယာနိုဂျူနီယာတစ်ယောက် လေ့ကျင့်ရေးကွင်းမှာ ဖရီးကစ် ကန်သွင်းနေပုံကို မြင်တွေ့ခဲ့ရတဲ့နောက် ဒီကောင်လေးက ဖခင်ဖြစ်သူရဲ့ခြေရာကို နင်းတော့မယ်လို့ သတင်းမီဒီယာတွေက သုံးသပ်နေပါဝယ်။
ခရစ္စတီယာနိုဂျူနီယာဟာ သူ့အဖေဖြစ်သူ ရော်နယ်ဒို ပြောင်းလေရာ အသင်းတိုင်းကို လိုက်ပါပြောင်းရွှေ့ ကစားလေ့ရှိတဲ့ ကစားသမားလည်းဖြစ်ပါတယ်။ ဒါ့အပြင် သူ့အဖေ အနားမယူခင်မှာ တစ်သင်းတည်း တွဲဖက်ကစားဖို့ ရည်ရွယ်ထားသူလည်း ဖြစ်ပါတယ်။
အခု နောက်ဆုံးထွက်ပေါ်လာတဲ့ ဗီဒီယိုတွေအရ ခရစ္စတီယာနိုဂျူနီယာဟာ လေ့ကျင့်ရေးကွင်းမှာ ဖရီးကစ် ကန်သွင်းမှုကို လေ့ကျင့်နေခဲ့တာပါ။ ဒီလိုမျိုး လေ့ကျင့်တဲ့နေရာမှာ ဂျူနီယာက သူ့ရဲ့ ရှေ့မှာ ကာရံထားတဲ့ အရုပ်တွေကို ရှောင်ကွင်းပြီး ဂိုးသမားရှိနေတဲ့ ထောင့်ကျဉ်းထဲကို ကန်သွင်းခဲ့တာပါ။
အဲ့ဒါကြောင့်လည်း ပရိသတ်တွေက ခရစ္စတီယာနို ဂျူနီယာတစ်ယောက် ရော်နယ်ဒိုရဲ့ ခြေရာအတိုင်း လိုက်နင်းဖို့ အဆင်သင့်ဖြစ်နေပြီလို့ ယူဆနေကြပါတယ်။ ရော်နယ်ဒိုဟာ သူ့သားဖြစ်သူရဲ့ ဆန္ဒကို ဦးစားပေးသွားမယ်လို့ ဖွင့်ဟပြောကြားထားပြီး ဂျူနီယာရဲ့ အနာဂတ်ကတော့ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
ခရစ္စတီယာနိုဂျူနီယာ ရဲ့ ဂိုးကန်သွင်းချက်တွေကလည်း တကယ်ကို ကောင်းမွန်ခဲ့ပြီး အနာဂတ်မှာ ရော်နယ်ဒိုနဲ့ပတ်သက်လို့ သူ့သားဖြစ်သူက ရော်နယ်ဒိုရဲ့ခြေရာကို တစ်ထပ်တည်းနင်းနိုင်လိမ့်မယ်လို့ ပရိသတ်တွေက ယူဆထားပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ (၂၀၂၃) ခုနှစ်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်းတင်ထားခဲ့ပါတယ်။